Wall -E (2008) Movie

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ စိတ်ဝင်စားစရာကောင်းပြီးချစ်ဖို့ကောင်းတဲ့ Animated ကားလေးတစ်ကားအကြောင်းပြောပြချင်ပါတယ်။

ကားတွန်းကားဆိုလို့ ကလေးတွေပဲကြည့်ရမယ်လို့ မတွေးစေချင်ပါဘူးနော်။ ခုကာတွန်းကားဟာဆိုရင် 2008 ခုနှစ်မှာထွက်ရှိထားပြီး IMDb မှာ rating 8.5/10 ထိရရှိထားတာဖြစ်ပါတယ်။ဒါရိုက်တာ Andrew Staton ကရိုက်ကူးခဲ့ပြီး $ million 180 ထိအကုန်အကျခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကာတွန်းကားက 2008 ခုနှစ်ရဲ့ အကောင်းဆုံး Animated Film ဆုကိုရရှိခဲ့တဲ့အပြင် Time မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်ကားမှာ နံပါတ် 1 နေရာကိုရရှိခဲ့ပါတယ်။ ဒီကားကတော့ ကမ္ဘာမြေပေါ်က စွန့်ပစ်ပစ္စည်းတွေ လိုက်လံသန့်ရှင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ အထီးကျန်စက်ရုပ်လေးကို အခြေခံရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ပြီးတော့ တစ်ကယ်လို့ ကမ္ဘာမြေကြီးကသာ စွန့်ပစ်ပစ္စည်းတွေများပြီး အပင်တွေမရှိတော့ဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ပတ်ဝန်းကျင်အနေအထားကိုလဲတွေ့မြင်ရမှာဖြစ်ပါတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအစမှာဆိုရင် Wall-Eဆိုတဲ့စက်ရုပ်လေးဟာ သူ့အလုပ်သူ့တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတယ်။ စွန့်ပစ်ပစ္စည်းတွေကို cube တုံးလေးတွေလုပ်ပြီး စီစီရီရီစီထားရတယ် သူက solar system နဲ့အားသွင်းရတဲ့ စက်ရုပ်လေးဖြစ်တယ်။သူ့အတွက် အထူးအဆန်းဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သူ့ရဲ့အိမ်ဖြစ်တဲ့ အမှိုက်သိမ်းကားအပျက်ထဲမှာစုထားလေ့ရှိတယ်။သူ့မှာ TV တစ်လုံးနဲ့ လူတွေကနေတဲ့ တိတ်ခွေတစ်ခွေရှိတယ် အဲ့ထဲကလူနှစ်ယောက်လက်တွဲထားတာကို သူအရမ်းသဘောကျတာ သူ့မှာ ပိုးဟပ် သူငယ်ချင်းလေးတစ်ကောင်တော့ရှိတယ်။

ပိုးကောင်လေးကိုမုန့်ကျွေးတယ် မုန်တိုင်းလာရင်သူ့အိမ်ထဲဝင်ခိုင်းတယ်။နောက်နေ့ကျတော့ သူပစ္စည်းတွေ လိုက်သိမ်းရင်း အပင်လေးတစ်ပင်ကိုတွေ့တော့ ဖိနပ်ထဲမှာစိုက်ထားလိုက်တယ်။ဖိနပ်ထဲမှာစိုက်ထားလိုက်တယ်။ဇာတ်ကားအစ မိနစ် (40)လောက်ထိက Wall-Eရဲ့လုပ်ဆောင်ပုံတွေကိုရိုက်ပြထားတာဖြစ်ပြီး အပြန်အလှန်စကားပြောဆိုမှုအရမ်းကိုနည်းတာကိုတွေ့ရပါတယ်။ အဲ့နောက်မှာတော့ အာကာသယာဉ် တစ်စီးရောက်ရှိလာပြီး EVE လို့​ဂြိုလ်သားစက်ရုပ်လေးWall-E နေရာကိုရောက်ရှိလာတယ်။

