မြန်မာ့ ရိုးရာမုန့် မုန့်ဦးနှောက် အလွယ်လုပ်နည်း

မုန့်ဦးနှောက်ကိုနေရာဒေသအလိုက်ပြုလုပ်နည်းရောပုံစံပါကွဲပြားစွာတွေ့ရှိရမှာဖြစ်ပါတယ်။မန္တလေးဘက်မှာ တော့မုန့်ဦးနှောက်ကိုအခုလိုဆီချက်နဲ့ခပ်နုနုစိမ့်စိမ့်လေးသုံးဆောင်ကြပါတယ်။ရန်ကုန်ဘက်ကမုန့်ဦးနှောက် ကိုတော့အုန်းဆီချက်ပြီးအချိုသုံးဆောင်ကြလို့အနံ့ရောအရသာပါမတူကွဲပြားလို့နေပါတယ်။အညာကမုန့်ဦးနှောက်ကအမှန်တကယ်ဦးနှောက်စားရသလိုဘဲနူးညံ့ပြီးစိမ့်စိမ့်လေးမို့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပါ။ အဝေးရောက်ချစ်မိတ်ဆွေများအတွက်မုန့်ဦးနှောက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

********

ဆန်မှုန့် (ဆန်ချော) – ၄၈၀ ဂရမ်

အညာကမုန့်ဦးနှောက်ကအမှန်တကယ်ဦးနှောက်စားရသလိုဘဲနူးညံ့ပြီးစိမ့်စိမ့်လေးမို့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပါ။ အဝေးရောက်ချစ်မိတ်ဆွေများအတွက်မုန့်ဦးနှောက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။

ရေ – ၂လီတာ

ထုံးရည်ကြည် – ၁လီတာ

ဆား – တစ်ဇွန်း လ္ဘက်ဇွန်း

ငှက်ပျောဖက် – ပေါင်းရန်

တွဲဖက်စားရန်

**********

ကြက်သွန်နီကြော်/ဆီ

မြေပဲထောင်း

ဆားမီးဖုတ်/ဆားလှော်

ပြင်ဆင်ပြုလုပ်ပုံ

************

1.ဦးစွာပထမထုံးရည်ကြည်ပြုလုပ်ထားဖို့လိုပါတယ်။ရေတလီတာထုံးလ္ဘက်ဇွန်းတဇွန်းနှုန်းဖြင့်ဖျော်ပြီးအနည်ထိုင်ကာထုံးရည်ကြည်အသင့်ပြုလုပ်ထားပါ။(ထုံးကိုကွမ်းယာဆိုင်နှင့်ဈေးဆိုင်များတွင်ဝယ်ယူနိုင်ပါတယ်။)

2.ဆန်မှုန့်ကိုရေနှစ်လီတာဖြင့်ဆားထည့်ပြီးဖျော်ထားပါ။

3.အားလုံးအသင့်ဖြစ်ပါကရေဖျော်ထားသောဆန်မှုန့်ကိုမီးဖိုပေါ်တင်ပြီးအဆက်မပျက်မွေပေးပါ။

4.တဖြည်းဖြည်းပျစ်လာပါကထုံးရည်ကြည်ကိုတဖက်မှထည့်ပြီးမွေပေးပါ။

5.မိနစ်၃၀ခန့်ထိမွေပေးပြီးမုန့်နှစ်ရည်ကိုအနည်းငယ်ယူပြီးရေဇလုံတွင်ချကြည့်ပါ။ခဲနိုင်သောအနေ အထားရပါကမီးပိတ်ပြီးခပ်နွေးနွေးအနေအထားရအောင်ထားပါ။

6.အအေးခံထားစဉ်ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးမီးပြထားပါ။ရေနွေးပေါင်းအိုးအတင့်တည်ထား ပါ။

7.မုန့်ဦးနှောက်အနှစ်အတော်အတင့်နွေးသောအနေရပါကတဇွန်းစာဆီခပ်ပြီးငှက်ပျောဖက်တွင်ထည့်ကာသေချာ စွာထုပ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။

8.အားလုံးထုပ်ပြီးပါကရေနွေးပေါင်းအိုးတွင်မိနစ်၂၀ခန့်ပေါင်းပြီးငှက်ပျောဖက်နံ့မွေးလာပါကမီးဖိုမှချကာလုံးဝ အေးသွားသည်ထိအအေးခံထားပါ။

9.တွဲဖက်သုံးဆောင်ရန်အတွက်ကြက်သွန်ကြော်နှင့်ဆီ၊မြေပဲထောင်း၊ဆားမီးဖုတ်တို့ကိုပြင်ဆင်ထားပါ ။

10.လုံးဝအေးပြီးခဲသွားသောမုန့်ဦးနှောက်ကိုဓားဖြင့်စိတ်ပြီးအပေါ်မှကြက်သွန်ကြော်ဆီကြက်သွန်ကြော်ဆားမီးဖုတ်မြေပဲထောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ဆန်ကိုကြိတ်ပြီးပြုလုပ်လိုပါကမကြမ်းတောဆန်ကိုအသုံးပြုပါ။

ရေစိမ်ကြိတ်ပြီးပြုလုပ်သောဆန်မှုန့်ကိုအသုံးပြုပါကရေအချိုးကိုအနည်းငယ်လျော့ပေးပါ။

ဆားမီးဖုတ်ပြုလုပ်ရန်မြေအိုးဖြင့်ဆားကိုမီးကင်ထားနိုင်သလိုဒယ်အိုးဖြင့်ဆားကိုအရောင်ပြောင်းသည်ထိ လှော်ပေးနိုင်သည်။

Source :FoodParadise

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။