You Are The Apple of My Eyes Movie
Cast
Kai KO as KO Ching-teng
Michelle Chen as Shen Chia-yi
Owodog as Tsao Kuo-sheng
Steven Hao as Hsieh Ming-ho
Emerson Tsai as Liao Ying-hung
Yen Sheng-yu as Hsu Bo-chun
Wan Wan as Hu Chia-wei
You are the Apple of my eye ဒီဇာတ်ကားလေးကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Taiwanese romance ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Taiwanese စာရေးဆရာ Giddens Ko ရေးသားခဲ့တဲ့ semi-autobiographical novel ဖြစ်တဲ့ “You are the apple of my eye ကို Giddens Ko ကိုယ်တိုင် Director အဖြစ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ main character Ko Chen-tung အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kai Ko ဟာ 48th Best New Actor နဲ့ 12th Chinese Film Media Awards တို့ကို ဒီဇာတ်ကားလေးနဲ့ပဲ ရရှိသွားခဲ့ပါတယ်။ Giddens Ko ဟာ ဒီဇာတ်ကား ကို Changhua က သူတက်ခဲ့တဲ့ ကျောင်းမှာပဲ ရိုက်ကူးခဲ့တာပါ ။
ဒီအပြင် ဇာတ်လမ်းရဲ့ Main Theme song ဖြစ်တဲ့ “those years”ကိုလဲ သူကိုယ်တိုင်ရေးသားခဲ့တာပါ။ လူကြိုက်များခဲ့သလို 48th Golden Hose Awards ကိုလဲ ရရှိခဲ့ပါတယ် ။ဒီဇာတ်ကားကို 25 June 2011မှာ စတင်ပြသခဲ့ပြီး 19 August မှာ Taiwan ရှိရုပ်ရှင်ရုံ၊ Hong Kong နဲ့ Singapore တို့မှာ ရုံတင်ပြသခဲ့ပါတယ်။ အသုံးစရိတ် မှာ US ဒေါ်လာ 1.7သန်းရှိတဲ့ ဒီကားလေးဟာ Taiwan မှာတင် ပြသခဲ့တဲ့ Box office ဝင်ငွေဟာ US ဒေါ်လာ 24.5 သန်းရရှိခဲ့ပါတယ် ။
ဒီဇာတ်ကားလေးကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Taiwanese romance ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Taiwanese စာရေးဆရာ Giddens Ko ရေးသားခဲ့တဲ့ semi-autobiographical novel ဖြစ်တဲ့ “You are the apple of my eye ကို Giddens Ko ကိုယ်တိုင် Director အဖြစ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ main character Ko Chen-tung အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kai Ko ဟာ 48th Best New Actor နဲ့ 12th Chinese Film Media Awards တို့ကို ဒီဇာတ်ကားလေးနဲ့ပဲ ရရှိသွားခဲ့ပါတယ်။ Giddens Ko ဟာ ဒီဇာတ်ကား ကို Changhua က သူတက်ခဲ့တဲ့ ကျောင်းမှာပဲ ရိုက်ကူးခဲ့တာပါ ။
