Justice League ထွက်ရှိလာမယ့် နေ့ရက်ကို တရားဝင် ကြေညာ

Zack Snyder ဟာသူရဲ့ဖန်တီးထုတ်လုပ်မှုအပေါ်အမြဲလိုလို လှုပ်လှုပ်ရှားရှားဖြစ်စေ လျက်ရှိပါတယ်။  Zack Snyder ၏ Justice League အတွက်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းအောင်ဆက်လက်ထုတ်လုပ်နေပါတယ်။

DCEU ပရိတ်သတ်များ (DC Extended Universe) ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့် အနေဖြင့် Justice Leagueကိုအပြည့်အ၀ ကြည့်ရှုရန် ၃ နှစ်ကျော်စောင့်ဆိုင်း ခဲ့ပြီး ဖြစ်ပါတယ်။Zack Snyder ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Justice League ထွက်ရှိလာမယ့် နေ့ရက်ကို နောက်ဆုံးမှာတော့ တရားဝင် ကြေညာလိုက်ပါပြီ။

Snyder Cut ကိုတော့ ၂၀၂၀ ခုနှစ် မေလမှာ ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်ထဲမှာ ထွက်ရှိလာ မယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရုပ်ရှင်ကို ဘယ်အချိန်မှာ ကြည့်ရှုရမှာလည်း ဆိုတာကို ပရိသတ်တွေဟာ သိချင်နေကြပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ ၂၀၂၁ နှစ်စပိုင်းမှာ ထွက်လာမယ်လို့ ခန့်မှန်းခဲ့ကြပြီး Snyder ကတော့ မတ်လမှာ ထွက်လာ မယ်လို့ ကြေညာခဲ့ပါတယ်။

အခုချိန်မှာတော့ Snyder ဟာ တွစ်တာပေါ်ကနေ တစ်ဆင့် Justice League ပိုစတာအသစ်တွေကို တင်ခဲ့ပါတယ်။ အဲ့ဒီပိုစတာတွေမှာတော့ ဒီရုပ်ရှင်ထွက်ရှိလာမယ့် ရက်အတိအကျကိုပါ ဖော်ပြပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ထွက်လာမယ့် ရက်အတိအကျကိုတော့ မသိခဲ့ပါဘူး။အခုချိန်မှာတော့ Snyder ဟာ တွစ်တာပေါ်ကနေ တစ်ဆင့် Justice League ပိုစတာအသစ်တွေကို တင်ခဲ့ပါတယ်။ အဲ့ဒီပိုစတာတွေမှာတော့ ဒီရုပ်ရှင်ထွက်ရှိလာမယ့် ရက်အတိအကျကိုပါ ဖော်ပြပေးခဲ့ပါတယ်။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Justice League ကို ကြည့်ရှုရဖို့ တစ်လခွဲလောက်ပဲ လိုပါတော့တယ်။ ဒါ့အပြင် Justice League ဟာ လေးနာရီလောက်တောင် ကြာမြင့် မယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Justice League ကြာချိန်ရဲ့ နှစ်ဆလောက် ကြည့်ရှုရမှာပါ။

၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Justice League နဲ့ ဘယ်လိုကွာခြားသွားမလည်း ဆိုတာကို ကြည့်ရှုဖို့အတွက် တစ်လကျော်လောက်ကို ထပ်ပြီးစောင့်ဆိုင်းရအုန်းမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။