ကိုယ်သဘောကျတဲ့ကိုယ့်ရဲ့ Crush လေးကို ဆွဲဆောင်နည်း

Crush လေးကို ဆွဲဆောင်နည်း

ဒီစာကိုသင်ဖတ်နေပြီဆိုရင်တော့ ခရက်ရှ်လေးရဲ့စိတ်ဝင်စားမှုကိုရတော့မှာလို့သိထား လိုက်ပါ။ ကိုယ်သဘောကျရတဲ့လူနဲ့ အပြန်အလှန်စကားတွေပြောနေပေမယ့် ဘာမှစိတ်ဝင်စားဖို့ မကောင်းရင် သူက ကိုယ့်အပေါ်မှာလည်းစိတ်ဝင်စားမှုတွေထပ်ပြီးပေါ်လာမှာမဟုတ်ပါဘူးနော်။

တစ်မူထူးခြားတဲ့ကျီစယ်စကားလေးတွေ၊ ဆွဲဆောင်မှုလေးတွေရှိမှသာ စကားပြောရတာပျော်ပြီး နေ့တိုင်းနေ့တိုင်းသူနဲ့ပဲပြောချင်စိတ်ပေါ်လာမှာပါ။”ရုံးကပြန်ရောက်ပြီလား၊ထမင်းစားပြီးပြီလား၊ ဘယ်သွားလဲ၊ဘာလုပ်နေလဲ”ဆိုပြီးနေ့တိုင်း ဒါပဲမေးနေလို့ကတော့ So Boring ပါ။ သင့်အပေါ်စိတ်ဝင်စားချင်စိတ်တောင်ပျောက်လုနီးပါးဖြစ်ပါလိ့မ်မယ်။

မိန်းကလေးရော၊ယောကျ်ားလေးတွေအတွက်ပါ Crush လေးကိုယ့်ဘက်ပါလာအောင်၊ ကိုယ့်အပေါ်စိတ်ဝင်စားလာအောင်ကြိုးစားဖို့ အသုံးဝင်ပါတယ်။ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်ပြီးကြွေလာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြံပေးချက်တွေကိုလည်း သင်မြင်တွေ့ဖူးမှာပါ (သင့်မှာသာ ခရက်ရှ်ရှိတယ်ဆိုရင် အဲ့စာကိုဖတ်မိမှာလည်းမလွဲပါဘူး)။

အခုပြောပြမယ့် ကိုယ်သဘောကျတဲ့ကိုယ့်ရဲ့ Crush လေးကို ဆွဲဆောင်နည်း လေးတွေက အထာကျတယ်။ ခေတ်မီတယ်၊ ဒါပေမယ့် ကိုယ်သူ့အပေါ်ခရက်ရှ်နေတယ်ဆိုတာလည်းမသိသာဘူး။ ဒါ့အပြင် သူကိုယ့်အပေါ်စိတ်ဝင်စားလာမယ့်နှုန်းကလည်း ၂ဆလောက်မြင့်လာပါမယ်။

၁) အကောင်းမြင်စကားလေးတွေပြောပါ။

ဒီလောကကြီးထဲမှာ တစ် ဖြည်းဖြည်းနဲ့အကောင်းမြင်သမားတွေနည်းလာပြီး တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုတွေနဲ့ဆက်ဆံပြောနေကြတာပါ။ ဒါပေမယ့် သင်က သင့်ရဲ့အကောင်းမြင် စိတ်လေးကို သူ့ကိုဖွင့်ဟပြလိုက်မယ်ဆိုရင် သူ့ဘက်က သင်ဟာ ဘာမဆိုအကောင်းမြင်စိတ်ရှိသူ၊ စိတ်သဘောထားကြည်လင်သူတစ်ယောက်ရယ်လို့သူ့စိတ်ထဲမှာ သတိထားမြင်မိသွားပါလိမ့်မယ်။ အဲ့ဒီလိုဖွင့်ဟပြဖို့လည်း အများကြီးပြောစရာမလိုပါဘူး။ဥပမာ ရာသီဥတုနဲ့သက်ဆိုင်တာပဲ ဆိုပါတော့။သူများတွေကမိုးတွေရွာနေလို့စိတ်ပျက်နေရင်တောင်သင်က မိုးစက်လေးတွေကျတာ အရမ်းလှတယ်၊မိုးရွာတော့ စိတ်တွေအေးချမ်းသွားသလိုပဲတို့ပြောတာမျိုးပါ ။

မိန်းကလေးရော၊ယောကျ်ားလေးတွေအတွက်ပါ Crush လေးကိုယ့်ဘက်ပါလာအောင်၊ ကိုယ့်အပေါ်စိတ်ဝင်စားလာအောင်ကြိုးစားဖို့ အသုံးဝင်ပါတယ်။ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်ပြီးကြွေလာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြံပေးချက်တွေကိုလည်း သင်မြင်တွေ့ဖူးမှာပါ (သင့်မှာသာ ခရက်ရှ်ရှိတယ်ဆိုရင် အဲ့စာကိုဖတ်မိမှာလည်းမလွဲပါဘူး)။အခုပြောပြမယ့် နည်းလေးတွေက အထာကျတယ်။ ခေတ်မီတယ်၊ ဒါပေမယ့် ကိုယ်သူ့အပေါ်ခရက်ရှ်နေတယ်ဆိုတာလည်းမသိသာဘူး။ ဒါ့အပြင် သူကိုယ့်အပေါ်စိတ်ဝင်စားလာမယ့်နှုန်းကလည်း ၂ဆလောက်မြင့်လာပါမယ်။

