‘The Simpsons’ ကာတွန်းစီးရီးမှ အနာဂတ်မှာတကယ်ဖြစ်လာတဲ့ ထူးဆန်းဖြစ်ရပ်များ

အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို သင်ဘယ်တော့မှ မသိပါဘူး။ ဒါပေမယ့် The Simpsons ကာတွန်းတွေကို အနီးကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့ဖန်တီးသူတွေမှာ Magic 8-Ball (သို့) တစ်ခုခုရှိလိမ့်လို့ သင်စတွေးမိပါလိမ့်မယ်။

The Simpsons ကာတွန်းစီးရီးဟာဆိုရင် ဇာတ်ကားရဲ့ အပိုင်းတိုင်းလိုလိုမှာ အနာဂါတ် အဖြစ်ပျက် အတော်များများနဲ့ မတော်တဆ တိုက်ဆိုင်နေတာမျိုးကို အံ့သြဖွယ် တွေ့ရ ပါတယ်။ ဒီခန့်မှန်းချက်အချို့ကလည်း အံ့သြစရာကောင်းလောက်အောင် တိကျခဲ့တာကို တွေ့ရပါတယ်။

အီဗိုလာဗိုင်းရပ်စ်

တကယ့် အီဘိုလာဗိုင်းရပ်စ် မဖြစ်ပွားခင် ၁၇နှစ်လောက်တုန်းက The Simpsons ဖန်တီးသူတွေဟာ Marge က သားဖြစ်သူ Bart အား စာအုပ်တစ်အုပ်ပေးခဲ့ခြင်းဖြင့် သရုပ်ဖော်ခဲ့ကြပါတယ်။ စာအုပ်ရဲ့ခေါင်းစဉ်မှာ “Curious George and the Ebola Virus” ဖြစ်ပါတယ်။

မျက်လုံးသုံးလုံးနဲ့ငါး

 

The Simpsons ကာတွန်းစီးရီးဟာဆိုရင် ဇာတ်ကားရဲ့ အပိုင်းတိုင်းလိုလိုမှာ အနာဂါတ်အဖြစ်ပျက် အတော်များများနဲ့ မတော်တဆ တိုက်ဆိုင်နေတာမျိုးကို အံ့သြဖွယ် တွေ့ရပါတယ်။ ဒီခန့်မှန်းချက်အချို့ကလည်း အံ့သြစရာကောင်းလောက်အောင် တိကျခဲ့တာကို တွေ့ရပါတယ်။

 

မျက်လုံးသုံးလုံးရှိတဲ့ငါးက မြို့မှာ ကြီးမားသော ညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ သဘာဝအပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်ကြောင်း The Simpsons စီးရီး တစ်လျှောက် လုံးမှာ ဖော်ပြထားတဲ့ သင်္ကတတစ်ခုဖြစ််ပါတယ်။ အံ့သြဖွယ်ကောင်းတာက အလားတူငါးကို အာဂျင်တီးနားက အနုမြူစွမ်းအင်စက်ရုံအနီးမှာ တွေ့ရှိခဲ့ကြတာပါ။

ပထမမျိုးဆက် Ipod

ပထမဆုံး Ipod ကို Apple မကြေငြာခင် ငါးနှစ်က The Simpsons မှာ ဒီလိုတီထွင်မှုမျိုး ကို ဖော်ပြခဲ့ပြီးသားပါ။ ၁၉၉၆ခုနှစ် ဇာတ်လမ်းတွဲတစ်ခုမှာတွေ့မြင်ခဲ့ရတဲ့ ကိရိယာက ပထမမျိုးဆက် iOod ကိုဒီဇိုင်းသာမက တေးသီချင်းတွေ မက်ဆေ့ချ်ဆက်သွယ်မှုရဲ့ ရည်ရွယ်ချက်မှာလည်း ဆင်တူနေတာကို တွေ့ရပါတယ်။

