တစ်စုံတစ်‌ယောက်က သင့်အကြောင်းတွေးနေတာကို ဖော်ပြလေ့ရှိတဲ့ နမိတ်များ

တစ်စုံ တစ်ယောက်ကသင့်အကြောင်း တွေးနေတာကို သိနိုင်မယ်လို့ထင်လား? သိရော သိချင်လား? ခုပြောပြမယ့် အချက်တွေက သင့်အကြောင်းကို တစ်ယောက်ယောက်ကတွးနေတဲ့အခါ သင့်မှာ ခံစားနေရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။သင့်အကြောင်းတွေးတယ် ဆိုတာဟာသင့်ကို ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ တွေးနေနိုင်ပါတယ်။ သင့်အကြောင်းတွေးနေတာကို ဖော်ပြလေ့ရှိတဲ့ နမိတ်များ နဲ့ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲဆိုတာကြည့်လိုက် ရအောင်..

နှာချေခြင်း

ဒီယုံကြည်မှု ကတော့ အာရှနိုင်ငံတွေ မှာအမြစ်တွယ်နေတဲ့ ယုံကြည် မှုလေးပါ။ တစ်စုံတစ်ဦးက သင့်အကြောင်းတွေးနေတဲ့အခါ သင့်နှာခေါင်းဟာယားယံစပြုလာပြီး မကြာခင်ထပ်ခါထပ်ခါနှာချေမှု ကိုဖြစ်စေလိမ့်မယ်။ ဒါကနေမကောင်းတဲ့ အချိန် အတွက်တော့အကျုံးမဝင်ပါဘူး။ အအေးပတ် တာလည်း မရှိ နှာခေါင်းယားယံလောက်အောင် ရှုရှိုက် စရာလည်း မရှိပဲ အသားလွတ်ကြီး နှာတွေထချနေရင်တော့ တစ်စုံတစ်ဦးရဲ့ အတွေးဗဟိုမှာ သင်ရောက်နေပြီ လို့ဆိုပါတယ်။

သူတို့ ဘာကိုတွေးနေလဲ ဆိုတာ ထပ်ပြောရမယ်ဆိုရင် ၂ ခါနှာချေ တာဟာ တစ်စုံတစ်ဦးက သင့်မကောင်းကြောင်းပြောနေပြီ ဆိုတာပါပဲ။ ၃ ခါနဲ့အထက် နှာချေတာကတော့ သင့်ကောင်းကြောင်းတွေ ကိုတွေးနေတယ် လို့ဖော်ပြ ပါတယ်။ဒါမှမဟုတ် တစ်စုံတစ်ယောက်ကသင့်ကိုလွမ်းနေပြီး သင့်ကို ချစ်နေတယ်လို့ ဆိုလိုပါတယ်။

နား (သို့မဟုတ်) ပါးမှာပူလောင်လာမယ်

တစ်စုံတစ်ဦး ကသင့်ကိုစဉ်းစားနေပြီး မကောင်းကြောင်းဆိုးဆိုးဝါးဝါးပြောနေပြီ ဆိုရင်အဲ့ဒီလို ခံစားချက်ဖြစ်လာပါတယ်။သင့်ကိုစကားလုံးတွေ နဲ့ရိုက်နှက်နေသလိုပါ။ ဒီခံစားမှုက သင့်ရဲ့ပါးနဲ့နားက ရှက်လို့မျက်နှာရဲသွားတာမျိုး မဟုတ်ဘူး။ တစ်ခါတစ်ရံ တော်တော်ကြီးကို သိသိသာသာ နီရဲနေတာ မျိုးဖြစ်တာပါ။တစ်ကယ်လို့ သင့်နားနဲ့ မျက်နှာက ပူလောင်တာမျိုး မဟုတ်ပဲ နွေးထွေးမှုကို ခံစားရရင်တော့ တစ်စုံတစ်ယောက်က သင့်ကောင်းကြောင်းတွေ ကိုပြောနေပြီး သင့်ကိုချစ်ကြိုက်သလို ခံစားနေ ရပါတယ်လို့ဆိုပါတယ်။