၂) မတော်တဆလိုလို စာပို့ကြည့်ပါ။

ဒီနည်းလမ်းက ရိုးစင်းပေမယ့်ထိရောက်ပါတယ်။မတော်တဆလိုလိုနဲ့ သင့်ခရက်ရှ်လေးဆီ ကိုစာပို့လိုက်ပါ။ဥပမာ သူငယ်ချင်းကိုပို့သလိုလိုနဲ့ “ဟေးငါကော်ဖီကောင်းကောင်း သောက်ချင်တာ နင်ဆိုင်အသစ်တွေဘာတွေသိလား”ပေါ့။တစ်မိနစ်လောက်စောင့်ကြည့်ပါ။ပြီးမှ “အိုး ဆောရီး ငါ့သူငယ်ချင်းတစ်ယောက်နာမည်နဲ့တူနေလို့ သူဆိုပြီးပို့လိုက်တာ။ ဒါပေမယ့် နင်ရောကော်ဖီဆိုင် ကောင်းကောင်း လေးများမသိဘူးလား။ သိရင် ဆိုင်နာမည်လေးပြောပြပါဦး”လို့ပြန်ပို့လိုက်ပါ။ ဒါက မတော်တဆတမင်တကာဆွဲဆောင်လိုက်တာပါပဲ။ဖြစ်နိုင်ရင် သင့်ခရက်ရှ်စိတ်ဝင်စားတဲ့အရာတစ်ခုခု ဖြစ်ရင်ပိုကောင်းပါတယ်။အဲ့ဒါမှ စကားထပ်ဆက်လို့ရမှာပါ။ သူကရေကူးဝါသနာပါတယ်ဆိုရင်လည်း ရေကူးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတစ်ခုခုမှားပို့လိုက်တာမျိုးပါ။

၃) မိတ်ကပ်တွေဘာတွေမခြယ်သပဲ ခရက်ရှ်လေးနဲ့တွေ့ပါ။

ဒီနေ့ခေတ်ကြီးထဲ မိတ်ကပ်တွေဖျက်ချလိုက်ရင်နဂိုရုပ်နဲ့တစ်စက်ကလေးမှ မတူတာတွေရှိနေတော့ သင့်ခရက်ရှ်လေးက သင့်ကိုအဲ့ဒီလိုမြင်မသွားဘူးလို့မပြောနိုင်ပါဘူး။ဒါကြောင့် တကယ်တမ်းခရက်ရှ်လေးနဲ့အပြင်မှာ တမင်တကာတိုက်ဆိုင်ပြီးတွေ့ဖို့ကြိုးစားထားတယ်ဆိုရင် Natural look လေးပဲပြင်သွားပါ။အဝတ်အစားကိုလည်းသက်တောင့်သက်သာရှိပြီး သင့်ကိုမြင်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးတဲ့ပုံစံအဖြစ်မြင်သွားအောင်လုပ်ပါ။

၄) သူတို့ရဲ့ထူးခြားတဲ့အရည်အချင်းကိုချီးကျူးပါ။

တစ်ခါတစ်လေ ရုပ်ရည်ချောမောတာကိုချီးကျူးတာထက် တစ်ခြားသူတွေအလွယ်တကူ မမြင်တွေ့လွယ်တဲ့အရည်အချင်းမျိုးကိုချီးကျူးသင့်ပါတယ်။သင့်ခရက်ရှ်က ရုပ်ရည်ချောမော သူဆိုရင်တောင် သူတို့ရဲ့ အပေါ်ယံအသွင်အပြင်ကိုမချီးကျူးပဲ သူတို့ကိုအမှန်တကယ် ပျော်စေတဲ့ချီးကျူးမှုကဘာလဲဆိုတာ ရှာဖွေပြီး ချီးကျူးပါ။ ဒါက သူတို့ရဲ့စိတ်ထဲမှာသင့်အပေါ် မှတ်မှတ်ရရရှိသွားစေမယ့်နည်းလမ်းတစ်ခုပါပဲ။

Crush လေးကို ဆွဲဆောင်နည်း

၅) သင့်ရဲ့ထူးခြားတဲ့အရည်အချင်းကိုမသိမသာပြသပါ။

သင်က ပန်းချီဆွဲတော်တဲ့သူတစ်ယောက်လား ၊သီချင်းဆိုကောင်းသူတစ်ယောက်လား သင့်ရဲ့ထူးခြားတဲ့အရည်အချင်းတစ်ခုခုကိုသူမြင်အောင်မသိမသာပြပါ။ ဖေ့ဘွတ်ခ်ရဲ့My day လိုမျိုးမှာသင်ဆွဲထားတဲ့ပုံလေးဖြစ်ဖြစ်၊ သီချင်းဆိုထားတာလေးဖြစ်ဖြစ်တင်လို့ရပါတယ်။ ဒါကမသိမသာနဲ့ သူ့ကိုဆွဲဆောင်လိုက်တဲ့သဘောပါပဲ။သူကလည်း ပန်းချီဆွဲတာဝါသနာပါတယ်ဆိုရင် သင့်ကိုတစ်ခုခုတော့ စကားလာစပြောမှာအမှန်ပါပဲ။ဒီနည်းလေးတွေကတော့ သိသာသိစေ၊ မမြင်စေနဲ့ဆိုတဲ့စကားလေးအတိုင်း Crush ကို အထာကျကျဆွဲဆောင်တဲ့နည်းလေးတွေပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။