ဖြူဖွေးတောက်ပတဲ့ သွားတွေကိုပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းများ

အရောင် မှိန်နေတဲ့ သင့်ရဲ့ သွားတွေ ကို သွားဆေးခန်း အထိသွား၊ ငွေ အမြောက်အများ အကုန်ခံပြီး ဖြူဖွေးအောင် လုပ်ကြပါတယ်။ ဖြူဖွေးတောက်ပတဲ့ သွားတွေကိုပိုင်ဆိုင်နိုင်ဖို့ တောက်ပတဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့အတွက် အခြားသောသဘာဝကုထုံးတွေကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

၁။ မီးဖိုချောင်သုံး မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် သွားတိုက်ဆေး

မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ် (အစွန်းချွတ်ဆေး) တို့ တစ်မျိုးကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစီရောစပ်ပြီး ခွက်တစ်ခုထဲကိုထည့်ပါ။ ပူဒီနာအနံ့အရသာလည်း နည်းနည်းပေါင်းထည့်လို့ ရပါတယ်။ သွားတိုက်ဆေးအနည်းငယ်ထည့်မယ်ဆိုလဲရပါတယ်။ အဲဒီအရောအနှောကိုသုံးပြီး အနည်းဆုံး နှစ်မိနစ်ခန့်ကြာအောင်သွားတိုက်ပါ။ ပြီးနောက် ပါအောက်ဆိုဒ်အရသာပျောက်ဖို့အတွက် ပုံမှန်သွားတိုက်ဆေးနဲ့ သွားတိုက်ပေးပါ။

၂။ လိမ္မော်သီးအခွံ သွားတိုက်ဆေးမှုန့်

ခြောက်သွေ့နေတဲ့ လိမ္မော်သီးအခွံကိုအမှုန့်လုပ်ရင် အလွန်အသုံးဝင်တဲ့ သွားဂျီးချွတ်ဆေး ဖြစ်လာပါတယ်။ ပိုပြီးတောက်ပတဲ့သွားတွေ ပိုင်ဆိုင်နိုင်ဖို့ ဒီသဘာဝနည်းလမ်းကိုအသုံးပြုပါ။

၃။ အသီးအနှံဝါးစားပါ။

အသီးအရွက်အစိမ်းကို တစ်နေ့တစ်ကြိမ် ဝါးစားတဲ့အကျင့်လုပ်ပေးပါ။ အသီးအရွက်တွေဟာ သင့်ရဲ့သွားသန့်ရှင်းရေးအတွက် အထောက်အကူပြုပေးနိုင်ပြီး ကျန်းမာရေးနဲ့လဲ သင့်တော်တဲ့အစာအဟာရမျိုးဖြစ်ပါတယ်။ ကြံ၊ ပန်းသီး၊ မုန်လာဥ၊ မုန်ညင်းရွက်နဲ့ အခြား တကျွတ်ကျွတ်မြည်အောင်ဝါးရတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွေးလည်ပါတ်မှု ကောင်းစေပြီး သွားဖုံးကိုနှိပ်နယ်ပေးသလို အကျိုးသက်ရောက်မှုမျိုး ရှိစေပါတယ်။

အရောင် မှိန်နေတဲ့ သင့်ရဲ့ သွားတွေ ကို သွားဆေးခန်း အထိသွား၊ ငွေ အမြောက်အများ အကုန်ခံပြီး ဖြူဖွေးအောင် လုပ်ကြပါတယ်။ တောက်ပတဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့အတွက် အခြားသောသဘာဝကုထုံးတွေကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

၄။ ဆားနဲ့ပွတ်တိုက်မှု

သွားတိုက်တံမှာ ဆားနည်းနည်းထည့်ပြီး သွားတိုက်ခြင်းဟာလဲ သင့်ရဲ့သွားတွေ ဖြူဖွေးတောက်ပလာဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုပါ။ ဆားတွေကို မျိုမချမိအောင်တော့ ဂရုစိုက်ပါ။ဈေးဆိုင်တွေမှာ ဆားရောထားတဲ့ သွားတိုက်ဆေးတွေကို ဝယ်ယူသုံးစွဲနိုင်ပေမယ့် ဆားကြမ်း ဒါမှမဟုတ် စားပွဲတင်ဆားနဲ့ တိုက်ရိုက်သုံးတာလောက်တော့ မကောင်းနိုင်ပါဘူး။

