Google က Windows PC တွေမှာ Android Games တွေရဲ့ Beta ကို စတင်ဖြန့်ချီ

Google က Windows PC တွေမှာ Android Games တွေကို ယူဆောင် လာဖို့ ၎င်းရဲ့ အကန့်အသတ်ရှိတဲ့ beta App ကို စတင် လိုက်ပါတယ်။ Google Play Games ကို ယနေ့ ဟောင်ကောင် ၊ တောင်ကိုရီးယား နှင့် ထိုင်ဝမ် တို့မှာ beta version ရရှိ နိုင်စေမှာ ဖြစ်ပြီး ၊ Windows PC ပိုင်ရှင်တွေဟာ Mobile Legends ၊ Summoners War ၊ State of Survival နှင့် Three Kingdoms Tactics ကဲ့သို့သော နာမည်ကြီး Android Games တွေကို ဆော့ကစား နိုင်စေမှာပဲ ဖြစ်ပါတယ်။

ဟောင်ကောင် ၊ တောင်ကိုရီးယား နှင့် ထိုင်ဝမ်ရှိ Players တွေက စမ်းသပ်ဆော့ဖ်ဝဲ beta ကို ဝင်ရောက် ကြည့်ရှုဖို့ နှင့် Windows PC တွေမှာ Google ရဲ့ သီးခြား App တစ်ခု (Google’s standalone app ) ကို ဝင်ရောက် ကြည့်ရှု နိုင်မှာပဲ ဖြစ်ပါတယ် ။ Google က ဖုန်း ၊ တက်ဘလက် ၊ Chromebook နှင့် Windows PC ကြားမှာ အဆင်ပြေစေတဲ့ ဂိမ်းကစားနည်းတွေ အတွက် ကတိ ပေးထားပြီး ၊ စက်အများအပြား ကြားမှာ ဂိမ်းတွေကို အလွယ်တကူ ပြန်လည် စတင် နိုင်စေလိမ့် ဟု အကြံပြုထား ပါတယ်။

” Players တွေက မောက်စ်( mouse ) ၊ ကီးဘုတ်( keyboard ) တို့ဖြင့် ပိုကြီးတဲ့ screens တွေကို အသုံးပြုပြီး ၎င်းတို့ရဲ့ PC တွေမှာ နှစ်သက်ရာ မိုဘိုင်းဂိမ်း တွေကို အလွယ်တကူ ရှာဖွေ ကြည့်ရှုကာ ဒေါင်းလုဒ် လုပ်ပြီး ကစားနိုင်တယ် ” ဟု Google Play Games အဖွဲ့မှ ထုတ်ကုန် မန်နေဂျာ Arjun Dayal က ပြောကြား ခဲ့ပါတယ်။ “စက်ပစ္စည်းတွေ အကြား တစ်ခုမှတစ်ခု ပြောင်းလဲ အသုံးပြုတဲ့ အခါ တိုးတက်မှုတွေ ( သို့မဟုတ် ) အောင်မြင်မှုတွေကို မဆုံးရှုံးတော့ပါဘူး ။ ၎င်းက Google Play Games profile နှင့်သာ လုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။”

Google Play Games က PC တွေပေါ်မှာ Android Games တွေကို ကစားနေစဉ် ရရှိနိုင်တဲ့ Play Points လည်း ပါဝင်မှာ ဖြစ်ပါတယ် ။ Google က လွန်ခဲ့တဲ့ တစ်လ ကပင် PC တွေမှာ Android Game တွေကို ယူဆောင်လာဖို့ အစီအစဉ်ကို ကြေညာခဲ့ သော်လည်း Windows PC တွေမှာ အသုံးပြုတဲ့ Android Game တွေ ရရှိစေဖို့ ကုမ္ပဏီက ဘယ်လို နည်းပညာတွေကို အသုံးပြု နေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး ။ Google Play Games App ဟာ ဂိမ်းဆော့ဖ်ဝဲ ကြည့်ရှုခြင်းတွင် မပါဝင်တဲ့ မူရင်း Windows အက်ပ် တစ်ခု ဖြစ်ပြီး ယနေ့တွင် Google က ဂိမ်းဆော့ဖ်ဝဲ ရေးဆွဲသူတွေ အတွက် အချက်အလက်တွေ ပိုမို ပေးဆောင် သင့်တဲ့ developer site ကို ယနေ့ ဖွင့်လှစ် ပေးလျက် ရှိပါတယ် ။ Microsoft က Windows 11 PCတွေမှာ Android App တွေကို စတင် စမ်းသပ်ပြီးနောက် လအကြာမှာ Google ရဲ့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ် ။ Microsoft က Android အတွက် အရင်းခံ Windows Subsystem တစ်ခုကို တည်ဆောက် ထားပြီး၊ အရင်းအမြစ် အမျိုးမျိုးမှ Android အက်ပ်များကို အသုံးပြု နိုင်ပါတယ် ။

Google Play Games syncs gameplay sessions across multiple devices. Image: Google

Microsoft ဟာ Windows ပေါ်ရှိ Amazon Appstore မှ မူရင်း ဂိမ်းတွေနှင့် App များကို ထည့်သွင်း ခွင့်ပြုရန် Amazon နှင့် ပူးပေါင်း၍ အသုံးပြုပေမယ့် ဖြေရှင်းနည်းများ ရှိနေသော်လည်း Google Play ကို တရားဝင် ပံ့ပိုး မပေးသေးပါဘူး။ Google Play Games စမ်းသပ် ဆော့ဖ်ဝဲကို ယနေ့ နိုင်ငံ သုံးနိုင်ငံမှာ သာ ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။