ယနေ့ခေတ်လူအများစုက Single Life ကိုဘာကြောင့် ပိုကြိုက်လာကြတာလဲ?

Single Life

အခုခေတ်က Single ဖြစ်နေလို့၊ တစ်ကိုယ်တည်းဖြစ်နေလို့ ဝမ်းနည်းနေတယ်ဆိုတဲ့ခေတ်က ကုန်ခါနီးပါးဖြစ်နေပါပြီ။ ဘာကြောင့် လူအများစုက Single ဘဝကို ပိုခုံမင်လာကြတာလဲဆိုတော့ အကြောင်းပြချက်ကောင်းတွေရှိပါတယ်။ ဒီအကြောင်းပြချက်တွေကတော့-

၁။ တစ်ခြားလူအများအပြားနဲ့အချိန်ကုန်ရတာက ပိုပျော်ဖို့ ကောင်းပါတယ်

လူအများစုက ကိုယ့်အလုပ်အကိုင်၊ ကိုယ့်မိသားစုဘဝ၊ အပေါင်းအသင်းတွေကို ပိုဂရုစိုက်လာတတ်ကြပါတယ်။ သူတို့ဘဝကို အချစ်ရေးက ထိန်းချုပ်တာမျိုးမလိုချင်ကြပါဘူး။ သူတို့ကိုယ်သူတို့ Single လို့ပြောရတာကိုက ဂုဏ်ယူစရာဖြစ်လာတတ်ပါတယ်။

၂။ အမျိုးသမီးတွေက အမှီခိုကင်းခြင်းဆိုတာကို ပိုမက်မောလာကြတယ်

အမျိုးသမီးတွေက သြဇာအာဏာရှိခြင်း၊ လွတ်လပ်ခြင်းစတဲ့အရာတွေကို နှစ်သက်ကြပါတယ်။ ရည်းစားထားတဲ့အခါ သူတို့လွတ်လပ်မှုပျောက်သွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဘဝမှာ ကိုယ့်ရည်မှန်းချက်တွေပြည့်မှ အချစ်ရေးကို အာရုံထားတော့မယ်ဆိုတာမျိုး ပိုများလာကြပါတယ်။

၃။ အသက်အရွယ်ရလာတာနဲ့အမျှ Single Life က ပိုကောင်းတဲ့ ရွေးချယ်စရာဖြစ်လာတယ်

အသက် ၄၀ ကနေ ၈၅ နှစ်အရွယ်တွေကို လေ့လာမှုလုပ်တဲ့အခါ တစ်ကိုယ်တည်းဘဝကို ပိုသဘောကျကြကြောင်း ထွက်ရှိလာပါတယ်။ အသက်ရလာတာနဲ့အမျှ ပိုစဉ်းစားတတ်လာကြပြီး တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတတ်ကြပါတယ်။

၄။ လူအများစုက အတည်တွဲချင်စိတ်မရှိကြတော့ဘူး

လူတစ်ယောက်ကို အတည်တွဲမယ်ဆိုတဲ့စိတ်ကူးနဲ့ ချစ်သူရှာနေတဲ့လူအများစုက Single ဖြစ်သွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ ကိုယ့်ကို ဂရုစိုက်ပြီး တန်ဖိုးထားတဲ့လူ ရှားလာလို့ပါ။ ဒီတော့ လူတွေက ဒီအရာအတွက် အချိန်မပေးချင်ကြတော့ပါဘူး။

အခုခေတ်က Single ဖြစ်နေလို့၊ တစ်ကိုယ်တည်းဖြစ်နေလို့ ဝမ်းနည်းနေတယ်ဆိုတဲ့ခေတ်က ကုန်ခါနီးပါးဖြစ်နေပါပြီ။ ဘာကြောင့် လူအများစုက Single ဘဝကို ပိုခုံမင်လာကြတာလဲဆိုတော့ အကြောင်းပြချက်ကောင်းတွေရှိပါတယ်။ ဒီအကြောင်းပြချက်တွေကတော့-

၅။ ယုံကြည်ဖို့ ခက်လာတတ်တယ်

အချစ်ရေး ကံဆိုးခဲ့ဖူးသူက နောင်လာမယ့်အရာတွေကို ယုံကြည်ဖို့ ခက်ခဲသွားတတ်ကြပါတယ်။ချစ်ဖို့ကြောက်လာကြတယ်။ လူတစ်ယောက်ကိုလွယ်လွယ်ကူကူနဲ့ ချစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ယောက်ထားခဲ့ရင်လည်းသူအပေါ်အမြဲသံသယစိတ်တွေနဲ့ ပြည့်နက်နေလဲရှိတတ်ပါတယ်။ ဒါကြောင့်လူတိုင်းကိုမယုံကြည်ရဲပဲဖြစ်နေတော့တယ်။

၆။ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိကြလို့

ငါက ရည်းစားထားဖို့ ပိုက်ဆံမရှိဘူး.. ငါကမလှဘူး.. ငါ့ကို ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိမှုတွေကို ယနေ့ခေတ်လူအများစုဆီမှာတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရည်းစားထားပြီး အပူမရှာဘဲ တစ်ယောက်တည်း နေတတ်လာကြပါတယ်။

၇။ သူတို့ဘဝအတွက်ပဲ ကြိုးစားချင်လာကြတယ်

သင်က တစ်ကိုယ်တည်းသမားဆိုရင် သင့်ဘဝအတွက် အာရုံစိုက်ဖို့ အချိန်ပိုရှိလာပါတယ်။ တခြားတွေးစရာအများအပြားမရှိတော့ပါဘူး။သဝန်ဖို့လဲမရှိတော့သလို ဘယ်ချိန်များအထားခံခဲ့ရမလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေမရှိတော့ပါဘူး။ ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့အတွက်ပဲ အာရုံပိုစူးစိုက်လာကြတာကြောင့် တစ်‌ယောက်တည်းနေသားကြပြီး Single ဘဝမှာတင်ပျော်ရွင်နေကြတာဖြစ်ပါတယ်။

Source: Brightside.me

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Single Life