Apple Music က ( PlayStation 5 ) PS5 မှာ တရားဝင် ဖြန့်ချိ လိုက်ပါတယ်

Illustration by Alex Castro / The Verge

Apple Music က gaming console တစ်ခု သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး ၎င်းဟာ PlayStation 5 ပဲ ဖြစ်ပါတယ် ။

App အသစ်ဟာ Spotify ဖြင့် ရရှိ နိုင်ပြီး ဖြစ်တဲ့ အတိုင်းပဲ Sony ၏ နောက်ဆုံးပေါ် console တွင် Apple Music တွေကို music တွေ stream ခွင့်ပေး မှာပဲ ဖြစ်ပါတယ်။ Game ကစား နေချိန် ( သို့မဟုတ် ) သူ့ဘာသာသူ ကစားနေတဲ့ အချိန်မှာ Audio က background တွင် ဖွင့်ထား နိုင်ပါတယ်။

PS5 အတွက် Apple Music ကို စပြီး set up လုပ်ဖို့ သတ်မှတ်နည်း ဆိုင်ရာ လမ်းညွှန် ချက်တွေ( Instructions ) ကို ဒီနေရာမှာ ရနေ ပြီပဲ ပါတယ်။

၎င်းဟာ Apple service နှင့် PS5 ၏ ဒုတိယ မြောက် အဓိက ပေါင်းစပ်မှု ( second major integration ) ပဲ ဖြစ်ပါတယ်။ Sony နှင့် Microsoft ၏ next-gen gaming platforms နှစ်ခု စလုံးဟာ Apple TV Plus app နှင့် အတူ ယမန်နှစ် က စတင်ခဲ့ ပါတယ်။

Sony က ယခုနှစ် အစော ပိုင်းတွင် PS5 ပိုင်ရှင် ( PS5 owners ) တွေကို Apple TV Plus အဖွဲ့ဝင်ခြင်း ( Apple TV Plus membership ) ကို six months အခမဲ့ ပေးဆောင်ဖို့ မိတ်ဖက် ( partnership )အဖြစ် တိုးချဲ့ ခဲ့ ပါတယ်။ TV စနစ် ထည့်သွင်းမှု ( TV setup ) ကို ရိုးရှင်း စေဖို့နှင့် သီးခြား streaming box တွေ နဲ့ built-in apps တွေ ကြားမှာ အလွန်အကျွံ ပြောင်းခြင်း မှ ရှောင်ကြဉ် ပါက console တစ်ခုတွင် Apple Music ရှိခြင်းဟာ ကောင်းမွန်တဲ့ nice addition တစ်ခု ဖြစ်ပါတယ်။

Apple Music running on the PlayStation 5 | Image: Sony

PS5 ၏ Apple Music app မှာ Reddit အသုံးပြုသူ တစ်ဦးဟာ console ၏ music menu တွင် streaming ဝန်ဆောင်မှု ( streaming service ) ကို တွေ့ပြီး နောက်မှာ သတင်းတွေ ထွက်ပေါ် လာခဲ့ပြီး Eurogamer က အကောင့် အသစ် တစ်ခု ဖန်တီးခြင်း ဖြင့် နောက်ပိုင်းမှာ icon ကို ပေါ်လာအောင် ပြုလုပ် နိုင်ခဲ့ ပါတယ်။ Apple Music ကို Android ၊ Amazon Echo ၊ Chrome OS ၊ Sonos ၊ Web နှင့် Apple ၏ ကိုယ်ပိုင် hardware range တွေ မှာလည်း ရရှိ နိုင်ပြီပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။