လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေတဲ့ The Rock

The Rock  နာမည်နဲ့လူသိများကျော်ကြားတဲ့ Dwayne Johnson ဟာ အားကစားခန်း အတွင်း လေ့ကျင့်ခန်းလုပ်တဲ့ ဗွီဒီယိုတွေ ဓာတ်ပုံတွေကို သူရဲ့ကိုယ်ပိုင် Instagram ပေါ်မှာအမြဲမျှဝေပေးလျက်ရှိပါတယ်။သူကိုချစ်တဲ့ Instagram ပေါ်ကပရိတ်သတ်တွေ အတွက်ကတော့ သူ့ဆီကနေ အမြဲတမ်းစိတ်ဓာတ်ခွန်အားတွေအပြည့် ရစေတဲ့သူ ဖြစ်ပါတယ်။

မကြာသေးမီကသူဟာပြင်းထန်စွာလေ့ကျင့်ခန်းတွေလုပ်ထားတဲ့ဓာတ်ပုံများကိုတင်ခဲ့ပြီး DCEU(DC Extended Universe)   ကနေရိုက်ကူးသွားမယ်ရုပ်ရှင်ကားအတွက် သရုပ်ဆောင် ရန်ပြင်ဆင်နေပြီလို့ပြောခဲ့ပါတယ်။ တင်ထားတဲ့ပုံတွေအရ Dwayne Johnson ဟာအားကစားနှင့်လေ့ကျင့်ခန်းကိုကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ကြောင်း ကိုဖော်ပြနေပြီး သူရဲ့လေ့ကျင့်ခန်းလုပ်တဲ့အတွေ့အကြုံများကိုလည်း ပရိသတ်များ အတွက်အမြဲမျှဝေပေးလျက်ရှိပါတယ်။

 

The Rock  နာမည်နဲ့လူသိများကျော်ကြားတဲ့ Dwayne Johnson ဟာ အားကစားခန်းအတွင်း လေ့ကျင့်ခန်းလုပ်တဲ့ ဗွီဒီယိုတွေ ဓာတ်ပုံတွေကို သူရဲ့ကိုယ်ပိုင် Instagram ပေါ်မှာအမြဲမျှဝေပေးလျက်ရှိပါတယ်။မကြာသေးမီကသူဟာပြင်းထန်စွာလေ့ကျင့်ခန်းတွေလုပ်ထားတဲ့ဓာတ်ပုံများကိုတင်ခဲ့ပြီး DCEU(DC Extended Universe)   ကနေရိုက်ကူးသွားမယ်ရုပ်ရှင်ကားအတွက် သရုပ်ဆောင်ရန်ပြင်ဆင်နေပြီလို့ပြောခဲ့ပါတယ်။ 

Black Adam ရုပ်ရှင်ဟာ Shazam မှသီးခြားခွဲထွက်လာတဲ့  antihero ဇာတ်လမ်း ဖြစ်ပြီး Black Adam ဇာတ်ကောင်ဟာ DCEU universe မှာအင်အားအကောင်းဆုံး ဇာတ်ကောင်များထဲမှတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Black Adam အတွက် Unknown (၂၀၁၁) နှင့် The Shallow (2016) တို့လိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တွေရိုက်ကူးပေးခဲ့တဲ့ လက်ရာကောင်းဒါရိုက်တာ Jaume Collet-Serra (Ghum Goyet-Serra) နဲ့ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Black Adam ရုပ်ရှင်ရိုက်ကူးမှုအတွက်ကိုတော့ ၂၀၂၁ ခုနှစ်မတ်လတွင်စတင်မည်ဖြစ်ပြီး Dwayne Johnson ဟာခုထက်ပိုမိုကြီးမားတဲ့ကိုယ်ကိုရရှိနိုင်ပါမလား ? antihero ရဲ့ဇာတ်ကောင် နေရာမှာဘယ်လောက်ထိလိုက်ဖက်မှုရှိမလဲ ? ဆိုတာကိုတော့ ထပ်ပြီး စောင့်မျှော်နေရအုံးမှာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။