၅။ နနွင်းသံပုရာဆား အရောအနှော

အဝါရောင်သမ်းနေတဲ့ သွားတွေအတွက် နနွင်းမှုန့်၊ ဆားနဲ့ သံပုရာရည်တို့ကိုရောပြီး သွားတိုက်လို့ရပါတယ်။ ဒီနည်းကို နှစ်ပါတ်ခန့် မှန်မှန်ပြုလုပ်ပြီး သဘာဝနည်းလမ်းသုံးပြီး သွားတွေကို သဘာဝအတိုင်း တောက်ပနေစေပါလိမ့်မယ်။

၆။ လေးညှင်းအမှုန့်နဲ့ သကြားခဲ

ဒီအရောအနှောကို နေ့စဉ်သုံးပေးလိုက်ရင် ဖြူစင်ဝင်းပပြီး ကျန်းမာတဲ့သွားတွေပိုင်ဆိုင်နိုင်ဖို့အတွက် အာမခံနိုင်ပါတယ်။လေးညှင်းအမှုန့်နဲ့ သကြားခဲဟာ အဝါရောင်သမ်းနေတဲ့ သွားတွေအတွက် ထိရောက်တဲ့အိမ်တွင်း ကုထုံးဖြစ်ပါတယ်။ လေးညှင်းဆီကို နှစ်အတော်ကြာအောင် သွားကျန်းမာရေး နယ်ပယ်မှာ အသုံးပြုခဲ့ကြပါတယ်။

၇။ ခဲစက္ကူကို အသုံးပြုမယ်

သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကိုရောစပ်ပါ။ ပြီးတော့ ခဲစက္ကူတစ်ခုထဲကို ထည့်ပါ။ ပြီးတော့ သင့်ရဲ့သွားတွေကို အဲဒီခဲစက္ကူနဲ့ဖုံးအုပ်ပါ။ အချိန်တန်ရင် စက္ကူကိုဖယ်ပြီး သင့်ရဲ့သွားတွေကို တိုက်နေကျပုံစံအတိုင်းပြန်တိုက်ပါ။ ရက်အတန်ကြာတဲ့အထိ သင့်သွားတွေဖြူဖွေးပြီး ကျန်းမာနေပါလိမ့်မယ်။

၈။ ပူတဲ့ သောက်စရာတွေ (ကော်ဖီ၊ လက်ဖက်ရည်) နဲ့ ဆေးလိပ်ကိုရှောင်ပါ။

သွားတွေပိုစွန်းထင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အများဆုံးတွေ့ရတဲ့ အကြောင်းကတော့ ကော်ဖီနဲ့ လက်ဖက်ရည်သောက်သုံးမှုပါပဲ။ သင်ဟာ ကဖင်းဓာတ် စွဲလမ်းနေသူတစ်ယောက် ဆိုရင်တော့ ဒီနေ့ဈေးကွက်ထဲမှာ ကဖင်းဓာတ်ပါဝင်တဲ့ အခြားသောက်သုံးစရာတွေ ရှိပါတယ်။ ဆေးလိပ်သောက်တာဟာလည်း သင့်ရဲ့သွားတွေကို တဖြည်းဖြည်းချင်း စွန်းထင်းစေပါတယ်။

၉။ သွားတိုက်ရာမှာဆောင်ရန်ရှောင်ရန်အချက်တွေ

နေ့တိုင်းသွားတိုက်ပါ။ ၁၂ နာရီခြားပြီးတစ်ခါ (သို့) အစာစားပြီးတိုင်း တိုက်ပါ။ သွားတိုက်တံပေါ်က အမွှေးအမျှင်တွေ ပျက်စီးနေတာမျိုး မဖြစ်စေဖို့အတွက် သွားတိုက်တံကိုပုံမှန်လဲလှယ်ပေးပါ။ သွားဖုံးအတွင်းပိုင်းတွေအထိ ထိထိရောက်ရောက်တိုက်နိုင်ဖို့ နှစ်မိနစ် ဒါမှမဟုတ် သုံးမိနစ်ခန့် အချိန်ယူပြီးသွားတိုက်ပါ။ သွားတိုက်တာဟာ အလွန်အရေးကြီးတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။