ကားတွန်းကားဆိုလို့ ကလေးတွေပဲကြည့်ရမယ်လို့ မတွေးစေချင်ပါဘူးနော်။ ခုကာတွန်းကားဟာဆိုရင် 2008 ခုနှစ်မှာထွက်ရှိထားပြီး IMDb မှာ rating 8.5/10 ထိရရှိထားတာဖြစ်ပါတယ်။ဒါရိုက်တာ Andrew Staton ကရိုက်ကူးခဲ့ပြီး $ million 180 ထိအကုန်အကျခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကာတွန်းကားက 2008 ခုနှစ်ရဲ့ အကောင်းဆုံး Animated Film ဆုကိုရရှိခဲ့တဲ့အပြင် Time မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်ကားမှာ နံပါတ် 1 နေရာကိုရရှိခဲ့ပါတယ်။

EVE ဟာဆိုရင်ကမ္ဘာမြေပေါ်မှာအပင်ရှိနေကြောင်းကိုသက်သေပြဖို့အတွက် အပင်ကိုရှာဖွေဖို့ တာဝန်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ EVE ဟာ ကမ္ဘာမြေပေါ်ကိုရောက်ရောက်ချင်း လိုက်ရှာတော့တာပဲ တွေ့သမျှကို scan ဖတ်ပြီး  လိုက်ပစ်တော့တာပဲWall-E ကိုတွေ့တွေ့ချင်းလဲ လိုက်ပစ်တာပဲ ပိုးဟပ်ကောင်လေးကြောင့် သူတို့နှစ်ယောက် ရင်းနှီးသွားတဲ့အချိန်မှာတော့ Wall-Eကသူ့နေရာလေးကိုခေါ်သွားပြီး သူစုဆောင်းထားတဲ့ ပစ္စည်းတွေ တစ်ခုပြီးတစ်ခုပြတယ်။

Wall-Eက သူသိမ်းထားတဲ့ အပင်လေးကို EVE ကိုပေးလိုက်တဲ့အချိန်မှာ scan ဖတ်လိုက်တော့ သူရှာနေတာဟုတ်တယ်ဆိုပြီး သူ့ကိုယ်ထဲသိမ်းလိုက်တဲ့ချိန်မှာတော့ EVE ဟာ သေသွားသလိုမျိုးမလှုပ်တော့ဘူး။Wall-E ကသူ့ကိုအမျိုးမျိုး ပြန်လှုပ်လာအောင်လုပ်ပေမယ့် ဘာမှမထူးခြားဘူး။ အဲ့အခန်းလေးက ကြည့်ရတာ ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဘာမှမလှုပ်မရှားပဲသေသလိုဖြစ်နေတော့ အရမ်းကိုဝမ်းနည်းဖို့ကောင်းတဲ့အခန်းလေးပါ။ အဲလိုနေရင်းနဲ့ တစ်ရက်မှာတော့ အာကာသယာဉ်က EVE ကိုလာပြန်ခေါ်တဲ့ချိန်မှာ Wall-E က ပိုးကောင်လေးကိုထားခဲ့ပြီး အတူတူလိုက်သွားခဲ့တယ်။ အာကာသခရီးတစ်လျှောက်မှာတော့ သူ့အတွက် အံ့ဩစရာတွေချည်းပဲဖြစ်နေတာပေါ့။

ယာဉ်စခန်းကိုရောက်သွားတဲ့အချိန်မှာ စစ်ဆေးရေးလုပ်တဲ့ချိန်မှာWall-E ရဲ့ အလွဲ အမျိုးမျိုးကို ဟာသ မြောက်အောင်လဲ ရိုက်ပြထားတာ အရမ်းကောင်းတယ်။ သူအာကာသယာဉ်ပေါ်ရောက်တော့ သူ့ကိုယ်မှာပါသွားတဲ့ မြေကြီးတွေကို သန့်ရှင်းရေးလုပ်ပေးရတဲ့ စက်ရုပ်လေးလဲရှိတယ်။ ကမ္ဘာမြေကြီးက စွန့်ပစ်ပစ္စည်းတွေအရမ်းများလာလို့ လူတွေအကုန်လုံးလဲ အာကာသပေါ်မှာနေနေရတယ်။

