သင့်ရဲ့ဖုန်းကို နှစ်ကြာရှည်စွာ အသုံးခံအောင်လိုက်နာသင့်တဲ့အချက်များ

ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တစ်ရက်ကို ပြောပါဆိုရင် သင့်ရဲ့အသစ်စက်စက် စမတ်ဖုန်းကို စသုံးတဲ့ ပထမဆုံးရက်လည်း တစ်ရက်အပါအဝင်ဖြစ်ပါလိမ့်မယ်။ အသစ်စက်စက် ဖုန်းကို သုံးလိုက်ရတဲ့ ဖီလင်ကို သင် အခုအချိန်ထိ မှတ်မိ ကောင်း မှတ်မိပါလိမ့်မယ်။

လူတိုင်းကတော့ ကိုယ့်ကိုယ်ပိုင်ဖုန်းကို အချိန်အကြာကြီး အသုံးခံစေချင် ကြသူတွေ ချည်းပါပဲ။ ဒါပေမဲ့လည်း အမှုမဲ့အမှတ်မဲ့နဲ့ ပြုလုပ်လိုက်မိတဲ့ အမူအကျင့်တွေက သင့်ရဲ့ စမတ်ဖုန်းကို ပျက်စီးသွားစေပါတယ်။ ဥပမာ စမတ်ဖုန်းကို စားပွဲပေါ် (သို့) တစ်နေရာရာ ပေါ်သို့ ပစ်တင်လိုက်တာမျိုး၊ ရေစိုလက်နဲ့ ကိုင်မိလိုက်တာမျိုးတွေက သင့်ရဲ့ဖုန်းကို တဖြည်းဖြည်း ပျက်စီးယိုယွင်းလာစေပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့စမတ်ဖုန်းကို နှစ်ကြာရှည်စွာ အသုံးခံအောင် ဘယ်လိုထိန်းသိမ်း သင့်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

လူတိုင်းကတော့ ကိုယ့်ကိုယ်ပိုင်ဖုန်းကို အချိန်အကြာကြီး အသုံးခံစေချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့လည်း အမှှမဲ့အမှတ်မဲ့နဲ့ ပြုလုပ်လိုက်မိတဲ့ အမူအကျင့်တွေက သင့်ရဲ့စမတ်ဖုန်းကို ပျက်စီးသွားစေပါတယ်။

ဖုန်းအားသွင်းပေါက်ကို သွားကြားထိုးတံဖြင့် သန့်ရှင်းရေး လုပ်ပါ။

အားသွင်းပေါက်ထဲမှာ ဖုန်တွေ ကပ်ငြိနေတတ်တာကြောင့် သွားကြားထိုးတံဖြင့် ရံဖန်ရံခါ သန့်ရှင်းရေး ပြုလုပ်ပေးပါက သင့်ရဲ့ဖုန်းက သန့်ရှင်းတောက်ပြောင်နေမှာပဲဖြစ်ပါတယ်။

ကားပေါ်မှာ ဖုန်းတင်ထားတဲ့အခါလျှောမကျအောင် ကူညီပေးတဲ့ အောက်ခံပြားတွေက သင့်ဖုန်းကို ကားဘောင်ပေါ်ကနေ လျှောမကျဖို့အတွက် ရာနှုန်းပြည့်အာမ မခံပါဘူး။ ကားမောင်းတဲ့အခါ သင် အရှိန်တင်လိုက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ဘရိတ် ဆောင့်နင်း လိုက်တဲ့အချိန်ပဲဖြစ်ဖြစ် အောက်ကို ပြုတ်ကျလာပြီး သင့်ဖုန်း ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဖုန်းကို မြဲစေမယ့် Phone Holder လေးတစ်ခု ကားပေါ်မှာ တပ်ထား ပေးလိုက်ပါ။

