ပျောက်သွားတဲ့ AirPods Pro ဒါမှမဟုတ် AirPods Max ကို ရှာရတာ ပိုလွယ်လာတယ်

Photo by Chris Welch / The Verge

Apple ဟာ October 5 ရက် အင်္ဂါနေ့ က ၎င်းတို့၏ AirPods Pro နှင့် AirPods Max အတွက် firmware update ကို ဖြန့်ချိ ခဲ့ပြီး AirPods Pro နှင့် AirPods Max တို့အတွက် ၎င်းတို့ကို နေရာထား မှားနေ ပါက စျေးကြီးတဲ့ products တွေကို ရှာဖွေဖို့ options အသစ် တွေကို မိတ်ဆက် ပေးခဲ့ ပါတယ်။ဒီ စွမ်းရည် တွေကို iOS 15 အတွက် ပထမဆုံး ကတိ ပေးခဲ့ ပေမယ့် တော်တော် လေးတော့ မဖြန့်ချိ ခဲ့ပါဘူး။ ကျေးဇူး တင်စရာ ကောင်းတာက အဲဒီ့ နောက်မှာ သူတို့ကို ထုတ်ဖို့ Apple က သိပ်မကြာ တော့ဘူး။ 9to5Mac နှင့် MacRumors နှစ်ခုလုံးဟာ အင်္ဂါနေ့က ထုတ်ဝေမှုတွင် အစီရင်ခံ တင်ပြခဲ့ ပါတယ်။

Apple ၏ Find My app ကို အသုံးပြု၍ AirPods ကို iPhone နှင့် နောက်ဆုံး pair လုပ်ခဲ့တဲ့ location နေရာကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဒါမှမဟုတ် couch cushions တွေထဲမှ လွယ်လွယ် ကူကူ ရှာနိုင်အောင် အသံ ( sound) တစ်ခု မြည်ဖို့ ပြုလုပ် နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ update အသစ် ဟာ အဲဒီ function ကို အများကြီး ချဲ့ထွင် ထားပါတယ်။ ယခု Lost Mode ကို activate လုပ်နိုင်ပြီး AirPods Pro (သို့) AirPods Max ပျောက်ဆုံး နေရင် ရှာဖွေမှုမှာ အခြား သန်းပေါင်း များစွာသော iPhone တွေ ၊ iPad တွေ နှင့် Mac တွေရဲ့ အကူအညီနဲ့ ရှာလို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။ သူတို့က အခြား Apple device တစ်ခုခု ရဲ့ Bluetooth အကွာအဝေးမှာ ရှိနေတယ် ဆိုရင် သူတို့ရဲ့ location ကို သတိပေး ( alert ပြ) ပါလိမ့်မယ်။

Apple က AirPods ကဲ့သို့ “ Find Nearby ” user interface ကို သူတို့က အနီးအနား တစ်နေရာရာ ရှိနေတယ် ဆိုတာ သိရင် AirPods Pro ( သို့မဟုတ် ) AirPods Max တို့ကို ခြေရာခံဖို့ အတွက်လည်း ထည့်သွင်း ထားပါတယ်။ Apple ၏ earbuds (သို့) headphones တွေရဲ့ အတွင်းမှာ U1 chip မရှိသောကြောင့် ၎င်းဟာ AirTag ကဲ့သို့ တိတိကျကျတော့ သိရမှာ မဟုတ်ပါဘူး ။ သူတို့ကို ညွှန်ပြနေတဲ့ မြှား ( arrows ) တွေကို မမြင်ရသော်လည်း screen ပေါ်ရှိ အချက်ပြမှု ( onscreen prompts ) တွေဟာ အနီးတွင် ရှိနေချိန်မှာ far ၊ near ဒါမှမဟုတ် “here” ကဲ့သို့ အခြေအနေ ( status ) တွေကို ပြလိမ့် ပါလိမ့်မယ်။

အလွန်ကို အထောက်အကူပြုတဲ့ အချက်ကတော့ AirPods တွေကို တစ်နေရာမှာ ထားခဲ့တယ် ဆိုရင် အခု အလိုအလျောက် notification တစ်ခု ရနိုင်မှာပဲ ဖြစ်ပါတယ်။ Find My network မှာ ရှိတဲ့ Apple ၏ support page က အမျိုးမျိုးသော features တွေနှင့် ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို ရှင်းပြထားပါတယ်။

ကံမကောင်းစွာတာကတော့ Apple ဟာ AirPods firmware ကို update တင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းကို မပေးထား သေးပါဘူး။ ၎င်းတို့ဟာ iPhone နှင့် ချိတ်ဆက်တဲ့ အခါ မတော်တဆ ဖြစ်တတ် ပေမယ့် ဒီ နောက်ဆုံး features တွေ ပါမပါ ဆိုတာကို အနည်းဆုံး စစ်ဆေးဖို့ အနည်းဆုံးတော့ version ကို စစ်ဆေး နိုင်ပါတယ်။

  • iPhone (သို့မဟုတ်) iPad တို့ရဲ့ Settings ကို သွားပါ။
  • General ကို နှိပ်ပြီးနောက် About ကို ထပ် နှိပ်ပါ။
  • AirPods ကို ရွေးပြီး ၎င်းမှာ “ firmware version ” field တစ်ခုကို မြင်ရ ပါလိမ့်မယ်။

တိုးတက်လာတဲ့ Find My capabilities ကို ပံ့ပိုးပေးတဲ့ update အသစ်က version 4A400 ဖြစ်သောကြောင့် ၎င်းကို ရှာပြီး ပုံမှန် AirPods တွေ ကဲ့သို့ ၎င်းတို့က ယခင် ရှိနေခဲ့သော basic function တွေကို ကန့်သတ် ထားဆဲ ဖြစ်ပါတယ်။ သို့သော် ကာလကြာရှည် ထွက်ပေါ်ခဲ့သော third-generation AirPods တွေ ပွဲ ဦး ထွက်တဲ့ အခါတိုင်း ၎င်းတို့က ပိုမို ခိုင်မာတဲ့ location tracking လုပ်ပေး နိုင်လိမ့်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Apple rolling out new Find My features for AirPods Pro and AirPods Max. Image / 9to5Mac

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။