အိပ်ပျော်နေတုန်းဘီလူးစီးခြင်း (Sleep paralysis ) ဘာကြောင့်ဖြစ်ရတာလဲ?

ဒီတစ်ခါကတော့ ကျန်းမာရေး နဲ့ပတ်သက်တဲ့ သိထားသင့်တဲ့ရောဂါအကြောင်းတွေ ဖော်ပြပေးချင်ပါတယ်။ ဒီတော့ အိပ်ပျော်နေတုန်း ဘီလူးစီးတာ ခံဖူးကြပါသလား၊သင်ဟာ အိပ်ပျော်နေစဉ် ဟောက် တတ်သူဖြစ်ပါသလား။ အိပ်ပျော်နေရင်းနဲ့ အသက်ရှူရုတ်တရက်ရပ်ပြီး ဆတ်ကနဲထထိုင်လိုက်တာမျိုးတွေ ဖြစ်ဖူးပါသလား။

ဒါဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်မှာ OSA လို့ခေါ်တဲ့ အိပ်ပျော်နေတုန်း အသက်ရှူရပ်တတ်တဲ့ ရောဂါရှိနေနိုင်ပါပြီ။

OSA ရောဂါ ဆိုတာ ဘာလဲ

OSA ရောဂါဆိုတာက အိပ်ပျော်နေတုန်း ရုတ်တရက်အသက်ရှူရပ်သွားခြင်းဖြစ်ပါ တယ်။ အိပ်နေတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းကနေ ရုတ်တရက် အသက်ရှူပိတ်သွားတာမျိုး၊တနည်း အားဖြင့် အသက်ရှူရပ်သွားတာမျိုးပါ။ လူ့ခန္ဓာကိုယ်မှာ ပုံမှန်အားဖြင့် အဆုတ်က အောက်ဆီဂျင်လုံလောက် စွာရရှိပြီး သွေးကြောကနေတဆင့် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ ကျောက် ကပ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးရတာဖြစ်ပါတယ်။

ဒါပေမယ့်အကြောင်းတစ် ခုခုကြောင့် ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်မဝင်ပဲ အောက်ဆီဂျင်မလုံလောက်တဲ့အခါမျိုးမှာ လူဟာအိပ်ပျော် နေတဲ့ အချိန်ဖြစ်တာကြောင့် မသိလိုက်ပေမယ့် လွယ်လွယ်ပြောရရင် ဦးနှောက်က အောက်ဆီဂျင် ကျနေမှန်း သိလိုက်တဲ့အခါမျိုးမှာ ချက်ချင်းဆိုသလို ဝုန်းကနဲပြန်နှိုးလိုက်ပါတယ်။

အဲဒီလိုအချိန်မှာပဲ လူကဆတ်ကနဲဖြစ် ပြီးလန့်နိုးတာမျိုးတွေ၊ နိုးသလိုလို မနိုးသလိုလိုဖြစ်ပြီး လှုပ်ရှားလို့မရတာမျိုးတွေနဲ့ ၊ ဆတ်ကနဲနိုးသွားပြီးထ ထိုင်လိုက်ရတာမျိုးတွေ ဖြစ်တာကို OSA လို့ခေါ်ကြောင်း သက်ဆိုင်ရာပညာရပ်ဆိုင်ရာ အထူးကုဆရာဝန် ကြီးတွေက ရှင်းပြထားပါတယ်။နောက်ပြီး OSA က လူတစ်ယောက်ကို အိပ်ရေးပျက်စေတဲ့အတွက် အဲ့လို ခဏခဏဖြစ်ခြင်းကလည်း လူတစ်ယောက်ကို လုံလောက်တဲ့ အိပ်စက်ခြင်းမျိုးကို မရရှိစေတဲ့အတွက် Sleep paralysis လို့ခေါ်တဲ့ အိပ်နေတုန်း လှုပ်မရတာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။

ဒီတစ်ခါကတော့ ကျန်းမာရေး နဲ့ပတ်သက်တဲ့ သိထားသင့်တဲ့ရောဂါအကြောင်းတွေ ဖော်ပြပေးချင်ပါတယ်။ ဒီတော့ အိပ်ပျော်နေတုန်း ဘီလူးစီးတာ ခံဖူးကြပါသလား၊သင်ဟာ အိပ်ပျော်နေစဉ် ဟောက် တတ်သူဖြစ်ပါသလား။ အိပ်ပျော်နေရင်းနဲ့ အသက်ရှူရုတ်တရက်ရပ်ပြီး ဆတ်ကနဲထထိုင်လိုက်တာမျိုးတွေ ဖြစ်ဖူးပါသလား။ဒါဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

OSA ရောဂါက ဘယ်လိုလူတွေများအများဆုံးဖြစ်တတ်လဲ

အဓိကအသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်နေတဲ့လူများ. ဥပမာအားဖြင့် လည်ပင်းမှာရှိတဲ့ ကြွက်သားများ က ဝလာပြီး အဆီစုလာတဲ့အခါ ပိုကျဉ်းလာတယ်ဆိုရင် စက္ကန့်ပိုင်းလောက် ပိတ်သွားတတတ်တဲ့လူမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဆီတွေပိတ်နေတဲ့အခါမျိုးမှာ အသက်ရှူလမ်းကြောင်းကြွက်သွားတွေက ကောင်းစွာအလုပ် မလုပ်နိုင်တော့ပါဘူး။အဲဒီလိုအဆီတွေပိတ်တဲ့အခါ ကြွက်သားတွေပျော့နေတဲ့အခါမျိုးမှာ ဖြစ်တတ်ပြီးတော့ အရက်၊ ဘီယာနဲ့ ဆေးလိပ်သောက်တဲ့လူတွေမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတယ်လို့ သိရပါတယ်။ အချို့သော သူတွေမှာတော့ အကြောင်းအရင်းမရှိပဲနဲ့လည်း ဖြစ်တာမျိုးတွေတွေ့ရတတ်တယ်လို့ ဆိုပါတယ်။

