တကယ်မချစ်ပဲ တဏှာစိတ်နဲ့ တွဲနေတယ်ဆိုတာ သိသာစေတဲ့ အချက်များ

တစ်ချို့ ယောက်ျားကောင်းတွေ က မိန်းက လေး တစ်ယောက် ကိုလက်ထပ်ဖို့အထိ ရည်ရွယ်ပြီး တွဲ ကြပေ မယ့်တစ်ချို့ ကတော့ အပျော်ကြံဖို့၊ ဒီထက် ပွင့်လင်းအောင် ပြောရရင်တော့ သင်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ဖို့ သက်သက် နဲ့ တွဲနေတာတွေရှိတတ်ပါ တယ်။ တကယ်တန်ဖိုး ထားပြီး ချစ်တာ မဟုတ်ပဲ အပျော်ကျောရရုံ ကြံချင် နေတဲ့ ယောက်ျားတွေ မှာ တွေ့ ရတတ်တဲ့ အမူ အကျင့် တွေ၊ တကယ်မချစ်ပဲ တဏှာစိတ်နဲ့ တွဲနေတယ်ဆိုတာ သိသာစေတဲ့ အချက်များ ကိုဖော်ပြ ပေးချင်ပါတယ်။

(၁) ရုပ်ပိုင်းဆိုင်ရာ ကိုပဲ ဦးစားပေးခြင်း

သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ကိုဂရုစိုက်ပေးတာမျိုး လုံး၀ မရှိပဲ တစ်ချိန် လုံး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုပဲ ဦးစားပေးနေတာ မျိုးပါတယ်။ သင် ပျော် နေလား၊ ၀မ်းနည်းနေလား၊ အားပေးနှစ်သိမ့် ရ မလား . ဒါတွေ ကို အလေးမထား ဂရုမစိုက် သူ့စိတ်တစ်ခုလုံးက သင့်ရဲ့ ရုပ်ပိုင်း ဆိုင်ရာ မှာပဲအပြည့် အ၀ ရှိ နေတာ မျိုးပါ။ သင့်က ဘယ်လို ပုံစံမျိုးနဲ့လိုက်တယ်၊ ဘယ်လို ၀တ်ရင်အရမ်းမိုက်တယ်၊ ဒါ တွေကိုပဲ တစ်ချိန် လုံးလိုက်ပြော ၊ သင့်ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်း လဲ သွားလဲ ? ဒါတွေကိုပဲတစ်ချိန် လုံး ပြော နေတာ၊ တဏှာ မျက်လုံး တွေနဲ့ လိုက်ကြည့်နေတာပါ။သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အဲ့တစ်ခု တည်းရှိတာပါ။

တစ်ချို့ ယောက်ျားကောင်းတွေ က မိန်းက လေး တစ်ယောက် ကိုလက်ထပ်ဖို့အထိ ရည်ရွယ်ပြီး တွဲ ကြပေ မယ့်တစ်ချို့ ကတော့ အပျော်ကြံဖို့၊ ဒီထက် ပွင့်လင်းအောင် ပြောရရင်တော့ သင်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ဖို့ သက်သက် နဲ့ တွဲနေတာတွေရှိတတ်ပါ တယ်။ တကယ်တန်ဖိုး ထားပြီး ချစ်တာ မဟုတ်ပဲ အပျော်ကျောရရုံ ကြံချင် နေတဲ့ ယောက်ျားတွေ မှာ တွေ့ ရတတ်တဲ့ အမူ အကျင့် တွေကိုဖော်ပြ ပေးချင်ပါတယ်။

(၂) sex အ ကြောင်းပဲတစ်ချိန်လုံး ပြောနေခြင်း

အသိသာဆုံး အချက်ပါ။ ဘယ်အကြောင်းပဲ ပြောပြော နောက်ဆုံးက အဲ့ဒီနေရာကိုပဲ ဦးတည်နေတာ မျိုးပါ။ သင်က ဘ၀အနာဂါတ်အရေးတွေအကြောင်းပြောနေလဲ သူကစကားလမ်းကြောင်းကို တခြားနေရာ ပဲတစ်ချိန်လုံး ဦးတည် နေတာ မျိုးပါ။ နှစ်ယောက် မျက်နှာ ချင်းဆိုင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ဖြစ်၊ ဖုန်းဆက်ပြော၊ Msg Box ကပဲပြောပြောဘယ်က ပြောပြော တစ်ချိန်လုံး အီစီကလီ နဲ့ လိင်ကိစ္စ ထဲက မထွက် နေတာမျိုးပါ။ သင်တို့ နှစ်ယောက် ပြောနေတဲ့စကား (၁၀) ခွန်း မှာ (၇)ခွန်း၊(၈)ခွန်း လောက် ဒီအထဲကမထွက် တော့ရင် အဲ့လို ယောက်ျားမျိုးနဲ့ ဝေးဝေးက ရှောင်ပါ။