ဇာတ်လမ်းအကျဉ်း
ခင်ဗျားဘဝမှာ ဘယ်သူ့ကိုမှ ဖွင့်မပြောချင်တဲ့ အမှန်တရားတစ်ချို့တော့ရှိမှာပါ Giddens Ko ကတော့ သူ့ဘဝကို မဖုံးမကွယ်ပဲ ဒီဇာတ်ကားလေးနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီဇာတ်ကားလေးက အသည်းမာတဲ့ ယောက်ျားအရင့်အမာကြီးတွေရဲ့ မျက်ရည်ကို ချွေယူနိုင်ခဲ့တာလဲဖြစ်ပါတယ် ။
1994ခုနှစ် အထက်တန်းကျောင်းတစ်ခုမှာ Shen Chia-yi ဆိုတဲ့ ကျောင်းသူလေးက အခန်းထဲမှာ စာတော်ပြီး ချောမောလှပတဲ့ ရုပ်ရည်ရှိတာကြောင့် အတော်လေးနာမည်ကြီးပါတယ် ။ Ko Ching-teng ဟာလဲ Shen Chia-yi နဲ့ အတူ Junoir high school ထဲက အတူတူ တစ်ခန်းထဲတက်ခဲ့ တဲ့ကျောင်းသားတစ်ယောက်ပါ ။ Ko Ching-teng ရဲ့ သူငယ်ချင်းတွေအပါအဝင် တစ်ခန်းလုံးက ကျောင်းသားတွေက Shen Chia-yi ကို ကြိုက်ပေမယ့် သူကတော့ မကြိုက်ဘူးလို့ အမြဲပြောလေ့ရှိတယ် ။ ဒါပေမယ့် ဒီစကားဟာ သူငယ်ချင်းတွေအပါအဝင် သူ့ကိုယ်သူ လိမ်ညာ ပြောဆိုတဲ့ စကားလုံးပါ ။
တစ်နေ့ အခန်းထဲမှာ Ko Ching-teng အပြစ်ကျူးလွန်လို့ ကျောင်းအုပ်က အပြစ်ပေးတဲ့ အနေနဲ့ Shen Chia-yi အရှေ့မှာ ထိုင်ခိုင်းပါတော့တယ် ။ စာကြိုးစားတဲ့ ကျောင်းသူနဲ့ အဆော့မက် ကလေးဆန်တဲ့ စာအညံ့ဆုံးကျောင်းသားကို အနီးကပ်ဆုံးထိုင်ခိုင်းတယ်ဆိုတာ အဆင်ပြေဖို့ မလွယ်ကူနိုင်ပါဘူး ။ ကျောက်တုံး ကျောက်စိုင်လို မာကျောတဲ့ အရာတွေလဲ တိုက်စားပါများရင် ယိမ်းယိုင်လာကြလေ့ရှိတယ် ။ ဘယ်သူက ဘယ်သူ့ကို တိုက်စားပြောင်းလဲမလဲဆိုတာ ကတော့ စိတ်ဝင်စားစရာပါ ။ဒီလိုနဲ့ တစ်နေ့ Shen Chia-yi တစ်ယောက် English Textbook ကို အိမ်မာမေ့ကျန်ခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဲ့နေ့မှာ English ဆရာမက အကြောင်းအရာတစ်ခုခုကြောင့် စာသင်ခန်းထဲကို စိတ်ဆိုးပြီး ရောက်လာခဲ့ပါတယ် ။
တိုက်ဆိုင်စွာပဲ အဲ့နေ့မှာ English ဆရာမက အကြောင်းအရာတစ်ခုခုကြောင့် စာသင်ခန်းထဲကို စိတ်ဆိုးပြီး ရောက်လာခဲ့ပါတယ် ။ သူ့ဒေါသကို ပုံချဖို့ လူရှာနေတဲ့ ဆရာမက စာအုပ်ရှာနေတဲ့ Shen Chia-yi ကို ရိပ်မိသွားပြီး စာအုပ်မပါတဲ့သူ မတ်တပ်ရပ်ဖို့ ပြောလိုက်တယ် ။ Shen Chia-yi တစ်ယောက် အခက်အခဲဖြစ်နေတဲ့အချိန်မှာ Ko Ching-teng ကမတ်တပ်ထရပ်လိုက်ပြီး လက်ထဲက စာအုပ်ကို နောက်ကျောက ခုံပေါ် နောက်ပြန် လှမ်းတင်လိုက်ပါတယ် ။
