Twitch Streaming ဟာ Xbox Dashboard ဆီကို ပြန်သွား နေပါတယ်

Microsoft က Twitch streaming integration ကို Xbox dashboard ဆီသို့ တိုက်ရိုက် ပြန်လည် ယူလာ ပါတယ်။

Twitch က players များအား service သို့ တိုက်ရိုက် stream ခွင့် ပြုဖို့ original Snap interface ကို အသုံးပြု၍ 2014 ခုနှစ်တွင် Xbox One dashboard မှာ တိုက်ရိုက် ပေါင်းစပ်ပြီး ပထမဆုံး ပေါ်လာ ခဲ့ပါတယ်။

ယခု ၎င်းဟာ အလားတူ ပေါင်းစပ်မှု နှင့် webcam support ဖြင့် Xbox Guide interface ဆီကို ပြန်လည် ရောက်ရှိ နေပြီပဲ ဖြစ်ပါတယ်။

Alpha နှင့် Skip-Ahead alpha Xbox testers တွေဟာ ပေါင်းစပ်မှုအသစ် ( new integration ) ကို ယခု အချိန်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပြီး အသုံးပြုရ လွယ်ကူ စေပါတယ်။ Game volume အတိုး အကျယ် ( သို့မဟုတ် ) Microphone volume အတိုး အကျယ်ကို ချိန်ညှိ နိုင်မှာပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေ ထံကနေ party audio ကို ထည့်သွင်း နိုင်မှာ ဖြစ်ပြီး viewers တွေရဲ့ စာရင်း ( list ) နှင့် games ရဲ့ အပေါ် ဆုံးမှာ ထပ်ဆင့် လွှင့်မှု ( overlay ) တစ်ခု နှင့်အတူ ဘယ်လောက် ကြာကြာ stream လုပ်ထားတယ် ဆိုတာကို ကြည့်ရှု နိုင်မှာပဲ ဖြစ်ပါတယ်။

Twitch integration မှာ 500kbps တွင် 360p ကနေ 6500kbps တွင် 1080p အထိ ကြည်လင် ပြတ်သားမှု ( resolution ) နှင့် bit နှုန်း ( bitrates ) တွေကို ပြောင်းပေး နိုင်တဲ့ စွမ်းရည် လည်း ပါဝင် လာပါတယ် ။

Microsoft က USB webcams တွေ ကိုလည်း ပံ့ပိုး ( support ) ပေးထားပြီး Plug-and-play အများစုက Twitch streaming အတွက် ကင်မရာရွေးချယ်မှု ( camera option ) တစ်ခု အဖြစ် လုပ်ဆောင် သင့်ပါတယ်။

Twitch က ၎င်း၏ ကိုယ်ပိုင် app အတွင်းမှာ Xbox streaming support ပါရှိ သော်လည်း 2017 ခုနှစ်တွင် Microsoft မှ ၎င်း၏ Snap feature နှင့် Twitch ပေါင်းစည်းမှု ( integration ) ကို ဖယ်ရှား ခဲ့တဲ့ ပြီးနောက် dashboard ဆီကို ပေါင်းစည်းခြင်း ( integration ) ဟာ ပြန်ပြီ ကြိုဆိုမှု တစ်ခု ပဲ ဖြစ်ပါတယ်။

Microsoft ဟာ Xbox testers တွေ နှင့်အတူ ၎င်းကို အပြည့်အဝ စမ်းသပ်ခဲ့ ပြီးတာနဲ့ ဒီ Twitch ပေါင်းစပ်မှု အသစ် ( new Twitch integration ) ကို လာမည့် လတွေ အတွင်းမှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ရှိ လာမည်ဟု ကျွန်ုပ်တို့ မျှော်လင့် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။