အာမခံကတ်ပြားကို အကျိုးရှိရှိ အသုံးချပါ

သင့်ရဲ့ဖုန်းက အတွင်းဒဏ်ရာ ရတာပဲဖြစ်ဖြစ်၊ အပြင်ဒဏ်ရာ ရတာပဲဖြစ်ဖြစ် အာမခံကတ်ပြားအသုံးပြုပြီး မိမိဝယ်ခဲ့တဲ့ဆိုင်မှာပဲ ဝန်ဆောင်မှုရယူသင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းက အကုန်အကျများခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

မလိုအပ်ပါက Bluetooth ကို ပိတ်ထားပါ

Bluetooth က အသုံးဝင်တဲ့အရာတစ်ခုဖြစ်ပေမယ့် အန္တရာယ်များတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ Bluetooth ကို တစ်ချိန်လုံး ဖွင့်ထားပြီး အော်တိုဒေါင်းလုတ်ခ်ကိုပါ မတော်တဆဖွင့်ထားမိမယ်ဆိုရင် အန္တရာယ်များတဲ့ဆော့ဖ်ဝဲများ မိမိဖုန်းထဲ ဝင်ရောက်လာနိုင်ပါတယ်။

ဆော့ဖ်ဝဲကို မကြာခဏ Update တင်ပေးပါ

ထိုကဲ့သို့ Update တင်ခြင်းအားဖြင့် သင် ဖုန်းသုံးတဲ့အခါ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ အထစ်အငေါ့တွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အများပြည်သူသုံး အားသွင်းကြိုးတွေကို အသုံးမပြုပါနဲ့

သင့်ဖုန်းထဲက ဒေတာအားလုံးကို လုံခြုံစိတ်ချစေချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှ မိမိကိုယ်ပိုင်ပစ္စည်းတွေကိုသာ အသုံးပြုပါ။

အားကစား ပြုလုပ်တဲ့အခါ လက်မောင်းမှာ ပတ်ထားခြင်းမျိုး ရှောင်ကြဉ်ပါ

အပူချိန်၊ ရေနဲ့ ဆားဓာတ်က သင့်ရဲ့စမတ်ဖုန်းကို ပျက်စီးစေတဲ့ အဓိကတရားခံ သုံးမျိုးပဲဖြစ်ပါတယ်။ လက်မောင်းမှာ ပတ်ထားတဲ့အခါ သင့်ဖုန်းက လေမရတော့ဘဲ အပူချိန်လွန်ကဲလာမယ်။ သင့်ဖုန်း ရေထဲ ပြုတ်ကျတဲ့အခါ ပျက်စီးသွားသလိုမျိုးပဲ သင့်ချွေးကထွက်တဲ့ ဆားဓာတ်ကလည်း ဖုန်းကို ပျက်စီးသွားစေပါတယ်။ ယနေ့ခေတ်မှာ စမတ်နာရီတွေ ခေတ်စားလာပြီဆိုတော့ အားကစားလုပ်တဲ့အခါ ဖုန်းကို မေ့ထားပြီး စမတ်နာရီနဲ့ ဖက်ရှင်ကျလိုက်ပါ။

 

သင့်ရဲ့ဖုန်းကို ဘောင်းဘီရဲ့အနောက်အိတ်ကပ်ထဲ မထည့်ပါနဲ့

တကယ်လို့ ဘောင်းဘီအနောက်အိတ်ကပ်ထဲ ထည့်ထားတာကို မေ့ပြီး ထိုင်ချလိုက်တဲ့အခါ သင့်ဖုန်းမှန် ကွဲသွားတတ်တာကြောင့်ဖြစ်ပါတယ်။Mitelar ဆောင်းပါးဖတ်သူငယ်ချင်းများ အတွက် ကိုယ့်ဖုန်းကိုလည်း အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေ အသုံးပြုပြီး စနစ်တကျကိုင်တွယ်ကြပါလို့ အကြံပေးလိုက်ပါရစေ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။