iOS 15.1 ၏ first beta က မကြာခင် SharePlay ကို မြင်တွေ့ရနိုင်ပါတယ်

Image: Apple

Apple က အဓိကကျသော iOS 15 feature ကို စီစဉ် ထားသည့်အတိုင်း OS upgrade တင်ခြင်း နှင့်အတူ ဖြန့်ချိမည့်အစား “ ဒီဆောင်းဦး နောက်ပိုင်း ( later this fall ) ” သို့ ရွှေ့ဆိုင်း လိုက်ပြီးနောက် iOS 15.1 beta တွင် SharePlay feature က ပြန်လည် ပါ၀င်လာသည် ဟု 9to5Mac ၏ အဆိုအရ သိရ ပါတယ်။ ၎င်းကို မဖြန့်ချိ ရသေးသည့် တစ်ခုတည်းသော feature မဟုတ်ပါဘူး။ သို့သော် ၎င်းဟာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း အသုံးဝင်သော အရာတစ်ခု ဖြစ်ပါတယ်။ ၎င်းက videos များ၊ screen share သို့မဟုတ် FaceTime call မှတဆင့် အခြားသူများနှင့် သီချင်း နားထောင်တာ တွေကို ပြုလုပ်နိုင် ပါတယ် ။ အင်္ဂါနေ့ beta အသစ်မှာ ၎င်း၏တည်ရှိမှုဟာ မသေချာ သေးသော်လည်း အဲဒါထက် ပိုစောပြီး ရောက်နိုင်ကြောင်း ညွှန်ပြ နိုင်ခဲ့ပါတယ်။

MacRumors ၏ အစီရင်ခံချက် အရ 15.1 beta ဟာ users များအား သူတို့၏ COVID vaccine card ကို Wallet app ထဲသို့ ထည့်ခွင့်ပြုသည်ဟု ပြောထားပါတယ်။ Google ရဲ့ အဲ့ဒီ feature version ၏ အလုပ်လုပ်ပုံ နဲ့ ဆင်တူပြီး ဖုန်းထဲသို့ မထည့်မီ medical provider (သို့) ပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု စနစ် (state’s healthcare system) မှ ကာကွယ်ဆေး အချက်အလက်များ ( vaccine info ) အား ယူဖို့ လိုပါတယ်။

Apple က အဲဒီ feature ဟာ SMART Health Card format ကို လက်ရှိ ပြည်နယ် အနည်းငယ် ( handful of states ) နှင့် အဓိက ကာကွယ်ဆေး ပံ့ပိုးပေးသူ အချို့ (some major vaccination providers )က ပံ့ပိုးပေးကြောင်း ပြောကြားခဲ့ ပါတယ်။ List ထဲတွင် California ၊ Hawaii ၊ New York နှင့် Louisiana ကဲ့သို့ ပြည်နယ်များ အပြင် CVS ၊ Rite Aid နှင့် Walmart ကဲ့သို့ ဆေးဆိုင်များကို ပံ့ပိုး ပေးထားပါတယ်။

iOS 15.1 beta တွင် ပြသထားတဲ့ ဒီ features တွေဟာ နောက်ဆုံး iOS 15.1 ဖြန့်ချိမှုမှာ ပါ၀င် လိမ့်မည်ဟု ဆိုလိုတာ မဟုတ်ပါဘူး။ SharePlay ကို iOS 15 beta တွင် မိတ်ဆက် ခဲ့သော်လည်း နောက်ပိုင်းတွင် ဖယ်ရှားခဲ့ ပါတယ်။ သို့သော် Apple က SharePlay ကို “later this fall,” တွင် ပါ၀င် လိမ့်မည်ဟု ပြောပြ ထားသေးတာပဲ ဖြစ်ပါတယ်။ ၎င်းကို နောက်ထပ် beta မှ ဖယ်ရှားလိုက်မယ် ဆိုရင် နည်းနည်း ထူးထူးဆန်းဆန်း ( bit odd ) ဖြစ်လာနိုင်တဲ့ ၎င်းအတွက် အချိန်များစွာ ကျန်ပါသေးတယ်။ ကုမ္ပဏီ၏ အဆိုအရ vaccine card feature ကို “upcoming software update,”တွင် ထည့်သွင်း လိမ့်မည် ဖြစ်သောကြောင့် ၎င်းကို ထပ်ပြီး ထုတ်လုပ် လာနိုင် ပါတယ်။

iOS 14.1 က iOS 14 ထွက်ရှိ ပြီးနောက် တစ်လခန့် အကြာမှာ ထွက်လာခဲ့ပါတယ်။ ဒါကြောင့် iOS 15 ကို ယမန်နေ့က ဖြန့်ချိခဲ့ ဖြစ်တဲ့အတွက် iOS 15.1 ကို မကြာခင် မြင်တွေ့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒီအစောပိုင်း beta က ဘာအရိပ်အယောင်မှ မပြဘူး ဆိုရင် ၎င်းဟာ ထွက်လာတဲ့အချိန်မှာ ၎င်းနှင့်အတူ ကောင်းမွန်တဲ့ features အသစ်တွေ ယူလာနိုင်ပါတယ်။

You can add verified vaccine records from certain health providers. Image: Apple

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။