(၃) လစ်ရင် လစ်သလို အသားယူခြင်း

ဘယ်ချစ်သူ စုံတွဲ မှတစ်ချိန်လုံး ပူးကပ်ပြီးမနေကြပါဘူး။ လူရှေ့သူရှေ့ တောင် မရှောင်ပဲ ကြိုက်မှန်း မသိ ၊ မကြိုက် မှန်းမသိ အတင်းတွေ ပူးကပ်ထိုင် နေတာ၊ တစ်ချိန် လုံး ပွတ်သီးပွတ်သပ် တွေပဲ နေတာ မျိုး ၊ ရှေ့လဲ မရှောင်၊ လူကွယ်ရာ လဲလစ်ရင်လစ် သလို အသားယူ နေတာတွေ များနေရင် တော့အဲ့ဒီ ယောက်ျားက သင့်ကို တကယ် ချစ်တာ မဟုတ်ပဲ အမြတ်ထုတ် အသားယူ ဖို့ သက်သက် တွဲနေတာပါ။

(၄) မလိုက်လျောရင် စိတ်တို၊အပြစ်ရှာခြင်း

အပေါ်မှာ ပြော ခဲ့သလို မျိုးအရတွေကို သူ့ဘက် အတင်းလုပ် နေတာကို သင်က ရှောင်ဖယ်တဲ့အခါ မျိုးတွေ မှာ သင့်ကို ဒေါသ ထွက်တာ ၊ မဲ့တာ  မျိုးတွေ  လုပ်ပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချိန်လုံး ပွတ်သီးပွတ်သပ်နဲ့ အနားအတင်းလိုက် ကပ်နေတာ မျိုးတွေကို သင်က မကြိုက် ကြောင်း ပြောပြီး ငြင်း ပယ်လိုက်တဲ့ အခါ သူ့ဘက် ကနေ ဘယ်လို ပြန် တုံ့ပြန်တတ်လဲ..? သူ့ဘက်က အသာ တကြည် နောက် ဆုတ် ပေးတာ မျိုးမဟုတ်ပဲ ဒီလို ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဆိုး ဒေါသ ထွက်တာ၊ အပြစ်မရှိ အပြစ် ရှာနေတာ ဆိုရင်တော့ အဲ့ဒီယောက်ျားက သင့်ကို တကယ်ချစ်တာ မဟုတ်ပါဘူး။

(၅) နွေးထွေးမှု ကင်းမဲ့ နေခြင်း

ဒါကတော့ အရမ်းကို သိသာပါတယ်။ သူနဲ့တွဲ နေရပေမယ့် သူက သင့်ကို ချစ်တယ်လို့ မခံစားရတာ မျိုးပါ။ တွဲသာ နေရပေမယ့် တစ်ယောက် တည်း အထီးကျန်လာ ရတာမျိုးတွေပါ။ အချစ်နဲ့ တည်ဆောက်ထားတဲ့ Relationship ဆိုရင် နားလည်မှု၊ နွေးထွေးမှုတွေ နဲ့ ပြည့်နေပေမယ့် သင်တို့ ကြားက ဆက်ဆံ ရေးကအဲ့ဒါ တွေပျောက်ဆုံး နေတာမျိုးပါ။ ချစ်သူ တစ်ယောက်လို ဂရုစိုက် ကြင်နာမှု မျိုးတော့ သူ့ဘက်က လုံး၀ မပေးပဲ သင်နဲ့ဆက်တွဲ၊ ဆက် ပတ်သက် နေတာမျိုးဖြစ်ပါတယ်။

(၆) အချိူးတွေ ပြောင်းသွားခြင်း

ဒါက တော့အသိသာဆုံး အချက်ပါ။ သင့်ဘက်ကသူ့ရဲ့ တောင်းဆိုမှု ကို လိုက်လျောပြီးရင် သူ့ဘက်က လုံး၀ အချိုးပြောင်းသွားတာမျိုးပါ။ သူ့ဆန္ဒရှိတဲ့တစ်ချိန် လောက်ပဲ သင့်အနားရောက်လာ ပြီးတခြား အချိန် တွေမှာဆိုရင် ကြက်ပျောက် ငှက်ပျောက် ကွယ်ပျောက်နေတယ်။ အဲလိုဆိုရင် တော့ အဲ့ဒီ ယောက်ျားက သင့်ကို လိင်အမြတ်ထုတ်ချင် ရုံသက်သက် လာပတ်သက် နေတာဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။