အလေ့အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်မလဲ

လူတိုင်းမှာ ကိုယ်တိုင်မကြိုက်တဲ့ အလေ့အကျင့်ဆိုးတွေ ရှိတတ်ကြစမြဲပဲဖြစ်ပါတယ်။ အလေ့အကျင့်ဆိုးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ကိုယ့်မှာ အလေ့အကျင့်ဆိုးလို့ သတ်မှတ်ထားတာတွေက သူများတွေအတွက်တော့ အလေ့အကျင့်ကောင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလေ့အကျင့်ဆိုးလို့ သတ်မှတ်ထားရင်တော့ ကိုယ်တိုင် ဖျောက်ပစ်ဖို့ လိုပါတယ်။အလေ့အကျင့်ဆိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဘာဖြစ်မလဲ?ဒီအလေ့အကျင့်ကို ဖျောက်ပစ်ချင်တယ်ဆိုရင် ဒီအလေ့အကျင့်ကို လုပ်နေမိတဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ပြန်တွေးပါ။ ဆိုးကျိုးတွေက ကိုယ့်အတွက် ဘယ်လိုထိခိုက်မှုတွေပေးလဲဆိုတာ သိရရင် ဖျောက်ပစ်ချင်စိတ်တွေ အလိုလို ရလာမှာပါ။

ဒီလိုဆိုးကျိုးတွေကို လက်မခံချင်လောက်တော့အောင်ပေါ့။ အကယ်လို့ ကိုယ်ဖျောက်ပစ်ချင်တဲ့ အလေ့အကျင့်ဆိုးက အိပ်ရာစောစော မထချင်တာဆိုရင် အိပ်ရာစောစော မထလို့ ရုံးနောက်ကျတာ လစာအဖြတ်ခံရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိနိုင်ပါတယ်။

ကိုယ့်ဆီမှာ ရှိတဲ့ အလေ့အကျင့်ဆိုးတွေ ပျောက်အောင် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်တွေအတိုင်း သေချာလုပ်ဆောင်ကြည့်ပါနော်..

ဖြည်းဖြည်းချင်းပြင်ပါ

အလေ့အကျင့် ဖြစ်နေတဲ့ အရာတစ်ခုက ချက်ချင်းကြီးတော့ ဗြုန်းစားဆိုပြီး ကောင်းမလာနိုင်ပါဘူး။ ဒီတော့ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း ဖျောက်ပစ်ရမှာပါ။ ဖြတ်တာမျိုး မလုပ်တော့တာမျိုး မဟုတ်ဘဲ တစ်ရစ်ချင်း လျှော့ချပြီး လုပ်ဆောင်ပါ။ နည်းနည်းချင်းစီ ပြင်တော့ သိပ်မပင်ပန်းလောက်တော့ပါဘူး။

လုပ်နိုင်မယ်လို့ ယုံကြည်ပါ

အလေ့အကျင့်ဆိုးတစ်ခု ဖျောက်ဖို့ဆိုတာ မလွယ်မှန်း သိပါတယ်။ ဒါပေမယ့် ဖျောက်ချင်စိတ်သာ ပြင်းပြနေမယ်ဆိုရင် ပျောက်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဒီအလေ့ အကျင့်ဆိုး ကို ဖျောက်ပစ်နိုင်မယ်လို့ တထစ်ချ ယုံကြည်ထားပါ။

ဒါမှ စိတ်ဆောင်ရင် အရာရာ ဖြစ်နိုင်တယ်ဆိုသလို အောင်မြင်မှာပါ။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ လိုပါတယ်။

အစားထိုးပြီးလေ့ကျင့်ပါ

ကိုယ်ဖျောက်ပစ်ချင်တဲ့ အလေ့အကျင့်ဆိုးက အစားထိုးပြီး လေ့ကျင့်လို့ ရတာမျိုးဆိုရင် အစားထိုးပြီး လေ့ကျင့်ယူပါ။ ဆေးလိပ်သောက်တာကို ဖျောက်ချင်တယ်ဆိုရင် ဆေးလိပ်အစား vape သောက်တာမျိုးပေါ့။ အဲဒီလို ဖြည်းဖြည်းချင်း အစားထိုးပြီး လေ့ကျင့်ထားမယ်ဆိုရင်တော့ ပျောက်သွားနိုင်ပါတယ်။

ရှောင်ပါ

အလေ့အကျင့်ဆိုး ဖျောက်ပစ်ချင်တယ်ဆိုရင်တော့ ကိုယ်ဒီအလေ့အကျင့်ဆိုး လုပ်မိတိုင်းမှာ သတိထားပြီး ရှောင်ပါ။ ရှောင်ကြဉ်နိုင်အောင် သေချာ ဖြည်းဖြည်းချင်း ကြိုးစားပါ။ ကိုယ်လိုချင်တဲ့ လူနေမှုဘဝပုံစံအတိုင်း သတ်မှတ်ထားပြီး နေမယ်ဆိုရင်တော့ အလေ့အကျင့်ဆိုးကို ရှောင်ပြီးသား ဖြစ်မှာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။