ယခုလို အချိန်ကာလ မျိုးမှာ Attendance Record ယူရတာ အခက်အခဲရှိနေပါသလား?

ယခုလို အချိန်ကာလ မျိုးမှာ စက်ရုံ၊ ကုမ္ပဏီရှိ ဝန်ထမ်းများ အခက်ခဲ မဖြစ်ရလေအောင် Fingerprint နှိပ်ရန်မလိုအပ်ဘဲ Attendance အတွက် Mobile Phone မှ GPS Check In-Out လုပ်၍ အသုံးပြုနိုင်မည့် Jarviz Application အား အခမဲ့ သုံးစွဲနိုင်ပါတယ်ခင်ဗျား။

Jarviz Application မှ Feature များ၏အသုံးဝင်ပုံအား ရှင်းပြပေးချင်ပါတယ်။ Jarviz Application တွင် Check in/Check Out , Leave Request , Petty Cash , Operation Log ဆိုပြီး Feature ၄ ခုပါဝင်ပါတယ်။

  • ၀န်ထမ်းတွေအနေနဲ့ Jarviz Mobile Application မှ GPS ဖွင့်ပြီး မည်သည့်အချိန်၊မည်သည့် နေရာ မဆို လွယ်ကူစွာ Check in/Out လုပ်နိုင်ပါတယ်။ ဒါ့ပြင် Attendance History ကိုလည်း ပြန်စစ်ဆေးနိုင်ဦးမှာပါ။ Check in/Out report များကိုလဲ အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။
  • Check in လုပ်ရာတွင် မိမိ၏ ပုံ(သို့) တည်နေရာကို ကင်မရာမှ ဓာတ်ပုံရိုက်၍သာ မှတ်တမ်းတင်နိုင်သောကြောင့် တိကျတဲ့ Location နဲ့ Attendance ကို ရရှိနိုင်ပါတယ်။ Photo Gallery မှ ဓာတ်ပုံများကို ရွေးချယ်လို့ မရသောကြောင့် လိမ်လည်ပြီး Check In တင်သည်များကိုလဲ တားဆီးနိုင်ပါတယ်။
  • ခွင့်တိုင်ချင်တယ်ဆိုရင် ခွင့်စာအဆင့်ဆင့်ရေးစရာမလို၊ ဖုန်းဆက်စရာမလိုပဲ ကိုယ့်ရဲ့ Mobile phone ထဲက Jarviz Mobile Application နဲ့အလွယ်တကူခွင့်တိုင်ကြားလို့ရပါတယ်။ HR ဘက်ကလည်း Website မှ Approve ပေးရရုံပဲဆိုတော့ အရင်ကထပ် အလုပ်ရှုပ်သက်သာပါတယ်။
  • ဒါ့အပြင် Petty cash နဲ့ Operation Log တွေကိုလဲ အလွယ်တကူ ဆောင်ရွက်နိုင်ပါတယ်။
  • Petty cash Feature မှ ဝန်ထမ်းများ အသေးစားသုံးငွေများကို အလွယ်တကူ တောင်းခံနိုင်ပါတယ်။

Petty cash Feature ကို အသုံးပြုပြီး တောင်းမည်ဆိုလျှင် စက္ကူစာရွက်များကို ထပ်သုံးစရာ မလိုတော့ပါ။ တောင်းခံမည့် အသေးစားသုံးငွေများ၏ ဘောင်ချာစာရွက်များကိုလဲ ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်သောကြောင့် တိကျသေချာပါတယ်။ တာဝန်ရှိသူဘက်မှလဲ Website မှ

ကြည့်ရှုစစ် ဆေးပြီး Approve ပေးရရုံပဲဆိုတော့ လွယ်ကူစွာ သုံးနိုင်ပါတယ်။ Petty cash Feature ကို သုံးခြင်းအားဖြင့် ငွေကြေးလိမ်လည်မှုများကို စုံစမ်းတားဆီးနိုင်ပါတယ်။

  • Operation log feature ကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းများနေ့စဉ်အလုပ်မှတ်တမ်းများတင်နိုင်ခြင်း၊ အလုပ်ရှင်မှလည်း ဝန်ထမ်းများ လုပ်ငန်းတာဝန်များကို လွယ်ကူစွာ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။
  • ထို့အပြင် ရုံးတွင်းကြေညာချက်သတင်းများကိုလည်း Jarviz App တွင် ကြေညာနိုင်ပါတယ်။

Jarviz Mobile Application မှာ Check In-Out, Leave Request, Petty Cash , Operation Log Features တွေလဲ ပါဝင်သောကြောင့် HRတိုင်းအတွက် အလွန်အကျိုးပြုစေမယ့် Mobile Application တစ်ခုဆိုတာ အသေချာပါပဲ။ဒီ Jarviz Application ကို သုံးစွဲချင်တယ်ဆိုရင် App Store (သို့) Google Play Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်ခင်ဗျာ။

iOS ကို အောက်ကလင့်ကနေ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။

https://apps.apple.com/en/app/jarviz/id1486572595?l=en

Android အတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုဒ် ဆွဲနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.fusionsol.jarvis

Reference: JarvizApp

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။