Anime ချစ်သူတွေ လက်မလွတ်သင့်တဲ့ ဂျပန် Anime ရုပ်ရှင်ကားကောင်းများ

 

ဂျပန်ရဲ့ Anime ဇာတ်ကားတွေ က ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီးပါတယ်။ Manga နဲ့ Anime တွေ က ဂျပန် ရဲ့ ယဉ်ကျေးမှုမှာ အဓိက အခန်းကဏ္ဍ ကေ န ပါ၀င် နေတယ်လို့ တောင် ပြောလို့ရပါတယ်။ဂျပန်ရဲ့ နာမည်ကြီး Anime ဇာတ်ကားတွေ ထဲက မှ ပရိသတ် တွေ သေချာ ပေါက် အကြိုက် တွေ့ မယ့် ဇာတ်ကား တစ်ချို့ကို kyuhoshi နဲ့ webmagazine တို့ မှာ အခုလို ဖော်ပြထားပါတယ်။

Spirited Away

Spirited Away က တော့ ၂၀၀၁ ခုနှစ်က ထွက်တဲ့ စိတ်ကူးယဉ် ဂျပန် Anime ရုပ်ရှင်ဇာတ်ကားပါ။ ဒါရိုက်တာ က တော့ Hayao Miyazaki ၊ Studio Ghibli  က ဇာတ်ကားပါ။ဒီဇာတ်ကား မှာတော့  Rumi Hiiragi, Miyu Irino, Mari Natsuki.. တို့ ကအသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Spirited Away က တော့ အသက် ၁၀ နှစ် အရွယ် မိန်းက လေး Chihiro Ogino ရဲ့ အ ကြောင်းပါ။ရပ်ကွက် နေရာ သစ်ကို ပြောင်းရွှေ့နေချိန် Kami ရှိတဲ့ ကမ္ဘာ ထဲကို ဝင်မိ သွားခဲ့ပါတယ်။

ဂျပန်ရဲ့ နာမည်ကြီး Anime ဇာတ်ကားတွေ ထဲက မှ ပရိသတ် တွေ သေချာ ပေါက် အကြိုက် တွေ့ မယ့် ဇာတ်ကား တစ်ချို့ကို kyuhoshi နဲ့ webmagazine တို့ မှာ အခုလို ဖော်ပြထားပါတယ်။

သူမရဲ့ မိဘ တွေ ကလည်း စုန်းမကြီး ကြောင့် ဝက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ Chihiro က Yubaba ရဲ့ အများသုံး ရေချိုးခန်း မှာ အလုပ်လုပ် ပြီး သူမ ကိုယ်တိုင် ဒီနေရာကနေ လွတ်မြောက် ဖို့ နဲ့ ၀က် ဖြစ်သွားတဲ့ မိဘတွေ ကို လူပြန် ဖြစ်ဖို့ ကြိုးစားတဲ့ အ ကြောင်းလေးပါ။

My Neighbor Totoro

ဒီဇာတ်ကားလေးက တော့ အရမ်းကို ချစ်ဖို့ ကောင်းတဲ့ ဂျပန် Anime ဇာတ်ကားဖြစ်ပြီး Studio Ghibli က ပါ။အိမ်အသစ်ကို ပြောင်းလာ တဲ့ မိသားစု တစ်ခု မှာ ကလေးမ လေးက အိမ် အနီးတစ်ဝိုက်မှာ ရှိတဲ့ မှင်စာ ဝိညဉ်တွေနဲ့ ရင်းနှီး သူငယ်ချင်း ဖြစ်သွားတဲ့ အကြောင်းလေးပါ။သူတို့ မိသားစုရဲ့ အခက်အခဲ တွေကို မှင်စာဝညဉ် က ကူညီ ဖြေရှင်း ပေးတဲ့  ဇာတ်ကား မျိုးပါ။ချစ်ဖို့ ကောင်းပြီး အရမ်း Sweet ဖြစ်တဲ့ ဇာတ်ကားမျိုးပါ။ ကလေးလေးတွေ ကြည့်လို့ အရမ်း သင့်တော်တဲ့ ဇာတ်ကားမျိုးပါ။

