မိသားစုတိုင်း အရေးပေါ်အတွက် အိမ်တွင်မ ဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးများ

ညကြီးမိုးချုပ်ရုတ်တရက်ရောဂါဝေဒနာခံစားရတဲ့အချိန်အိမ်မှာလတ်တလောသောက်စရာဆေးမရှိဘူးဆိုရင် အဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်တိုင်းမှာဆောင်ထားသင့်တဲ့ အရေးပေါ်ဆေး (၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Paracetamol (ပါရာစီတမော)

ပါရာစီတမောတစ်လုံးမှာ များသောအားဖြင့် 500mg ပါဝင်ပြီး ဖျားနာတဲ့အခါ၊ ကိုယ်လက် ကိုက်ခဲတဲ့အခါမှာ သောက်ကြပါတယ်။ တစ်ရက်ကို ကြိမ်သောက်နိုင်ပါတယ်။ ကလေးဆိုရင်တော့ ပါရာစီတမောအရည်ကို တိုက်လို့ရပါတယ်။ အရည်ကတော့ 120ml နဲ့ 250ml ဆိုပြီးလာပါတယ်။

Biogesic Lensen Sara စတဲ့ ဆေးတွေက လူသိများတဲ့ ပါရာစီတမောပါဝင်တဲ့ဆေးများဖြစ်ပြီး ကြိုက်နှစ်သက်ရာတံဆိပ်ကို ဝယ်သောက်နိုင်ပါတယ်။

၂။ အနာကပ် ပလာစတာ / ဆေးဝါရည်/ ဂွမ်း/ ပါတ်တီးလိပ် /အရက်ပြန်

ထိခိုက်ဒါဏ်ရာရတဲ့အခါ၊ မတော်တဆ အနာတရဖြစ်တဲ့အခါမှာ အရေးပေါ်ကုသနိုင်အောင် ဆောင်ထားသင့်ပါတယ်။ အနာမှာပိုးမဝင်အောင် အရက်ပြန်နဲ့ သေချာဆေးကြောပြီး ပိုးသတ်ဆေးဝါရည် ထည့်သင့်ပါတယ်။ ပြီးမှလိုအပ်ရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသပါ။

၃။ ORS ( ဓါတ်ဆား)

ဓါတ်ဆားတွေဟာ နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ ဈေးကွက်ထဲမှာ ဝယ်နိုင်ပါတယ်။ တမျိုးနဲ့တမျိုး ပါတဲ့ ပျော်ဝင်ပစ္စည်းလေးတွေ အနည်းအများကွာတာလေးတွေ ရှိတာကြောင့် သီးစုံနဲ့ ရိုးရိုးအငံ ဓါတ်ဆားဆိုပြီး နှစ်မျိုးရှိပါတယ်။

ချွေးထွက်များတဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တစ်ထုတ်ကို ရေတစ်လီတာနဲ့ဖျော်ပြီး 24 နာရီအတွင်း သောက်နိုင်ပါတယ်။

ညကြီးမိုးချုပ်ရုတ်တရက်ရောဂါဝေဒနာခံစားရတဲ့အချိန်အိမ်မှာလတ်တလောသောက်စရာဆေးမရှိဘူးဆိုရင် အဆင်မပြေလှပါဘူး။ ဒါကြောင့် အရေးပေါ်အတွက် အိမ်တွင်မ ဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးများ/ အရေးပေါ်ဆေး (၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၄။ Chlophenamine  (ဘာမီတွန်အုပ်စုပါ)

ဘာမီတွန်ဆေးက အိမ်တိုင်းမှာ အမြဲဆောင်ထားသင့်ပါတယ်။ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ ယားယံခြင်း၊ Allergy ( တခုခုနှင့်မတည့်လို့ဖြစ်လာတဲ့ ဓါတ်မတည့်မှု) တွေမှာ အလွန်အသုံးဝင်ပါတယ်။

