Latest iOS 15.1 beta မှာ iPhone 13 Pro camera features ပါ၀င်

Photo by Amelia Holowaty Krales / The Verge

Apple က ကတိပြုထားတဲ့ iPhone 13 Pro camera features အသစ် နှစ်ခုဟာ iOS 15.1 ၏ နောက်ဆုံး developer beta တွင် နောက်ထွက်မယ့် software update တွေမှာ ထွက်ရှိ လာပါလိမ့်မယ်။ ယခုအခါ သုံးစွဲသူတွေက Apple ၏ ProRes codec နှင့်အတူ video ကို မှတ်တမ်းတင် နိုင်မှာဖြစ်ပြီး အလိုအလျောက် macro mode switching ကို ပိတ်ဖို့ switch တစ်ခု ပါရှိ ပါတယ် (via 9to5Mac) ။ ယခု third beta ကို ဖြန့်ချိ လိုက်တဲ့အခါ သုံးစွဲသူများက features တွေ မကြာမီ ထွက်လာမယ် ဆိုတာကို ညွှန်ပြနိုင်တဲ့ toggles တွေကို အသုံးပြုခွင့်( access ) ရလာခဲ့ပါတယ်။

လက်ရှိ iOS current versions တွေမှာ iPhone 13 Pro ဟာ အကြောင်းအရာ တစ်ခုကို အနီးကပ် ထုတ်ဖော်တဲ့ အခါ close-focus macro mode ကို ဖွင့်ပေးပြီး ၎င်းကို main camera မှ ultrawide camera သို့ အလိုအလျောက် ပြောင်းပေးမှာပဲ ဖြစ်ပါတယ်။ အချို့ ဝေဖန်သုံးသပ်သူ ( reviewers )တွေက ( UI indication မပါဘဲ ဖြစ်ပေါ်တတ်သော ) switch က အနှောင့်အယှက် ဖြစ်စေတယ် ဆိုတာကို တွေ့ခဲ့ရပြီး Apple က ၎င်းကို ပိတ်ဖို့ setting တစ်ခု ထပ်ထည့် မယ်လို့ ပြောကြားခဲ့ ပါတယ်။

ယခု ၎င်းအား beta မှာ ပြထားသော်လည်း Reddit သုံးစွဲသူ အချို့က ultrawide lens ကို manually switching လုပ်ပြီးနောက်တောင်မှ Auto Macro setting ပိတ်ခြင်းနှင့် တူညီတဲ့ ရလဒ်များ ရရှိဖို့ အခက်အခဲ ရှိပါတယ်ဟု report တင်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ developer beta ဖြစ်တာကြောင့် setting မှာ ချို့ယွင်းချက် အချို့ရှိတာ ဒါမှမဟုတ် final release မှာ အနည်းငယ် ကွဲပြားနိုင်နေတာ ဖြစ်နိုင် ပါတယ်။( macro mode အတွက် ရှာနေပြီး non-Pro iPhone 13 (သို့) model အဟောင်း တစ်လုံးရှိရင် Halide ဟာ iPhone 8 နှင့် အထက် အတွက် macro mode ပါဝင်တဲ့ update တစ်ခု မကြာသေးမီက ထုတ်ဝေခဲ့ ပါတယ်။ )

9To5Mac က video ရိုက်ကူးဖို့ ProRes ကို အသုံးပြုခြင်းဟာ beta အသစ်မှာ ဘယ်လိုရှိတယ် ဆိုတာကို ကြည့်ပြီး Apple က ProRes ၏ 422 HQ flavor ကို သုံးနေတာကို ဖော်ပြထားတာ တစ်ခု ရှိပါတယ်။ Macro feature ကဲ့သို့ color grading-friendly ProRes format ဖြင့် ရိုက်ကူးခြင်းဟာ 128GB phones တွေက 4K အစား 1080P မှာ codec ကိုသာ record လုပ်ခြင်းဖြင့် iPhone 13 Pro models တွေအတွက်သာ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။

အဲဒီ features တွေကို official 15.1 release မှာ ပြသ နိုင်သော်လည်း ၎င်းက သေချာတဲ့ အရာ မဟုတ်ပါသေးပါဘူး။ SharePlay ဟာ ဖယ်ရှားမခံရခင် iOS 15 beta ၏ အစောပိုင်း versions တွေမှာ ရှိခဲ့ ပါတယ် ( ၎င်းက ပထမဆုံး iOS 15.1 beta ဖြင့် ပြန်လည် ထွက်ပေါ်လာပါတယ်)။ 15.1 beta မှာ Apple Wallet တွင် COVID vaccination card ထည့်ဖို့ ထောက်ခံမှုလည်း ပါ၀င် လာပါတယ်။ ဒါကြောင့် အရာအားလုံးကို ပြီးအထိ လုပ်ရင် ဒါက တော်တော်ကြီးမားတဲ့ release တစ်ခု ဖြစ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

၎င်း၏ မကြာသေးမီက updates တွေ နှင့် beta တွေကြောင့် Apple က ကြေငြာခဲ့သော်လည်း မထုတ်ပြန်သေးတဲ့ features list ကို စစ်ဆေး နေပါတာပဲ ဖြစ်ပါတယ်။ အင်္ဂါနေ့က Apple ဟာ AirPods Pro နှင့် Max အတွက် Find My support ကို ပိုကောင်းစေတဲ့ firmware ကို ဖြန့်ချိ ခဲ့ပါတယ်။

iPhone 13 with option to disable automatic macro photography switching. Image / 9To5Mac

MacOS Monterey နှင့် ၎င်းတွင် ပါ၀င်တဲ့ impressive-looking Universal Control feature ဟာ ပျောက်ဆုံးနေဆဲဖြစ်သော်လည်း older versions အဟောင်းတွေပေါ်မှာ ကတိပေးထားတဲ့ Safari ဒီဇိုင်းကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။