PlayStation5 နှင့် Xbox Series X တို့ အကြောင်းကို နှိုင်းယှဉ်ချက်

ယခု ဆောင်းပါးတွင် ကျွန်တော် ပြောပြချင်သော အကြောင်းအရာမှာ Console Gaming လောကကို လွှမ်းမိုးထားသော Company ကြီး နှစ်ခုဖြစ်သည်။ Sony မှ ထွက်ရှိမည့် PlayStation5 နှင့် Microsoft Company မှ ထွက်ရှိမည့် Xbox Series X တို့ အကြောင်းကို နှိုင်းယှဉ်၍ ရေးသားသွားမည် ဖြစ်ပါသည်။

Design

Xbox series X ဟာ black color ကုဗတုံး ပုံစံရှိပြီး သူ၏ အလျား x အနံ x အမြင့်မှာ 15.1cm x 15.1cm x 30.1 cm ဖြစ်သည်။ သူ၏ အလေးချိန်မှာ 4.45kg / 9.8lbs သာရှိသည်။ သူတွင် HDMI 2.1 port ပါဝင်ပြီး USB 3.2 port 3 port ပါဝင်သည်။ သူတွင် Memory Storage ထက်စိုက်နိုင်သော expanded storage slot လဲ ပါဝင်ပါသေးသည်။

Playstation 5 သည် white, black, blue အရောင် သုံးရောင်ကို အသုံးပြုထား‌ကာ အောက်ခြေပိုင်းတွင် အဝိုင်းပုံစံ အသုံးပြုထားသည်။ အပေါ်သို့ လေးထောင့် ပုံစံ ကွေး၍ တက်သွားသည်။ PS5 တွင် USB port နှင့် USB-C port ဟူ၍ နှစ်ပေါက် ပါဝင်သည်။ သူတွင်လည်းXbox series X နည်းတူ expandable slot ပါဝင်သည်။  Design ပိုင်းတွင် PS5 သည် console ၏ အနာဂတ်ဟု ဆိုနိုင်အောင်ပင် လှပစွာ ဖန်တီးထားသည်။

Specification and Performance

Specificationကို ကြည့်မည်ဆိုလျှင် PS5 နှင့် Xbox X နှစ်ခုလုံးတွင် 8core AMD Zen2 အား အသုံးပြုထားသည်။ Xbox X သည် Core တစ်ခုခြင်းစီသည် 3.8MHz အထိ မြန်နှုန်း ရှိပြီး PS5 သည် 3.5 MHz အမြန်နှုန်းသာ ရှိသည်။ PS5 နှင့် Xbox X နှစ်ခုလုံးသည် RAM ကို 16GB GDDR6 အား အသုံးပြုထားပြီး Resolution ကို 8K 120 fps ထိ ရရှိနိုင်စေရန် target ထားထားကြသည်။ optical disc drive အားလည်း 4K UHD Blu-ray အား အသုံးပြုထား ကြသည်။ GPU တွင် XBox X သည် 12.0 teraflop AMD RDNA ကို အသုံးပြုပြီး PS5 သည် 10.3 teraflop AMD RDNA သာ အသုံးပြုထားသည်။ teraflop တစ်ခုသည် 1 sec တွင် operation 10 ခုမှ 12ခုထိ အလုပ်လုပ်နိုင်သည်။ 1.7 teraflop ကွာခြားချက်သည် graphic operation တွင် အတော်အတန် သိသာသည်။ ထိုပြင်သာမက PS5တွင် storage ကို 825 GB SSD သာပါရှိပြီး Xbox X တွင် 1TB SSD အထိပါရှိသည်။

Specification တွင် Xbox X သည် PS5 ထက် သာလွန်သောလည်း Performance တွင် သာလွန်နိုင်မည်မှာ မသေချာပေ။ အဘယ်ကြောင့်ဆိုသော specificationနှစ်ခုအား နှိုင်းယှဉ်ရာတွင် ကွာခြားမှု သိပ်အများကြီးမရှိချေ။ ထိုသာမက Game များသည် console ၏ ပေးနိုင်သော performance ကို အစွန်းဆုံထိ အသုံးပြုနိုင်ရန် လိုအပ်သေးသည်။ PS5 ၏ ပေါက်ဈေးသည် 500 USD ဝန်းကျင်ဟု ခန့်မှန်းမှုများ ရှိနေသောလည်း X box Series X အတွက် ခန့်မှန်းမှုများ မရှိလာသေးပါ။ သို့သော် Microsoft Company မှ တာဝန်ရှိသူ XBox Series X development cheif Jason Ronald သည် XBox Series X သည် PS5 ထက် price, performance, quality တစ်ခုမှ ယှဉ်ပြိုင် ရှံးနှိမ့်စရာ မရှိဟု ဖြေကြားထားသည့်အတွက် ပေါက်ဈေးမှာ PS5 နှင့် မတိမ်းမယိန်း ဟု ခန့်မှန်းသိရှိနိုင်သည်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။