နိုင်ငံအသီးသီးမှ အကောင်းဆုံး အလုပ်ဝက်ဘ်ဆိုက် (၅) မျိုး

အင်တာနက်ပေါ်မှာ အလုပ်နဲ့ ဆိုင်တဲ့ ဝက်ဘ်ဆိုက်ပေါင်း ထောင်သောင်းချီပြီး ရှိပါတယ်။ ဒီထဲကမှ အကောင်းဆုံး အလုပ်အကိုင်များကို ပုံမှန် Update တင်ပေးနေတဲ့ ကမ္ဘာ အရပ်ရပ်က အကောင်းဆုံးနဲ့ သုံးရအလွယ်ဆုံး အလုပ် ဝက်ဘ်ဆိုက် (၅) မျိုးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

(၁) Indeed.com

ဒီဝက်ဘ်ဆိုက်လေးဟာ ကုမ္ပဏီဝက်ဘ်ဆိုက်တွေက ခေါ်ထားတဲ့ အလုပ်အကိုင်တွေ ၊ သတင်းစာတွေ ၊ အဖွဲ့အစည်းတွေနဲ့ တစ်ခြား အွန်လိုင်း ပေါ်မှာ တင်ထားတဲ့ အလုပ်အကိုင် တွေစတဲ့ အလုပ်ခေါ်နေတဲ့ နေရာထောင်ပေါင်းများစွာဆီက အလုပ်အကိုင် သန်းပေါင်း များစွာကို တင်ပေးနေတဲ့ ဝက်ဘ်ဆိုက်ပါ။ကမ္ဘာမှာ အကြီးဆုံး အလုပ်ဝက်ဘ်ဆိုက်ထဲက တစ်ခုဖြစ်လို့ အလုပ်ရှာရာမှာ စိတ်ကြိုက် လစာ ၊ အလုပ်အကိုင်အမျိုးအစား စသည်ဖြင့် စုံစုံလင်လင် ရှာနိုင်ပါတယ်။

အင်တာနက်ပေါ်မှာ အလုပ်နဲ့ ဆိုင်တဲ့ ဝက်ဘ်ဆိုက်ပေါင်း ထောင်သောင်းချီပြီး ရှိပါတယ်။ ဒီထဲကမှ အကောင်းဆုံး အလုပ်အကိုင်များကို ပုံမှန် Update တင်ပေးနေတဲ့ ကမ္ဘာအရပ်ရပ်က အကောင်းဆုံးနဲ့ သုံးရအလွယ်ဆုံး အလုပ် ဝက်ဘ်ဆိုက် (၅) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၂) CareerBuilder.com

CareerBuilder.com မှာ အလုပ်ရှာသူတွေအတွက် လိုအပ်တဲ့ Resources တွေ ၊ အလုပ် အကြံပေးခြင်း ၊ Resume တင်ပေးခြင်း များပါ လုပ်ပေးတဲ့ အလုပ်ခေါ် ဝက်ဘ်ဆိုက်ကြီး ဖြစ်ပါတယ်။ ဒီဆိုက်မှာ အလုပ်ရှင်တွေဘက်က အလုပ်အကိုင်တွေကို တိုက်ရိုက်တင်ပေး ထားသလို တစ်ခြား သတင်းစာတွေနဲ့ လည်း ချိတ်ထားတာ ဖြစ်လို့ ဒေသတွင်း အလုပ် အကိုင်တွေပါ သူ့နေရာလိုက်သူ ရှာနိုင်ပါတယ်။

(၃) Glassdoor.com

ဒီဆိုက်ကလေးရဲ့ ထူးခြားချက်က ပင်ကိုယ်စွမ်းရည်ကောင်းတဲ့ သူတွေကို ရှာပေးနိုင်တဲ့ ဆိုက်လေးဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုက်မှာ အင်တာဗျူးမှာ မေးတတ်တဲ့ မေးခွန်းတွေအကြောင်းအပြင် ဆိုင်ရာ သတင်းဆောင်းပါးများလည်း ထည့်သွင်းထားပါတယ။နောက်ဆုံးပေါ် အလုပ်အကိုင်စာရင်းတွေလည်း ဒီဆိုက်မှာ မြင်ရမှာ ဖြစ်ပါတယ်။

(၄) Idealist.com

Full-Time ပဲ လုပ်ချင်လုပ်ချင် Intern နဲ့ NGO တွေမှာ စေတနာ့ဝန်ထမ်းဖြစ်စေ လုပ်မယ်ဆိုရင် ဒီဆိုက်ကလေးကို ညွှန်းပါတယ်။ အလုပ်နယ်ပယ်မျိုးစုံက အလုပ်အကိုင် အခွင့်အလမ်းတွေကို ဒီမှာ စုစည်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားရာကို လျှောက်ထားနိုင်ပါတယ်။

(၅) LinkedIn.com

ကမ္ဘာအရပ်ရပ်က ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ် ပရိုကျတဲ့ ပုဂ္ဂိုလ်တွေကို ဒီမှာ ရှာနိုင်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင် ပရိုဖိုင်တွေ တင်ထားပြီး အချင်းချင်း နယ်ပယ်အလိုက် ကျွမ်းကျင်သူများနဲ့ အဆက်အသွယ်ရနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။