မအားအောင်နေပါ

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။ မအားအောင်နေပါ ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။

၃။ ကိုယ်က သာတယ်ထင်ရင် ငါကွ ဆိုပြီး ဘဝင်မြင့်မယ်။

၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓါတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။ မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင်နေပါ ။မအားအောင်နေဖို့ဆိုရင်

၁။ ကိုယ့်ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေ အားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုလုပ်ဆောင်ပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

သစ်ရွက်ကလေးတွေ လေထဲမှာ လွင့်နေတာ ကြည့်ရတာ ပေါ့ပေါ့ပါးပါးပဲ မဟုတ်လား။ တကယ်တမ်းတော့ ဘဝဆိုတာလည်း စိတ်ထားတတ်ရင် အလိုက်သင့် စီးမျောရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းလို့ရတယ်။ ဒေးလ်ကာနယ်ဂျီရဲ့ နည်းတွေအရ အတိတ်ဆိုတာ ပြီးသွားပြီ။ ဘာမှ ပြန်လုပ်လို့ မရတော့မယ့် အတူတူ စိတ်ညစ်ခံမနေနဲ့။ အနာဂတ်ဆိုတာလည်း နောင်မှကြုံရမှာ။ ဖြစ်မလာသေးဘူး။ တွေးပူမနေနဲ့။ အဲဒီတော့ အခုလက်ရှိဖြစ်နေတဲ့ ပစ္စုပ္ပန်မှာပဲ အလိုက်သင့် စီးမျောရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ကြိုးစားပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ( သို့မဟုတ်) ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ဝင်လေ ထွက်လေ မှတ်နေပါ။

ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါ

သစ်ရွက်ကလေးတွေ လေထဲမှာ လွင့်နေတာ ကြည့်ရတာ ပေါ့ပေါ့ပါးပါးပဲ မဟုတ်လား။ တကယ်တမ်းတော့ ဘဝဆိုတာလည်း စိတ်ထားတတ်ရင် အလိုက်သင့် စီးမျောရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းလို့ရတယ်။ ဒေးလ်ကာနယ်ဂျီရဲ့ နည်းတွေအရ အတိတ်ဆိုတာ ပြီးသွားပြီ။ ဘာမှ ပြန်လုပ်လို့ မရတော့မယ့် အတူတူ စိတ်ညစ်ခံမနေနဲ့။ အနာဂတ်ဆိုတာလည်း နောင်မှကြုံရမှာ။ ဖြစ်မလာသေးဘူး။ တွေးပူမနေနဲ့။ အဲဒီတော့ အခုလက်ရှိဖြစ်နေတဲ့ ပစ္စုပ္ပန်မှာပဲ အလိုက်သင့် စီးမျောရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ကြိုးစားပါ။

နောက်တစ်ချက်က ပြဿနာတစ်ခုကြောင့် စိတ်ညစ်လာရင် ဒီ ပြဿနာကြောင့် အဆိုးဆုံး ဘာဖြစ်သွားနိုင်သလဲ ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီ အဆိုးဆုံး အခြေအနေမှာ ဆိုရင် ဘယ်လိုနေထိုင် ဖြတ်သန်းရမလဲ တွေးကြည့်ပါ။ အခု အခြေအနေဟာ အဆိုးဆုံး မရောက်သေးဘူး ဆိုတာ ပြန်တွေးမိတဲ့ အချိန် စိတ်ချမ်းသာ သွားပါလိမ့်မယ်တဲ့။နောက်တစ်ခုကတော့ လူအများစုမှာ စိတ်ညစ်ရတဲ့ အကြောင်းက ကိုယ့်ဘာသာကိုယ်မနေဘဲ ဟိုလူကတော့ ငါ့ကို ဘယ်လိုမြင်တော့မှာပဲ။ ဒီလူကတော့ ငါ့ကို အထင်သေးသွားမလား မသိဘူး ဆိုတာမျိုးတွေ လိုက်စဉ်းစားနေလို့ပါ။

တကယ်တမ်းကတော့ အဲဒီလူတွေက ကိုယ့်ကို ဘယ်လိုမြင်သည် ဖြစ်စေ၊ အထင်ကြီးသည် အထင်သေးသည် ဖြစ်စေ စိတ်ထဲမှာ ၂၄ နာရီ ကိုယ့်ကို အထင်ကြီး မနေနိုင်သလို အထင်လည်း သေးမနေနိုင်ပါဘူး။ မကောင်းမြင်တတ်တယ်ဆိုရင်တောင်မှ အခိုက်အတန့်လေး ပဲ မြင်နိုင်မှာပါ။ အတင်းပြောမယ့် အချိန် ကိုယ့်ကို သတိရပြီး ကျန်တဲ့ အချိန် ကိုယ့်အကြောင်းက ခေါင်းထဲမှာတောင် ရှိမှာ မဟုတ်ဘူး။ အဲဒီလို သူတို့ ခဏလေး မကောင်းမြင်တာ အတွက် ကိုယ်က စိတ်ပူပြီး အကြာကြီး စိတ်ဆင်းရဲနေလို့ တန်သလားလို့ ကိုယ့်ဘာသာကိုယ် မေးခွန်း ထုတ်ကြကြည့်ပါ။ နိုးလို့ပဲ အဖြေထွက်လိမ့်မယ်။ အဲဒီတော့ ဘာလို့ စိတ်ညစ်ခံရမှာလဲ။

နောက်ထပ် သေချာတာ တစ်ခုက နောက်ထပ် နှစ် ၁၀၀ ဆိုရင် ကိုယ့်ကို မကောင်းမြင်တဲ့သူရော၊ အကောင်းမြင်တဲ့သူရော ဒီလောကကြီးမှာ  ရှိတော့မှာ မဟုတ်ဘူး။ အဲဒီတော့ အခု အချိန်မှာ အခိုက်အတန့်ကလေး လူလာဖြစ်လို့ တွေ့ကြရတာ။ သူတို့ဘာသာ သူတို့ အကောင်းမြင်သည် ဖြစ်စေ၊ မကောင်းမြင်သည် ဖြစ်စေ ဂရုစိုက်စရာ မလိုဘူး။ နှစ် ၁၀၀ တောင်မှ မခံမယ့် ကိစ္စတွေပါ။ သူရော ကိုယ်ရော နောင်ကျရင် မြေကြီး ဖြစ်မယ့် အတူတူ သူတို့ ဘာပြောပြော ဘာတွေးတွေး ဘာတွေကို တွေးပူပြီး ဂရုစိုက်နေရ ဦးမလဲ?

ဒါကြောင့် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ တခြားသူတွေရဲ့ အတွေးအမြင်တွေကို အရမ်းဂရုမစိုက်ပဲ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စကိုပဲ တစိုက်မတ်မတ် လုပ်သင့်ပါကြောင်း အကြံပေးလိုပါတယ်။ ဒီစာလေးကို ဖတ်ပြီးတဲ့ အချိန်ကစပြီး စိတ်ညစ်စရာ အတွေးတွေကို မတွေးပဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။