ဘာအလုပ်မှလုပ်စရာမလိုပဲ ခုံပေါ်မှာထိုင်ပြီး စားချိန်စား သောက်ချိန်သောက် ဖုန်းတွေပြောပြီးပဲနေနေရတော့ လူတွေက အရမ်းကိုဝပြီး အရိုးတွေက တဖြည်းဖြည်းနဲ့သေးလာကြတယ်။ အာကာသယာဉ် ကပ္ပတိန် တစ်ယောက်လဲရှိတယ်  သူကWall-E နဲ့ EVE တို့သူ့ဆီရောက်လာတဲ့ချိန်က Wall-Eကိုယ်ပေါ်မှာပါလာတဲ့ မြေကြီးကို internet ပေါ်ကနေ ရှာကြည့်ပြီး ကမ္ဘာမြေကိုအရမ်းကိုပြန်ချင်နေတာ။

အဲ့ဒါနဲ့ EVE ထဲမှာ ရှိတဲ့ အပင်ကို ယူပြီး ကမ္ဘာမြေပြန်ရအောင်လုပ်မယ်ဆိုမှ အပင်လေးကပျောက်သွားခဲ့တယ်။ သူတို့နှစ်ယောက်ကို ပြုပြင်ရေး စင်တာ ကိုပို့လိုက်ကြတယ် error ရှိတယ်ဆိုပြီးတော့ အဲ့ရောက်တော့Wall -Eကြောင့် ပြုပြင်ရေးsystem တစ်ခုလုံးပျက်သွားခဲ့တယ် အဲ့ချိန်ကျတော့Wall-E နဲ့ EVE တို့ကို အန္တရာယ်ရှိတဲ့စက်ရုပ်အဖြစ်ကြေညာလိုက်ကြတယ် သူတို့နှစ်ယောက်ပြေးရင်းနဲ့Wall-E က ယာဉ်ရဲ့အပြင်ဘက်ကိုရောက်သွားတယ် ။ အဲ့ချိန်မှာ EVE က စိုးရိမ်တကြီးနဲ့ ထွက်ပြီးကယ်တာကိုကြည့်ရင်း သူတို့နှစ်ဦး ချစ်ခြင်းမေတ္တာလေးတွေခံစားရတယ်။ အပင်လေးကိုပြန်ရပြီး ကပ္ပတိန်ဆီပြန်ပေးပြီး သူ့နေရာထဲထည့်ပေးတော့မယ့်အချိန်မှာ သမ္မတကြီးက ကမ္ဘာကြီးပေါ်ကို မပြန်ရဘူးလို့အမိန့်ထုတ်လိုက်တယ် အဲ့အမိန့်ကို ကပ္ပတိန်ကလက်မခံနိုင်ဘူး ရအောင်ပြန်ရမယ်ဆိုတော့ အဲ့ထဲမှာ Auto လို့ ခေါ်တဲ့ စတီယာရင် ရှိတယ် သူက system တစ်ခုလုံးကိုထိန်းပေးရတာ သူကဒီထဲမှာ ဗီလိန်ပေါ့နော်။

