iOS 16.1 beta ဟာ iPhone Mini မှာ Apple ရဲ့ ရုပ်ဆိုးတဲ့ battery percentage indicator အသစ်ကို ထည့်သွင်းထား

This isn’t an iPhone Mini, but it’s what the indicator looks like. Photo by Victoria Song / The Verge

Apple က ပထမဆုံး iOS 16.1 beta ကို developer တွေထံ ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ခဲ့ပြီး ၎င်းဟာ iPhone 13 (သို့မဟုတ်) 12 Mini ၊ iPhone 11 ဒါမှ မဟုတ် iPhone XR ပါတဲ့ iPhone အသုံးပြုသူ တွေကို iOS 16 တွင် ထည့်သွင်း ထားတဲ့ battery percentage indicator အသစ်ကို ဖွင့်နိုင် ခဲ့ကြောင်း MacRumors မှ သိရ ပါတယ်။

iOS 16 မတိုင်မီမှာ notches ရှိတဲ့ iPhone တွေက status bar မှာ ၎င်းတို့ရဲ့ battery percentage ကို မမြင်နိုင် သော်လည်း Apple က ၎င်းရဲ့ နောက်ဆုံးထွက် ဆော့ဖ်ဝဲ အပ်ဒိတ်ဖြင့် အချို့သော notched ဖုန်းတွေ အတွက် feature ကို ထည့်သွင်း ထားပါတယ် ။

indicator က နေရာ အချို့ကို ချွေတာဖို့ စမတ်ကျသော နည်းလမ်း ဖြစ်တဲ့ battery icon တစ်ခု အတွင်း နံပါတ် တစ်ခုကို ထည့်သွင်း ထားသော်လည်း ၎င်းဘက်ထရီအား ဘယ်လောက် ပြည့်ကြောင်း အခြား မြင်သာတဲ့ အချက်ပြမှုမျိုး မရှိပါဘူး ။

ဆိုလိုတာ ကတော့ ဥပမာ ၊ ဘက်ထရီက ၃၃ ရာခိုင်နှုန်း ရှိလျှင် ဘက်ထရီ အိုင်ကွန်က “အပြည့်” ပေါ်လာ တာပဲ ဖြစ်ပါတယ်။ ( ဒါကတော့ Apple ရဲ့ ဒီဇိုင်း အသစ်ကို ဘယ်လို တိုးတက်အောင် လုပ်နိုင်မလဲ ဆိုတဲ့ အယူအဆ တစ်ခုပါ။ )

Feature က ကြီးကျယ်ပုံ မရ သော်လည်း၊ ၎င်းက အသုံးဝင်တဲ့ ရွေးချယ်မှု option တစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး iOS 16 မှာ Apple က ၎င်းကို iPhone 13 Mini ၊ 12 Mini ၊ iPhone 11 ( သို့မဟုတ် ) XS မှာ စတင် အသုံးပြု နိုင်ခြင်း မရှိတဲ့ အတွက် စိတ်ပျက် နေမိပါတယ်။

သို့သော် iOS 16.1 beta မှာ အဆိုပါ စက်ပစ္စည်း တွေက ယခု အသုံးပြု နိုင်ပြီ ဖြစ်သောကြောင့် မကြာမီ အချိန် အတွင်း iOS 16.1 ရဲ့ beta ဖြန့်ချိမှု၏ တစ်စိတ် တစ်ပိုင်း အဖြစ် ၎င်းကို ပိုမို ကျယ်ပြန့်စွာ ရရှိ နိုင်လိမ့်မယ် ဟု မျှော်လင့် မိပါတယ်။

iPhone 12 Mini မှာ indicator ကို ဖွင့်ဖို့ ၎င်းတို့ကို အဆက်မပြတ် စစ်ဆေး တွေ့ရှိ တာတွေ ရှိနေ သောကြောင့် battery percentages တွေကို ပိတ်ထားလေ့ ရှိပါတယ် ။

ဒါပေမယ့် Apple က indicator ရဲ့ ဒီဇိုင်းကို ပြင်မယ် ဆိုရင်၊ အဲဒါက အရမ်းကို ကောင်းမွန်တဲ့ အချက်တစ်ချက် ဖြစ်လာမှာ သေချာ ပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။