Grave of the Fireflies

Grave of the Fireflies က တော့ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန် Anime ဇာတ်ကားပါ။ဒီဇာတ်ကားက တော့ ၁၉၆၇ တုန်းက ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ အ ကြောင်းကို အခြေခံ ရိုက်ထားတာပါ။ဒုတိယကမ္ဘာ စစ်အပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာ တုန်းက ဆယ်ကျော်သက် ကောင်လေး Seita တစ်ယောက် Kobe ရထား ဘူတာ ရုံမှာ အစာငတ် သေ ဆုံးသွားခဲ့ပါတယ်။ဒီဇာတ်ကားမျိုးကတော့ အရမ်းငယ်လွန်းတဲ့ ကလေးလေးတွေ ကြည့်လို့ တော့ သင့်တော် တဲ့ ကားမျိုး တော့ မဟုတ်ပါဘူး။မောင်နှမ နှစ်ယောက် စစ်ကြီး ကာလမှာ အသက်ရှင် သန်ဖို့ ရုန်း ကန် ကြရတဲ့ ဇာတ်ကား မျိုးပါ။စစ်ဆန့်ကျင်တဲ့ ဇာတ်ကားမျိုး ဆိုပြီး ခေါင်းစဉ် တပ် သူတွေ ရှိပေမယ့် ဒါရိုက်တာက တော့ ဒါမျိုး မဟုတ်ပါဘူး လို့ ငြင်းဆိုခဲ့ပါတယ်။ ဝမ်းနည်းစရာ ဇာတ်ကားမျိုးပါ။

Weathering with You

Weathering with You က တော့ ဒါရိုက်တာ Makoto Shinkai က ရိုက်တဲ့ ဇာတ်ကားပါ။၂၀၁၉ မှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကား တွေ ထဲက တစ်ကား ဖြစ်ပါတယ်။နိုင်ငံ ပေါင်း ၁၄၀ လောက် မှာ ပြ သခဲ့တာပါ။ Hodaka Morishima ဆိုတဲ့ ကျောင်းသားလေးက သူ့ အိမ် ကေ န တိုကျိုမြို့ကို ထွက် ပြေး လာခဲ့ပါတယ်။အဲ့ဒီမှာ တော့ ရာသီဥတုကို စိတ်ကြိုက် ကြိုးကိုင် ခြယ်လှယ် နိုင်တဲ့ မိဘ မဲ့ ကောင်မလေး တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။

 

Wolf Chindren

Studio Chizu က နေ ၂၀၁၂ က ထွက်ရှိခဲ့ပြီး Mamoru Hosoda ရဲ့ လက်ရာ ကောင်းတွေထဲက တစ်ခုပါ။ Studio Chizu က တော့ ဒါရိုက်တာ ကိုယ်တိုင် ထောင် ထားတဲ့ animation studio ပါ။ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်က Hana က တက္ကသိုလ် မှာ အမျိုးသား တစ်ယောက် နဲ့ ဆုံ တွေ့ ခဲ့ပါတယ်။ အဲ့ဒီ အမျိုးသားက ဝံပုလွေ လိုပါ ပြောင်းလဲ နိုင် စွမ်းရှိပါတယ်။သူတို့ နှစ်ယောက်က နေ Yuki နဲ့ Ame ဆိုတဲ့ ကလေးလေး နှစ်ယောက် ရခဲ့ပါတယ်။အဲ့ကလေး တွေ ကလည်း ဝံပုလွေ လို ရော လူလိုပဲ ပြောင်းလဲ နိုင်စွမ်း ရှိပါတယ်။သူတို့ လေးတွေ အသက်ကြီးလာ တော့ လူသားလိုပဲ ဆက်ရှင်သန် မလား၊ ဝံပု လွေ လိုပဲ ရှင်သန်မလား ဆို တဲ့ . ရှုပ် ထွေး မှုတွေ ပေါ် လာခဲ့ပါတယ်။

 

 

Your Name

Your Name ဒီဇာတ်ကားက တော့ ၂၀၁၆ တုန်းက ဒါရိုက်တာ Makoto Shinkai ရဲ့ အကောင်းဆုံး လက်ရာ တွေ ထဲက တစ်ခုပါ။ပြည်တွင်းမှာ ရော နိုင်ငံ တကာ မှာပါ ဒီဇာတ်ကားကို အားပေးခဲ့ ကြပါတယ်။နိုင်ငံ ပေါင်း ၁၂၀ ကျော်မှာ ရုံတင် ပြသ ခဲ့ပါတယ်။ foreign box office မှာပါ ၀င်ငွေ ကောင်းခဲ့တဲ့ ဇာတ်ကားပါ။ Taki Tachibana ဆိုတဲ့ တိုကျို မှာ နေသူ နဲ့ Mitsuha Miyamizu ဆိုတဲ့ တောရွာ လေးမှာ နေသူ နှစ်ယောက်က ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် တွေ ပါ။တစ်နေ့မှာတော့ နှစ်ယောက်သား ကိုယ်ခန္ဓာ ကူးပြောင်းလဲ တာကို သတိထားမိခဲ့ပါတယ်။ဒါမျိုးတွေ က ရံဖန် ရံ ခါ အကြိမ်ကြိမ် ဖြစ် လာ ခဲ့ပါတယ်။ဘာကြောင့် ဒီလို ဖြစ် နေတာ လဲ ဆိုတဲ့ အဖြေကို တော့ နှစ်ယောက်က ဘယ်လို ကြိုးစား ရှာ ဖွေ ကြ မလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှု ရမှာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။