သူက သမ္မတအမိန့်အရ အကုန်လုံးက သူ့ကို အာဏာလွှဲထားတာ ကပ္ပတိန်ဘာမှလုပ်လို့မရအောင် ထိန်းချုပ်ထားလိုက်တယ် ။ကပ္ပတိန်ကလဲမရဘူး Wall-E ကိုပြောပြီး အပင်ကိုရအောင်သာယူခဲ့ ထည့်ရမယ့်နေရာကို သူဖွင့်ထားပေးမယ်ဆိုပြီးတော့ အဲ့ချိန်မှာဆိုရင် ကပ္ပတိန်နဲ့ စတီယာရင်ရဲ့ တိုက်ခိုက်နေပုံကိုကြည့်ရမှာပါနော်။ အဲ့လိုတိုက်ခိုက်နေကြတော့ အာကာသယာဉ်ကြီးက စောင်းသွားပြီး အကုန်လုံး ရှုပ်ထွေးကုန်တယ် ။ တခြားစက်ရုပ်တွေက Wall-Eတို့နှစ်ယောက်နောက်ကိုလိုက် သူတို့နှစ်ယောက်လဲ အပင်ကိုကာကွယ်ရင်းနဲ့  ပြေးနေကြရတယ်။ အဲ့ချိန်မှာ စတီယာရင်စက်ရုပ်က အပင်ထည့်မယ့်စက်ကိုပိတ်မယ့်အချိန်မှာ wall-Eကပိတ်လို့မရအောင် သူ့ခန္ဓာကိုယ်လေးနဲ့ ထိန်းထားတယ် ။နောက်တော့ အပင်လဲထည့်လို့ရသွားတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က memory တွေ လောင်ပြီး ကြေမွနေပြီ။အပင်ထည့်ပြီးတာနဲ့ ၁၀ စက္ကန့်အမြန်နှုန်းနဲ့ယာဉ်က ကမ္ဘာမြေပေါ်ကို ဆင်းသွားတယ် ။

ကမ္ဘာမြေပေါ်ကိုရောက်တော့ EVE က Wall-Eနေတဲ့နေရာကိုသွားပြီးတော့ ပျက်စီးနေတဲ့ Wall-Eခန္ဓာကိုယ်တွေ memory တွေလဲ ပေးတယ် ။Wall-Eပြန်ကောင်းလာတဲ့ချိန်မှာတော့ သူ့ရဲ့ memory က အသစ်ဖြစ်နေတော့ EVE ကိုမမှတ်မိတော့ဘူး ။သူမှတ်မိအောင် အမျိုးမျိုးကြိုးစားရင်းနောက်တော့ လက်ကိုင်တဲ့ video ကိုသတိရပြီး မှတ်မိသွားတယ်။ အာကာသယာဉ်ပေါ်ကလူတွေ ဘယ်လိုလုပ်ကိုင်ကြတယ်ဆိုတာတွေကို ကာတွန်းလေးတွေနဲ့ ထပ်ပြီးပြထားသေးတယ် ။အစကနေအဆုံး ကြည့်ရတာ ခံစားချက်အမျိုးမျိုးခံစားရစေတယ်။ အချစ်၊ဟာသ၊ဝမ်းနည်းမှု၊အနစ်နာခံမှု ရသအမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။ သင်ခန်းစာအနေနဲ့တော့ ကမ္ဘာမြေကြီးဟာ လူသားတွေအတွက် အကောင်းဆုံးရပ်တည်လို့ရတဲ့နေရာတစ်ခုဖြစ်တယ်။လူသားတွေ အသက်ရှင်နေထိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာတွေအကုန်လုံးကိုပေးစွမ်းနိုင်တယ်။ဒါကြောင့် ကမ္ဘာကြီးမပျက်စီးပဲ အမြဲတမ်းစိမ်းလန်းစိုပြေနေအောင် သစ်ပင်လေးတွေများများစိုက်ရအောင်နော်။သစ်တောပြုန်းတီးခြင်းမှ အတတ်နိုင်ဆုံးကာကွယ်ရအောင်။ ဇာတ်လမ်း အသေးစိတ် ရိုက်ကူးထားတာကို ခံစားချင်ရင်တော့ Wall-Eဆိုတဲ့ကားလေးမှာကြည့်လိုက်နော်။ အစအဆုံးဖတ်ရှုပေးတဲ့သူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။