တစ်စုံ တစ်ယောက်ကသင့်အကြောင်း တွေးနေတာကို သိနိုင်မယ်လို့ထင်လား? သိရော သိချင်လား? ခုပြောပြမယ့် အချက်တွေက သင့်အကြောင်းကို တစ်ယောက်ယောက်ကတွးနေတဲ့အခါ သင့်မှာ ခံစားနေရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။သင့်အကြောင်းတွေးတယ် ဆိုတာဟာသင့်ကို ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ တွေးနေနိုင်ပါတယ်။ ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲဆိုတာကြည့်လိုက် ရအောင်..

ကြို့ထိုးခြင်း

ကြို့ထိုးခြင်းဟာ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ထမင်းစားပြီးတဲ့ အခါမှာ သူတို့ကိုရလေ့ရှိတယ် ဒါပေမဲ့တချို့ယုံ ကြည်မှုတွေအရ ကြို့ထို့ခြင်းဟာ သင့်အကြောင်း စဉ်းစားနေသူတစ်ဦးရှိတယ်ဆိုတဲ့အဓိပ္ပာယ် သက်ရောက်နိုင်ပါ တယ်။ကံမကောင်းစွာနဲ့ တစ်စုံတစ်ဦး ကသင့်ကို မကောင်းတဲ့စကားကိုပြောခြင်း (သို့မဟုတ်) သင်နှင့်ပတ်သက်ပြီး တိုင်ကြားခြင်းဖြစ်နိုင်ပါ တယ်။

အိမ်မက်မက်ခြင်း

သင့်အိပ်မက်ထဲတွင် တစ်စုံတစ်ကို၊ အထူးသဖြင့် ကြာမြင့်စွာမတွေ့ရသေးသော တစ်စုံတစ်ဦးကို တွေ့မြင်ပါက သူတို့ဟာ သင့်အကြောင်းကို စဉ်းစားနေ နိုင်ပါတယ်။သင်နှင့်ပတ်သက်သော သူတွေရဲ့ အတွေးတွေက သင်အိပ်မက်မက်ဖို့အတွက် ရုပ်ပုံလွှာတွေကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ အိပ်မက်တစ်ခုက သင့်ကိုအသေးစိတ်အချက်အလက်တွေတော့ မပေးနိုင်ပါဘူး။အိမ်မက်တွေက ဆန်းကြယ်ကြပါတယ်။သင့်အတွေးတွေ ကနေတစ်ဆင့်လည်း အိမ်မက်တွေကို ဖန်တီးနိုင်တဲ့အတွက် သင်စွဲလမ်းမှု မရှိပဲမက်တဲ့အိမ်မက်ကသာလျင် သူတို့သင့်ကိုသတိရနေတယ်၊သင့်အကြောင်းတွေတွေးနေတယ် လို့ပြောနိုင်မှာဖြစ် ပါတယ်။

မရှင်းပြနိုင်တဲ့ ထိတွေ့မှုကိုခံစားရခြင်း

တစ်ယောက်ယောက် သင့်ကိုလာ ထိလိုက်သလို ရုတ်တရက် ခံစားဖူးပါသလား? ဒါဟာ ကျိန်းသေပေါက် တစ်စုံတစ် ယောက်က သင်နဲ့ပက်သက်ပြီး စိုးရိမ်ပူပန်စိတ်ဖြစ်နေပြီးဆန်းကြယ်တဲ့ စိတ်ခံစားမှုတွေခံစားနေရတာလို့ ဆိုနိုင်ပါတယ်။တစ်ကယ်လို့ သင့်ကိုတစ်စုံတစ်ယောက်က အလွန်ပြင်းပြင်းထန်ထန်စဉ်းစားတွေးတောနေရင် သူတို့ရဲ့ခံစားမှုက သင့်ကိုရုပ်ပိုင်းဆိုင်ရာ အဆက်အသွယ်နဲ့ဆင်တူတဲ့ မက်ဆေ့တစ်ခုခုပို့ပေးနိုင်ပါတယ်။ဒါကတယ်လီဖုန်း ဆက်သွယ်သလို ပုံစံမျိုးလိုဖြစ်ပြီး သင့်ကိုလာထိလိုက်သလိုတောင်ခံ စားစေရတာပါ။

