Microsoft Flight Simulator Game 2020

ဩဂုတ်လ ၁၈ရက်နေ့က pc အတွက်ထွက်ရှိလာတဲ့ Microsoft Flight Simulator တိုတဲ့ ဂိမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါ Microsoft Flight Simulatorဟာဆိုရင် တကယ့်ကို သက်တမ်းရှည်ကြာလွန်းတဲ့ Game တခု ဖြစ်ပါတယ်။

ဘာလို့လဲဆိုရင် ထို gameကို ၁၉၉၇ ခုနှစ်လောက်ကတည်းက Bruce Artwickက စတင် develop လုပ်ခဲ့ပီး ၁၉၈၂ ခုနှစ်မှာ Microsoft မှနေပီးMicrosoft Flight Simulator 1.00 အဖြစ် စတင်ရောင်းချ ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ထို Microsoft Flight Simulator gameဟာ Xbox series X မှာထွက်ရှိလာဖို့လည်းရှိပါတယ်။ ဒီgameကို အရင်ကတည်းက Console အတွက်ရည်ရွယ်ပီးဖန်တီးခဲ့တာဖစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ consoleအတွက် ထွက်ရှိလာမလဲဆိုတာတော့ မသိရသေးပါဘူး။ ဒီ gameဟာ တစ်ကမ္ဘာလုံးကို လေယာဥ်နဲ့လည်ပတ်မောင်းနှင်နိုင်မှာဖစ်ပါတယ်။ လေယာဥ်ကွင်းအနေနဲ့ဆိုလည်း လေယာဉ်ကွင်းပေါင်း ၃၇၀၀၀ ကျော်ကနေ စတင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ပျံသန်းနေချိန်မှာဆိုရင်လည်း တကယ်အပြင်ေလာကမှ တောင်တန်းမြေပြန် အစရှိတဲ့ ကမ္ဘာ့နေရာအနှံ့မှ ရှုခင်းတွေကို ခံစားနိုင်ရုံသာမက တကယ့်အပြင်လက်တွေ့ air-traffic တွေကိုပါ ကြုံတွေ့ရမှာပါ။

ရာသီဥတုအနေနဲ့လည်း ဟာရီကိန်းမုန်တိုင်း မိုးကြိုးမုန်တိုင်း အစရှိတာတေ ပါဝင်မှာဖြစ်ပီး ဒီရာသီဥတုအချက်အလက်တွေကိုလည်း တကယ်အပြင် ရာသီဥတုအချက်အလက်တွေအတိုင်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ညဘက်မှာဆိုရင်လည်း ကောင်းကင်မှ ကြယ်တွေရဲ့ အလင်းရောင်နဲ့ မြို့ပြရဲ့ညအလှတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ဒီ game ဟာဆိုရင် ကမ္ဘာအနှံ့အပြားကို ပျံသန်းလို့ရနိုင်မယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာလည်း ပျံသန်းနိုင်မှာဖြစ်ပါတယ်။ တခြား ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ယှဥ်ရင် 3Dရုပ်ထွက်ဟာ တိကျမှုမရှိဘူးဆိုပေမယ့်လည်း တကယ်ကောင်းကင်မှမြင်ကွင်းတွေကို မြင်ရတာဟာဆိုရင်လည်း ရင်သပ်ရှုမောဖွယ်ပါပဲ။

သို့ပေမယ့် ဒီgame အတွက် Bandwidth များစွာလိုအပ်မှာဖြစ်ပီး အနည်းဆုံး 5mbps၊ 20mbps လောက်ဆိုအတင့်အတင့် အဆင်ပြေမှာဖြစ်ကာ 50mbpsဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဩဂုတ်လ ၁၈ရက်နေ့က pc အတွက်ထွက်ရှိလာတဲ့ Microsoft Flight Simulator တိုတဲ့ ဂိမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါ Microsoft Flight Simulator ဟာဆိုရင် တကယ့်ကို သက်တမ်းရှည်ကြာလွန်းတဲ့ Game တခု ဖြစ်ပါတယ်။

4k ရုပ်ထွက်နဲ့ကစားမယ်ဆိုရင် မြင်ကွင်းဟာလည်း တကယ့်အပြင်ဘက်အတိုင်းခံစားရမှာဖြစ်ပီး Bandwidth အနေနဲ့လည်း အမြောက်အများလိုအပ်မှာ ဖြစ်ပါတယ်။

ဒီ Microsoft Flight Simulator အတွက် လိုအပ်တဲ့ system requirement အနေနဲ့ recommend ပေးထားတာကတော့ CPU အနေနဲ့ Ryzen 5 1500X ဒါမှမဟုတ် Itel i5-8400၊ အနည်းဆုံး CPU အနေနဲ့ Ryzen 3 1200/ Itel i5-4460 ဖြစ်ပီး Ryzen 7 Pro 2700X / Itel i7-9800Xဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။

GPU graphic card အနေနဲ့ recommend ပေးထားတာက Radeon RX 590 / NVIDIA GTX 970၊ အနည်းဆုံးGPU အနေနဲ့ Radeon RX 570 / NVIDIA GTX 770 ဖြစ်ပီး Radeon VII / NVIDIA RTX 2080 ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ RAM အနေနဲ့ recommend ပေးထားတာက 16GB၊ အနည်းဆုံးအနေနဲ့ 8GBဖြစ်ပီး RAM 32GB ရှိမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။

HDD hard disk အနေနဲ့ကတော့ 150gb လောက်ရှိရင် အဆင်ပြေမှာဖြစ်ပီး SSD 150gbဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီ Microsoft Flight Simulator ကို version သုံးမျိုးနဲ့ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Standard versionကို $59.99 USD၊ Deluxe versionကို $89.99 USD ဖြစ်ပီး Premium Deluxe versionကိုတော့ $119.99 USD နဲ့ ဝယ်ယူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။