နှာစေး နှာပိတ်ခြင်းများအတွက် တစ်ညတစ်လုံး သောက်နိုင်ပါတယ်။ မသက်သာလျှင် ( တစ်ခြမ်း နှစ်ကြိမ် သို့မဟုတ် တစ်လုံးနှစ်ကြိမ် ) သောက်နိုင်ပါတယ်။

၅။ Miconazole cream (ယားနာလိမ်းဆေး)

အရေပြားယားယံတာ / ဓါတ်မတည့်တာ မျိုးတွေအတွက် လိမ်းဆေးပါ။ Skinal PG (Anti 3) စတဲ့ ဆေးတွေကို ကြိုက်ရာဝယ်ယူသုံးစွဲနိုင်ပါတယ်။

၆။ Silver cream

ရေနွေးပူလောင်တဲ့အခါ/ဆီပူလောင်ပြီးအပေါ်ယံအရေပြားထိခိုက်မိသွားတဲ့အခါ အရေးပေါ်လိမ်းလိုက်ရင် ချက်ချင်းသက်သာပါတယ်။မီးဖိုချောင်ဝင်တဲ့အိမ်ရှင်မတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လိမ်းဆေးဖြစ်ပါတယ်။

၇။ Diclofenac Gel / oilment ( အကိုက်ခဲပျောက်လိမ်းဆေး)

တစ်ခါတရံ အကြောတက် အညောင်းမိတဲ့အခါ/ကြွက်သားတွေ နာကျင်ယောင်ရမ်းတဲ့အခါ လိမ်းရတဲ့ဆေးပါ။ အပူ / အအေးဆိုပြီး လာပါတယ်။ တစ်ခုသတိထားရမှာကတော့ သွေးထွက်နေတဲ့ ဒါဏ်ရာတွေပေါ် မလိမ်းမိဖို့ပါ။ ခဏခဏ ဇာက်ကြောတက် ကိုက်ခဲတဲ့သူတွေ ဆောင်ထားသင့်ပါတယ်။

Dits Gel Voltex Cream Diclomol Gel Go gel စတဲ့ လိမ်းဆေးတွေက Diclo Gel တွေပါပဲ။

၈။ Domperidone (အအန်ပျောက်ဆေး)

ကားမူးရင်ပဲဖြစ်ဖြစ် / အစားအသောက်မှားလို့ဖြစ်ဖြစ် အန်နေတယ်ဆိုရင်တော့ ဒီဆေးကို ကြိမ်မှ ကြိမ်သောက်လို့ရပါတယ်။ Cosy 10mg Anat 10mg စတဲ့ဆေးတွေက Domperidone ပါပဲ။

၉။ Simethicone 80mg

အစာမကြေ/ ရင်ပြည့်ရင်ကယ် / လေထိုးလေအောင့် ဖြစ်တဲ့အခါ အစားစားပြီး ဝါးစားလို့ရတဲ့လေဆေးပါ။ အစာမစားဘဲလေထိုးနေရင်လည်းတစ်ရက်သုံးကြိမ်ဝါးစားလို့ရပါတယ်။တခြားအကိုက်ခဲပျောက်ဆေးတွေနဲ့လည်း အစာအိမ်မထိအောင် တွဲသောက်လို့ရပါတယ်။

Air-X Silosogen Digen Cream of meganesium Antacid plus Antacil စတဲ့ဆေးတွေက လေဆေးအုပ်စုတွေဖြစ်လို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

၁၀။ ဖြေဆေး

ဖြေဆေးကတော့ အစာမှားတာ အစာအဆိပ်သင့်တာတွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော၊ ယားယံတဲ့အခါ သုံးပါတယ်။ ဆေးမှုန့်ကို လျှက်ဆားလို လျှက်တာဖြစ်ဖြစ်/ ရေနွေးနဲ့သောက်တာ ဖြစ်ဖြစ် သုံးစွဲနိုင်ပါတယ်။ ကျားမဟာဖြေဆေး၊ အဖြေကျော် ဇာတိဝက္က စတဲ့ဆေးတွေက အသုံးများတဲ့ ဆေးအမျိုးအမည်တွေပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။