ဒီအတွေးတွေဟာ ကောင်းလားဆိုးလား သေချာပေါက်ပြော လို့တော့မရပါဘူး။ ဒါပေမယ့် သင့်ကိုလာထိသလို ခံစားလိုက်ရတဲ့အချိန်မှာ ချစ်စရာကောင်းတဲ့ ထိတွေ့မှုလို ခံစားရရင်ဒါက သင့်ချစ်ရသူ ဒါမှဟုတ် သင့်ကိုခံစားချက်ရှိနေသူတစ်ဦးထံကဖြစ်ပါလိမ့်မယ်။ အဲ့ဒီလို မဟုတ်ပဲ ထိတွေ့မှုဟာ ညှိုးငယ်ကြောက်ရွံသလို ခံစားရရင် ဒါကသင့်ကို စိတ်ဆိုးနေသူ သို့မဟုတ် သင့်ကြောင့် ဝမ်းနည်းနေရသူတစ်ဦးဦးထံက ဖြစ်ပါလိမ့်မယ်။

စားနေတုန်း အဆင်မပြေဖြစ်ခြင်း

သင်ကပျော်ပျော်ရွှင်ရွှင် ငြိမ်ငြိမ်သက်သက် စားသောက်နေတယ် ဂရုစိုက်ပြီးစားသောက်နေတုန်း မှာတောင် အစာတွေကိုစားရတာ ချောချောမွေ့မွေ့မဝင်သွားဘူး။မျိုချရတာ ခက်ခဲတယ်လို့ ရုတ်တရက် ခံစားရမယ်၊ ချောင်းဆိုးချင်သလိုဖြစ်လာမယ်၊ ခန္ဓာကိုယ်တုန်လှုပ်သွားမယ် ဆိုရင် တစ်ခုခုတော့ မှားနေပြီဖြစ်ပါတယ်။ အဲ့ဒီလို ခံစားရရင်တစ်စုံတစ်ယောက်က သင့်ကိုစိတ်ထဲမှာရှိနေတယ်လို့ ဆိုနိုင် ပါတယ်။အမျိုးသားတွေမှာ ညာဘက်မျက်လုံးယားယံခြင်းနဲ့လှုပ်ခတ်ခြင်းတို့က တစ်ယောက်ယောက်က သင့်ကောင်းကြောင်း ကိုတွေးနေပြီးဘယ်ဘက်ဆိုရင်တော့ အဆိုးတွေ ကိုတွေးနေတယ်လို့ ညွှန်ပြနေပါတယ်။အမျိုးသားတွေနဲ့အမျိုးသမီးတွေကတော့ ပြောင်းပြန်လို့ဆိုနိုင်ပါတယ်။ တစ်ကယ်လို့ ဒါဟာ ဓါတ်မတည့်လို့ မျက်စိပြဿနာ ရှိလို့ဖြစ်နေတာဆိုရင်ဒါတွေကို လျစ်လျူရှုနိုင်ပါတယ်။အပေါ်မှာ ဖော်ပြခဲ့တဲ့ နိမိတ်လက္ခဏာတွေဟာ သင့်အကြောင်း တစ်ယောက်ယောက် စဉ်းစားနေတယ် ဆိုတာ သိနိုင်တဲ့ အရာတွေပါ။ ဒါတွေကို တချို့လူတွေက ယုံကြည်ချင်မှ ယုံကြည် ပါလိမ့်မယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။