OSA ရဲ့ရောဂါလက္ခဏာများ

အိပ်နေတဲ့အချိန် အလွန်အမင်းဟောက်ခြင်း၊ အိပ်နေတဲ့အချိန်မှာ အသပ်ရှူခဏရပ်သွားခြင်း၊ အသက်ရှူရပ် သွားတဲ့အတွက်ကြောင့် အိပ်နေတုန်းတန်းလန်း ရုတ်တရက် ထထိုင်ရခြင်း၊ဘီလူးစီးသကဲ့သို့ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ထမရဖြစ်ခြင်း၊ ညဖက်မှာ ကောင်းကောင်းမွန်မွန် အိပ်စက်ရပါသော်လည်း မနက်ရောက်တဲ့အခါမှာ မလန်းမဆန်း မလှုပ်ချင်မကိုင်ချင်ဖြစ်တတ်ခြင်း၊ အာရုံ စူးစိုက်လို့ မရခြင်း၊ ညဖက်အိပ်ပါရဲ့သားနဲ့ နေ့ခင်း နေ့လည်မှာ သာမန်ထက်ပိုပြီး OSAရဲ့ နောက်ဆက်တွဲဆိုးကျိူးများအိပ်ငိုက်ခြင်း စတာတွေပဲဖြစ်ပါတယ်။

OSAအတွက်ဆောင်ရန်ရှောင်ရန်များ

OSA ရော ဂါရှိသူတွေအနေနဲ့ အဓိကလိုက်နာဖို့အချက်တွေလည်းရှိပါတယ်။ အဲဒါကတော့ ပက်လက်အိပ်စက်ခြင်းကိုရှောင် ရှားရမှာဖြစ်ပါတယ်ခေါင်းအုံးအမြင့်များအုံးအိပ်ခြင်း မှလည်းရှောင်ကြဉ်ရန်လိုအပ်ပါတယ်။ဘေးတစ်စောင်းအိပ် စက်တဲ့ အကျင့်ရအောင်ပြင်ယူရမှာဖြစ်ပါတယ်။

ခေါင်းအုံးမြင့်တဲ့အခါမှာလည်း အသက်ရှူလမ်းကြောင်း ကြွက် သားတွေပိတ်သွားတတ်တဲ့အတွက် အထူးသတိပြုဖို့လိုအပ်တာပဲ ဖြစ်ပါတယ်။ရောဂါကို သက်သာစေဖို့ဆိုရင် တော့ အစားအသောက်အနေအထိုင်ဆင်ခြင်မှု အပိုင်းကလည်း အထူးအရေးပါလှပါတယ်။ဒီရောဂါဟာ ဝတဲ့ သူများနဲ့ ဆီးချို၊ သွေးတိုးရှိတဲ့လူတွေမှာ အဖြစ်များတာဖြစ်တာကြောင့် အစားအသောက်ထဲမှာ အဆီများခြင်း၊ အချိုများခြင်းကို ရှောင်ရှားရန်လိုအပ်ပြီး အငန်များများစားလို့လည်း လုံးဝမရပါဘူး။ဟင်းသီးဟင်းရွက်များများ စားခြင်း၊ အသီးအနှံများများစားခြင်းနဲ့ ရေများများသောက်ပေးဖို့လည်းလိုအပ်ပါတယ်။အထူးသဖြင့်ကတော့ ဆေးလိပ်နဲ့ အရက်ကိုဖြတ်ရမှာဖြစ်ပြီး မဖြတ်နိုင်သူများကလည်း လျော့သောက်ဖို့အကြံပြုလိုပါတယ်။

ကိုယ် လက်လှုပ်ရှားမှုနဲ့ ကိုယ်အလေးချိန်လျော့ချမှုကလည်း ဒီရောဂါကို အထူးသက်သာစေနိုင်တဲ့အတွက် တစ်နေ့ကို မလုပ်နိုင်ဘူးဆိုလျှင်တောင် ဆယ့်ငါးမိနစ်မှ နာရီဝက် စက်အလွတ်လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း များလုပ်ဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။ကုသလို့ရတာဖြစ်တာကြောင့် ကိုယ့်မှာ ဒီရောဂါဖြစ် နေသလား၊ ကိုယ်ဟာအိပ်နေရင်း ဟောက်တတ်သလား၊ ဘီလူးခဏခဏအစီးခံနေရ သလား ဆိုတာမျိုးတွေနဲ့ တိုင်းတာပြီး စောစောသိ၊ စောစောကု၊ စောစောလိုက်နာပြီး သက်ရှည်ကျန်းမာတဲ့ ဘဝပိုင်ဆိုင်နိုင်ပါကြောင်း အသိပညာပေးရေးသားပေးလိုက်ရပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။