အိန္ဒိယနိုင်ငံမှ COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေး

Oxford-AstraZeneca ကာကွယ်ဆေးကို အိန္ဒိယမှာ Covidshield အမည်ဖြင့် ထုတ်လုပ်နေပြီး မြန်မာနိုင်ငံမှာ ထိုးပေးနေပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ် ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

“အခုဆိုရင် ကျွန်တော်တို့မှာ ကာကွယ်ဆေးတွေ အလျင်အမြန် ဖြန့်ဖြူးဖို့အတွက် အားလုံးရှိနေပါပြီ၊ ဒါပေမဲ့ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ကျွန်တော်တို့ လိုအပ်နေဆဲပါ” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

“COVID-19 ကာကွယ်ဆေး ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ဆေးကို ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ ခွင့်ပြုချက်ရဖို့ လျှောက်ထားတာနဲ့ တစ်ချိန်တည်းမှာပင် WHO ထံ အကဲဖြတ် သုံးသပ်ဖို့အတွက် တင်ပြကြဖို့ ကျွန်တော်တို့ ဆက်လက် တိုက်တွန်းသွားမှာပါ” လို့လည်း Tedros က ဆိုပါတယ်။

 

Oxford-AstraZeneca ကာကွယ်ဆေးကို အိန္ဒိယမှာ Covidshield အမည်ဖြင့် ထုတ်လုပ်နေပြီး မြန်မာနိုင်ငံမှာ ထိုးပေးနေပါတယ်။

WHO ထုတ်ပြန်ချက်အရ အောက်စ်ဖို့နဲ့ AstraZeneca တို့ ပူးပေါင်းဖော်စပ်ထားပြီး တောင်ကိုရီးယားနိုင်ငံမှ AstraZeneca-SKBio နဲ့ အိန္ဒိယနိုင်ငံမှ Serum Institute of India ဆေးဝါးကုမ္ပဏီတွေက ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက် ပေးလိုက်ကြောင်း ပြောထားပါတယ်။

အိန္ဒိယအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute က အောက်စ်ဖို့နဲ့ AstraZeneca တို့ ပူးပေါင်းဖော်စပ်တဲ့ COVID-19 ကာကွယ်ဆေးကို Covidshield အမည်ဖြင့် ထုတ်လုပ်နေပါတယ်။ WHO က တရားဝင် ခွင့်ပြုချက် ပေးလိုက်တဲ့ Covidshield ဟာ မြန်မာနိုင်ငံရဲ့ COVID-19 ကာကွယ်ဆေးထိုးမှု အစီအစဉ်မှာ အသုံးပြုနေတဲ့ ကာကွယ်ဆေးလည်း ဖြစ်ပါတယ်

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ COVAX ကာကွယ်ဆေးအစီအစဥ်ကနေ နိုင်ငံပေါင်း ၁၄၅ နိုင်ငံအတွက် COVID-19 ကာကွယ်ဆေး သန်း ၃၀၀ ကျော် ရရှိလာမယ်လို့ မျှော်လင့် ထားပါတယ်” လို့ AstraZeneca က ပြောပါတယ်။

WHO ရဲ့ သုံးသပ်ချက်အရ Oxford-AstraZeneca (အိန္ဒိယ Serum Institute က Covidshield အမည်ဖြင့် ထုတ်လုပ်နေ) ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းရန် ရှိရမယ့်သတ်မှတ်ချက်များနဲ့ ကိုက်ညီပြီး ၎င်းရဲ့ ထိရောက်မှုရှိတဲ့ အကျိုးကျေးဇူးတွေက ဘေးအန္တရာယ်ထက် ပိုမိုသာလွန်ကြောင်း တွေ့ခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။