World Trade Center ကြီးပြိုကျခြင်း

၂၀၀၁ ခုနှစ်ဇာတ်လမ်းတွဲဖြစ်သော Chain Gang Johnny” မှာ Johnny Bravo ကိုဖန်တီးသူတွေက 9/11 ရဲ့ဝမ်းနည်းဖွယ်အဖြစ်အပျက်တွေနဲ့ အမွှာမျှော်စင် ပြိုလဲခြင်းကို ကြိုတင်ခန့်မှန်းကြပါတယ်။ ဒီဇာတ်လမ်းတွဲကို တကယ့်ဘေးအန္တရာယ်မကျရောက်ခင် လအနည်းငယ်အလိုမှာ ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့အချက်ကြောင့် ဒါက သိမ်မွေ့နက်နဲတဲ့ သတိပေးမှုတစ်ခု ဖြစ်နိုင်သလားလို့ လူတွေတွေးခဲ့ကြပါတယ်။

ခရမ်းရောင်ဝတ်ဆင်ခဲ့တဲ့ Kamala Harris

ဒီကာတွန်းမှာ သမ္မတနဲ့အတူ အလုပ်လုပ်နေတဲ့ Harris ရဲ့ ကာတွန်းဗားရှင်းမျိုးမရှိခဲ့ပေမယ့် ၂၀၀၀ပြည့်နှစ်မှာ Lisa ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မဖြစ်လာခဲ့ပြီး အိမ်ဖြူ တော်ကို အမွေဆက်ခံခဲ့တဲ့ ‘Bart To The Future ‘လို့ခေါ်တဲ့ ဇာတ်လမ်းတွဲတစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ Harris ဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုရဲ့ ဒုသမ္မတ ဖြစ်လာတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့တာကြောင့် Simpsons ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံနဲ့ သိပ်မကွာပါဘူး။ ပြီးတော့ episode မှာလိုပဲ Trump ရဲ့သက်တမ်းကုန်ပြီးနောက်မှာ သူမရဲ့သမ္မတ သက်တမ်းစတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သူမရဲ့ အဝတ်အစားရွေးချယ်မှုကြောင့် ဒီနှစ်ခုအကြား ဆက်နွယ်မှုအကြောင်းကို လူတွေပြောစရာဖြစ်ခဲ့ပါတယ်။၂၀၀၀ခုနှစ်မှာ The Simpsons ဖန်တီးသူတွေဟာ Lisa ကို မီးခိုးရောင်အင်္ကျီ၊ ခရမ်းရောင်ကုတ်အင်္ကျီနဲ့ ပုလဲပုတီးလည်ဆွဲ၊ နားကပ်များ ဝတ်ဆင်ထားတာကို ဖော်ပြခဲ့ပါတယ်။။ အမေရိကန်လွှတ်တော် အဆောက်အုံကို Harris ရောက်လာချိန်မှာတော့ မီးခိုးရောင်အစား ခရမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားတာကလွဲရင် အားလုံးနီးပါး ထပ်တူကျနေတာကို တွေ့ရပါတယ်။

မဲပေးစက်မှားယွင်းမှု

The Simpsons က အနာဂတ်ကို တူညီစွာ ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့် လူများစွာ အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၀၈ခုနှစ်မှာ ဟိုးမားဟာ ရွေးကောက်ပွဲကာလအတွင်း ပြည်သူတွေက အိုဘားမားအတွက် မဲပေးခြင်းကို သရုပ်ဖော်ခဲ့ပါတယ်။ မဲပေးတဲ့စက်က မှားယွင်းသွားပြီး မဲတွေက Mitt Romney အတွက် အလိုအလျောက် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီဇာတ်ကားပြသလို့ လေးနှစ်ကြာပြီးနောက် ပဲင်စီလ်ဘေးနီးယားမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေပေးတဲ့ မဲတွေက Mitt Romney အတွက် ပြောင်းလဲသွားတာကြောင့် ပျက်သွားတဲ့စက်ကို ဖယ်ရှားခဲ့ကြရပါတယ်။

 စမတ်နာရီ

၁၉၉၅မှာ The Simpsons က သူ့တို့ရဲ့ဇာတ်ကောင်တွေကို ဖုန်းတစ်လုံးအဖြစ်လည်း အသုံးပြုနိုင်မယ့် Smart watch နာရီ ဝတ်ဆင်ထားတယ်ဆိုတာ ပြသခဲ့ပါတယ်။ နှစ် ၂၀ကြာပြီးနောက်မှာ တကယ့် Apple နာရီကို ဖြန့်ချီခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။