Samsung က August လ ၅ရက် နေ့ မှာ ကျင်းပခဲ့တဲ့ Virtual Galaxy Unpacked ပွဲ မှာ Galaxy Note 20 နဲ့ Galaxy Note 20 Ultra ကို မိတ်ဆက် ပြသ ခဲ့ ပါတယ်။ အဲ့ ဒီထဲက မှ Galaxy Note 20 ကတော့ Galaxy Note 20 Ultra နဲ့ ထင်ထားတာထက်ကို ပိုပြီး အများကြီး ကွာခြားမှု တွေရှိနေတာကို တွေ့ရ ပါတယ်။ ကွဲပြားခြားနားတွေ အများကြီး ရှိနေပေမဲ့ စျေးနှုန်း ကတော့ သိပ်နိမ့် မနေ ပြန်တာကို တွေ့ရပါတယ်။ Samsung က Galaxy Note 20 အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ရွေးချယ်မှု အချို့ ပြုလုပ်ခဲ့ပါတယ်။ အဲ့တာကတော့ Galaxy Note 20 ရဲ့ chipset နဲ့ အခြားအစိတ်အပိုင်းတွေကို Galaxy Note 20 Ultra နဲ့ အတူတူ ပဲ သုံး ထားတာပေမယ့် တချို့ မပါ တဲ့ အရာတွေကြောင့် သုံးစွဲသူတွေကို Galaxy Note 20 Ultra ကို  ပဲ ၀◌ယ် အောင် တွန်းအား ပေးနေသလို ဖြစ်နေပါတယ်။

          နှစ်ခုလုံးထဲမှာမှ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေတာကတော့ Galaxy Note 20 Ultra ဖြစ်ပြီး 120Hz display, 108MP camera နှင့်အခြားအရာများကဲ့သို့သော စွမ်းဆောင်ရည်မြင့် features တွေ ထည့်သွင်း ပေးထားတာ ကို တွေ့ရပါတယ်။ ၂၀၂၀ flagship phone တွေမှာ ပါသင့် တဲ့ specs/features တွေအားလုံး ပါ တာကိုတွေ့ရပါတယ်။ သူတို့ ရဲ့ အဓိက specs တွေကိုတော့ အောက်ပါ အတိုင်းတွေ့ရ မှာပဲ ဖြစ်ပါတယ်။

  Galaxy Note 20 Galaxy Note 20 Ultra
Operating System Android 10
One UI 2.5
Android 10
One UI 2.5
Display 6.7-inch
AMOLED
2400 x 1080
60Hz refresh rate
6.9-inch
AMOLED
3088 x 1440
120Hz refresh rate
Processor Qualcomm Snapdragon 865+ Qualcomm Snapdragon 865+
Memory 8GB LPDDR5 12GB LPDDR5
Storage 128GB 128GB
512GB
Expandable Storage
Rear Camera 1 12MP primary
f/1.8
OIS
108MP primary
f/1.8
OIS
Rear Camera 2 64MP telephoto
f/2.0
3x hybrid zoom
12MP telephoto
f/3.0
5x optical zoom
Rear Camera 3 12MP ultra-wide
f/2.2
12MP ultra-wide
f/2.2
Front Camera 10MP
f/2.2
10MP
f/2.2
Battery 4,300 mAh 4,500 mAh

Note 20 နဲ့ Note 20 Ultra အကြားကွာခြားချက်တွေ ထဲကမှ သိသာတဲ့ တစ်ချက်ကိုပြော ရမယ်ဆို ရင် display ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ဖုန်းတစ်ခုချင်းစီမှပံ့ပိုးပေးထားတဲ့ Refresh Rate ပဲဖြစ်ပါတယ်။ Galaxy Note 20 Ultra ကို 120Hz ဖန်သားပြင် တပ်ဆင်ထားပြီး user တွေအနေနဲ့ 120Hz panel မှ ချောမွေ့တဲ့ animation များကိုရရှိ မှာြဖစ်ပြီး Note 20 မှာတော့ 60Hz အထိပဲ ပါရှိလို့ သိပ်ပြီး စျေးနှုန်းမကွာတဲ့ Note 20 Ultra နဲ့ ယှဉ် လိုက်ရင်တော့ အတော်လေးကို အားမရစရာ ဖြစ်နေပါတယ်။

နောက်ထပ်သိသာနေတဲ့ ကွာဟချက်ကတော့ Phone body အတွက်သုံးထား တဲ့ ပစ္စည်း ပဲ ဖြစ်ပါတယ်။ Note 20 Ultra အတွက် metal နဲ့ glass construction ကို အသုံးပြုပေးထားပြီး Note 20 အတွက် ကတော့ frame အတွက်က stainless steel ကို အသုံးပြုထားပေမယ့် back panel အတွက် ကို plastic ကိုပဲ အသုံးပြုထားတဲ့အတွက် ပေးရတဲ့ စျေးနဲ့ သိပ် မတန်ဘူးလို့ ခံစားရပါတယ်။ ဒါ့အပြင်အခြား RAM, storage, battery life နဲ့ cameras တွေရဲ့ စွမ်းဆောင်ရည်တွေပါ ထည့်ပေါင်းစဉ်းစား လိုက်ရင် Note 20 ဟာ Note 20 Ultra နဲ့နှိုင်းယှဉ်လိုက် ရင် လုံးဝ ကွဲပြား တဲ့ ကိရိယာတစ်ခု လိုဖြစ်နေပါတယ်။ Samsung ကဒီ Galaxy Note 20 series ကို August 21 ရက်နေ့မှာ officially စတင် launch လုပ်မှာဖြစ်ပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။