မြင့်မားသော refresh rate 120Hz display ပါ၀င်တဲ့ iPhone 13 Pro နှင့် Pro Max

Apple က iPhone 13 series များ ဖြစ်သော high-end half ဖြစ်တဲ့ iPhone 13 Pro နှင့် 13 Pro Max တို့ကို တရားဝင် ကြေငြာခဲ့ ပြီပဲ ဖြစ်ပါတယ်။ ၎င်းတို့မှာ faster A15 Bionic chip တစ်ခု၊ all-new cameras သုံးလုံး နဲ့ 1,000 nits အထိ bright ဖြစ်စေမယ့် 120Hz ProMotion high refresh rate အထိ တိုးတက်လာသော display ကို ရရှိ ထားပါတယ်။

iPhone 13 Pro ကို မြန်မာငွေ ၁၈ သိန်း နီးပါးခန့် ($999) ဖြင့် စတင် ရောင်းချမှာ ဖြစ်ပြီး iPhone 13 Pro Max မှာ မြန်မာငွေ သိန်း ၂၀ နီးပါးခန့် ( $1,099 ) ဖြင့် စတင် ရောင်းချ ပါလိမ့်မယ်။

နှစ်ခုလုံးကို သောကြာနေ့မှာ အော်ဒါ မှာယူနိုင်ပြီး စက်တင်ဘာ ၂၄ မှာ ပို့ဆောင် ပေးမှာပဲ ဖြစ်ပါတယ်။

မော်ဒယ် နှစ်ခုလုံးတွင် Super Retina XDR display ဟာ 10Hz နှင့် 120Hz အကြား variable refresh rates ကို support ပေးပြီး ယခင်နှစ်က အတိုင်း အရွယ်အစား တူညီတဲ့ 6.1 inches နှင့် 6.7 inches ရှိပါတယ်။ ၎င်းတို့တွင် iOS status bar မှာ နေရာလွှတ် ပိုပြီး ရစေဖို့ အနည်းငယ် သေးငယ်တဲ့ notch (smaller notches ) များ ပါရှိ ပါတယ်။ ဒီဖုန်း တွေကို graphite ၊ gold ၊ silver နှင့် light blue အသစ် စတဲ့ အရောင် လေးမျိုးဖြင့် ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

Phones တွေမှာ all-new three-camera system ပါရှိတယ်လို့ Apple က ပြောကြား ခဲ့ပါတယ်။ Wide camera ဟာ ultrawide က ၎င်း၏ wider aperture ကြောင့်လည်း တိုးတက်မှုများကို တွေ့ရစဉ် ၎င်း၏ bigger sensor ကြောင့် ပိုမို ကောင်းမွန်တဲ့ low-light photography ကို ပေးသင့် ပါတယ်။ Phones တွေရဲ့ telephoto camera ဟာ ယခု 3x zoom အထိ မြင့်တက် သွားပြီး cameras သုံးလုံးတွင် 6x optical zoom ကို သုံးနိုင် ပါတယ်။ Cameras သုံးခု စလုံးတွင် night mode ပါ ရှိပြီး 2cm သာ ရှိတဲ့ အရာတွေကို ဓာတ်ပုံ ရိုက်ဖို့ macro mode အသစ် တစ်ခု ပါရှိ ပါတယ်။ မော်ဒယ် နှစ်ခုစလုံးတွင် Sensor-shift optical image stabilization ကို ထည့်သွင်း ထားပါတယ်။

Software ပိုင်းမှာ Apple က Photographic Styles feature အသစ် တစ်ခုကို ကြေငြာခဲ့ ပါတယ်။ ၎င်းဟာ computational photography ရဲ့ ပမာဏ ပိုပါ၀င်သော traditional camera filters များနှင့် အနည်းငယ် ဆင်တူ ပါတယ်။ video ဘက်မှာ iPhone 13 အတွက် ကြေငြာ ထားသော cinematic focus feature ကို 13 Pro နှင့် Pro Max တို့တွင် ရရှိ နိုင်ပါတယ်။

iPhone 13 Pro ဟာ ProRes မှာ 4K / 30fps အထိ ရိုက်ကူး နိုင်မယ့် ပိုမို ကောင်းမွန်သော အရည်အသွေးမြင့် video format တစ်ခု ဖြစ်ပြီး ၎င်းဟာ ဗီဒီယို ရိုက်ကူးပြီးနောက် video editors များအား ပိုမို control လုပ်နိုင် စေပါတယ်။ ဒါပေမယ့် base 128GB storage option ကတော့ 1080p / 30fps မှာ ထိပ်ဆုံးက ပါမှာပဲ ဖြစ်ပါတယ် ။ Apple က ProRes support ကို “in a future iOS 15 update” တွင် ရရှိ လိမ့်မယ် ဟု ပြောကြား ခဲ့ပါတယ်။

အတွင်းပိုင်း ၊ devices နှစ်ခုလုံးဟာ Apple ၏ A15 Bionic chip အသစ်ကို သုံးပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် familiar CPU နှင့် GPU speed ကို တိုးလာ စေပါတယ်။ Apple က chip ဟာ machine learning tasks အတွက် ပိုမို မြန်ဆန် သင့်ကြောင်း ပြောကြားခဲ့ ပါတယ်။ 13 Pro ဟာ 12 Pro ထက် ၁ နာရီခွဲ (1.5 hours ) ပိုမို ကြာရှည်ခံမှုနှင့်အတူ Battery life လည်း တိုးတက် လာပါပြီး 13 Pro Max က အားသွင်းရင် 12 Pro Max ထက် ၂ နာရီခွဲ( 2.5 hours ) ပိုကြာ ပါတယ်။ Phone 13 Pro အတွက် Storage ရွေးချယ်စရာများဟာ 128GB မှ 1TB အထိ ၊ phone တစ်လုံးတွင် Apple တင်ပြခဲ့သမျှ storage အများဆုံး ဖြစ်ပါတယ်။ ပိုမို ကောင်းမွန်သော coverage ပေးသင့်ကြောင်း Apple က ပြောထားတဲ့ နောက်ထပ် band များ အတွက် support နှင့်အတူ 5G performance ကိုလည်း အဆင့်မြှင့် တင်ခဲ့ပါတယ်။

Image: Apple

ယခုနှစ်ဟာ Apple က ၎င်း၏ flagship phone lineup ကို regular နှင့် “Pro” devices များ အဖြစ် ခွဲထားတဲ့ တတိယ မြောက်နှစ်ပဲ ဖြစ်ပါတယ်။ သို့သော် ယမန်နှစ်က သုံးသပ်သူ များစွာဟာ iPhone 12 Pro နှင့် iPhone 12 အကြား ခြားနားမှု သိပ်မရှိကြောင်း သတိပြုမိ ခဲ့ပါတယ်။ 12 Pro တွင် extra telephoto camera တစ်ခု ၊ lidar sensor ၊ ပိုများလာတဲ့ RAM နှင့် base storage ရှိသော်လည်း ၎င်း၏ အခြေခံ design ၊ processor ၊ 5G စွမ်းရည်များ နှင့် OLED display အားလုံးဟာ regular iPhone 12 နှင့် တူတဲ့အရာ မဟုတ်ရင် အားလုံး ဆင်တူပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။