Thor: Love and Thunder ရိုက်ကူးရေး စတင်နေပြီ

 

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ Chris Hemsworth ကိုတော့ စူပါဟီးရိုးဇာတ်ကားကြိုက် ပရိသတ်တွေနဲ့ Marvel ပရိသတ်တိုင်းကတော့ သိရှိ ကြပြီး ဖြစ်မှာပါ။ Thor ဇာတ်ရုပ်နဲ့ နာမည်ကြီးလာခဲ့တဲ့ Chris ဟာ ဇန်နဝါရီလ အလယ် လောက်ကတည်းက Thor: Love and Thunder ဇာတ်ကားကို ရိုက်ကူးဖို့အတွက် သြစတြေးလျနိုင်ငံ၊ Sydney မြို့ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၆.၁.၂၀၂၁)တုန်းကနေစပြီးတော့ Chris နဲ့ Marvel ရိုက်ကူးရေး အဖွဲ့သား တွေဟာ Thor: Love and Thunder ဇာတ်ကားကို စတင်ရိုက်ကူး နေပြီ ဖြစ်ကြောင်း cinemablend သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။လက်ရှိ အချိန်ကတော့ အကုန်လုံး သိတဲ့အတိုင်း COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန် ဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတိုင်းလိုလိုဟာ သတ်မှတ်ထားတဲ့ အချိန်တွေထက် နောက်ကျနေရတာ ဖြစ်ပါတယ်။

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ Chris Hemsworth ကိုတော့ စူပါဟီးရိုးဇာတ်ကားကြိုက် ပရိသတ်တွေနဲ့ Marvel ပရိသတ်တိုင်းကတော့ သိရှိကြပြီး ဖြစ်မှာပါ။ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၆.၁.၂၀၂၁)တုန်းကနေစပြီးတော့ Chris နဲ့ Marvel ရိုက်ကူးရေး အဖွဲ့သားတွေဟာ Thor: Love and Thunder ဇာတ်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း cinemablend သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အခုဆိုရင်လည်း Chris အပါအဝင် ဒါရိုက်တာ Taika Waititi နဲ့ Marvel ရိုက်ကူးရေး အဖွဲ့ဟာ Thor: Love and Thunder ဇာတ်ကားကို ရိုက်ကူးဖို့အတွက် Sydney ကို ရောက်ရှိနေတာ ကြာပါပြီ။ ဒါပေမယ့် COVID 19 ကပ်ရောဂါကြောင့် ၂ ပတ်တိတိ quarantine ဝင်နေရတာဖြစ်တာကြောင့် ရိုက်ကူးရေးဟာ အနည်းငယ်နောက်ကျမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Chris နဲ့ Marvel အဖွဲ့သားတွေကိုလည်း Sydney မြို့မှ Gamay အကပညာရှင်များက အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရှိရပါတယ်။

“နောက်ဆုံးမှာတော့ Thor: Love and Thunder ဇာတ်ကားကို စတင်ရိုက်ကူးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ Marvel အဖွဲ့သားတွေကို အခမ်းအနားနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတဲ့ Sydney မြို့ခံတွေကို ကျေးဇူးလည်း တင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် Thor: Love and Thunder ဇာတ်ကားရဲ့ ပထမဦးဆုံးသော ရိုက်ကူးရေးနေ့မှာ တော်တော်လေး စိတ်ချမ်းသာပြီး အစစအရာရာ အဆင်ပြေခဲ့ရတဲ့အတွက် စိတ်ထဲမှာ တော်တော်လေးကို ပျော်ရွှင်မိတာတော့ အမှန်ပါပဲ”လို့ Chris က သူ့ရဲ့ IG မှာ ဖော်ပြခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။