အဲ့နေ့က ဆရာမပေးတဲ့ အပြစ်ကို Ko Ching-teng ခံလိုက်ပြီး Shen Chia-yi ကတော့ Textbook ထဲက စာထက် Ko Ching-teng ရေးထားတဲ့ စာအချို့ကို ပိုသဘောကျနေခဲ့ပါတယ် ။ နောက်နေ့မှာ Shen Chia-yi က Ko Ching-teng ရဲ့ နောက်ကျောကို ဘောပင်နဲ့ တို့ပြီး စာအုပ်တစ်အုပ်ကို ကမ်းပေးရင်း နောက်နေ့မှာ ဖြေပြီးပြန်ပေးဖို့ ပြောလိုက်တယ် ။ အဲ့နေ့ကစပြီးတော့ Shen Chia-yi က Ko Ching-teng ကြည့်ဖို့ သင်ခန်းစာတွေကို နေ့စဉ်စီစဉ်ပေးပါတော့တယ် ။
Ko Ching-teng ကလဲ အဲ့နေ့ကစပြီး ညဉ့်နက်တဲ့အထိ စာတွေကြည့်လာသလို အစမ်းစာမေးပွဲတွေမှာလဲ ပိုကောင်းတဲ့ Result တွေကို ရရှိလာခဲ့တယ် ။ ဒီလိုနဲ့ Ko Ching-teng တစ်ယောက် Shen Chia-yi ကြောင့်ပြောင်းလဲလာခဲ့ပါတယ် ။ အထက်တန်းအောင်ပြီးနောက်မှာတော့ Ko Ching-teng က National Chiao Tung University ကို တက်ခွင့်ရခဲ့ပြီး Chia-Yi ကတော့ စာမေးပွဲဖြေတဲ့နေ့မှာ ဖျားနေခဲ့တာကြောင့် National Taipei University Of Education ကိုပဲ တက်ခွင့်ရခဲ့ပါတယ် ။ မြို့တွေ ကျောင်းတွေ ဝေးကွာသွားပေမယ့် ညတိုင်းဖုန်းပြောဖြစ်ကြတယ် ။
ဒီလိုနဲ့ ဆောင်းရာသီ ပိတ်ရက်မှာတော့ Ching-teng က Taipei ကိုသွားပြီး Shen Chia-yi ကို သွားတွေ့ဖြစ်တယ်။ တစ်နေ့လုံး အတူတူလျှောက်လည်ခဲ့ကြပြီး ညနေပိုင်း Ching-teng က သူ့ဘက်က ချစ်နေတဲ့အကြောင်းဖွင့်ပြောပြီး Shen Chia-yi ရဲ့ ခံစားချက်ကို မမေးခဲ့သလို မပြောဖို့လဲ တောင်းဆိုခဲ့တယ် ။ ဒီလိုနဲ့ ကျောင်းတွေပြန်တက်ကြရင်း သူတို့နှစ်ယောက် အသေးအ မွှား ကိစ္စလေးကြောင့် စကားများရန်ဖြစ်ခဲ့ကြတယ် ။ အဲ့ဒီနေ့မှာပဲ သူတို့လမ်းခွဲခဲ့ကြတယ်။ တကယ်တော့ ချစ်သူတွေတောင်မဖြစ်ခဲ့ပါဘူး ။ ဒီလိုနဲ့ ၂နှစ်ခန့် အဆက်အသွယ်တွေပျက်ခဲ့ကြတယ် ။
Ching-teng တစ်ယောက် Tunghai Universityမှာ research အချို့အတွက် ရောက်နေချိန် 21 September 1999 မှာကြီးမားတဲ့ ငလျင်တစ်ခု တရုတ် မှာလှုပ်ခတ်သွားတယ် ။ Ching-teng တစ်ယောက် သူစိတ်အပူဆုံးဖြစ်တဲ့ Chia-yi ဆီ ဖုန်းဆက်ခဲ့တယ် ။ အဲ့ဒီနေ့က သူတို့တစ်ညလုံး ဖုန်းပြောခဲ့ကြတယ် ။ ဒီဇာတ်ကားထဲမှာ ကျန်ရှိနေတဲ့ အပိုင်းအချို့ မှာ စာအဖြစ်မရေးရက်လောက်အောင် emotional ပေးစွမ်းနိုင်တာကြောင့် ဇာတ်ကားကိုကြည့်တာက ပိုပြည့်စုံပါလိမ့်မယ် ။ လူတစ်ယောက်နဲ့ တစ်ယောက် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူပါဘူး ဒီဇာတ်လမ်းထဲမှာတော့ Ko Ching-teng ရဲ့ အချစ် အဓိပ္ပာယ်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။