ဘဝ၏လှေကားထစ်များဖြစ်သော တစ်နေ့တာချင်းစီအား အကောင်းဆုံးဖြစ်အောင်ကျော်ဖြတ်ပြီး ပန်းတိုင်ရောက်အောင်ဘယ်လိုသွားမလဲ?

ရည်မှန်းချက် ပန်းတိုင်

လူတိုင်းလူတိုင်းတွင် မျှော်လင့်ထားသော၊ ရည်ရွယ်ထားသော ဘဝရည်မှန်းချက် ပန်းတိုင်များရှိပါတယ်။ ကိုယ် မျှော်မှန်းထားသော ဘ၀ရည်မှန်းချက် ပန်းတိုင်များကို အဆင်ပြေပြေ အောင်အောင်မြင်မြင် လျင်လျင်မြန်မြန် ရောက်ရှိချင်ကြပါတယ်။ထိုဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် တစ်ဆင့်ချင်း ကြိုးစားဖို့ လိုအပ်ပါတယ်။ အခု ချက်ခြင်းလုပ် အခုချက်ခြင်း ဖြစ်တာမျိုး မရှိပါဘူး။

ဒါကြောင့် ကျွန်ုပ်တို့သည် ရည်မှန်းထားသော ပန်းတိုင်ကို အောင်မြင်စွာ ရောက်အောင် ကိုယ့်ရဲ့ တစ်နေ့တာချင်းစီကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ပီး ဖြတ်သန်းဖို့လိုပါတယ်။ သို့သော်အောင်မြင်မှု တစ်ခုတည်းကိုသာမြင်၍ မြန်မြန် ‌ပြီးဆီးချင်သော ဆန္ဒ တစ်ခုတည်း ကိုသာ ဦးစားပေးပြီး ပန်းတိုင်ကို ရောက်အောင်သွားလျှင် မိမိအတွက်သာမက အခြားသူများကိုပါ ထိခိုက်နစ်နာစရာများ ရှိလာနိုင်ပါတယ်။ ထို့ကြောင့်  မိမိရဲ့ နေ့စဉ်အလုပ်များနှင့် ရည်မှန်းချက် ပန်းတိုင်များကို ဖြည်းဖြည်းမှန်မှန် စနစ်တကျ အကောင်းဆုံး ဖြစ်ရန် စီစဉ်ပြီး လုပ်ဆောင်သင့်ပါတယ်။

လူတစ်ဦးနှင့်တစ်ဦး ဘ၀အခြေအနေများ ကွဲပြားသလိုတစ်နေ့တာ ရည်ရွယ်ချက်များနှင့် တစ်သက်တာ ရည်မှန်းချက်များလည်း  မတူညီစွာ ကွဲပြားလျက် ရှိပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ရည်မှန်းချက်များ မတူညီသော်လည်း ထိုအရာများကို အကောင်အထည် ဖော်ရာတွေ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာမှု မရှိစေရပဲ မိမိရဲ့ရည်ရွယ်ချက်များကို မိမိ တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်စေလိုသော ဆန္ဒဖြင့် လုပ်ဆောင်သင့်ပါတယ်။

ရည်မှန်းချက် များကို အကောင်အထည် ဖော်ရာတွင် အောင်မြင်မှု များလည်းကြုံတွေ့နိုင်သလို ဆုံးရှုံးမှုများလည်း ရင်ဆိုင်နိုင်ပါတယ်။ ထို့ကြောင့် တွေ့ကြုံလာနိုင်သော အခက်အခဲများ ကိုလည်း ထည့်သွင်းစဉ်းစား စရာလိုအပ်ပါတယ်။ အကောင်းကြီးများလည်း မဖြစ်လာနိုင်သလို အဆိုးများလည်း ရုတ်တရက် ပေါ်လာတတ်ပါတယ်။

လူတိုင်းလူတိုင်းတွင် မျှော်လင့်ထားသော၊ ရည်ရွယ်ထားသော ဘဝရည်မှန်းချက် ပန်းတိုင်များရှိပါတယ်။ ကိုယ် မျှော်မှန်းထားသော ဘ၀ရည်မှန်းချက် ပန်းတိုင်များကို အဆင်ပြေပြေ အောင်အောင်မြင်မြင် လျင်လျင်မြန်မြန် ရောက်ရှိချင်ကြပါတယ်။ထိုဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် တစ်ဆင့်ချင်း ကြိုးစားဖို့ လိုအပ်ပါတယ်။ အခု ချက်ခြင်းလုပ် အခုချက်ခြင်း ဖြစ်တာမျိုး မရှိပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့သည် ရည်မှန်းထားသော ပန်းတိုင်ကို အောင်မြင်စွာ ရောက်အောင် ကိုယ့်ရဲ့ တစ်နေ့တာချင်းစီကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ပီး ဖြတ်သန်းဖို့လိုပါတယ်။

အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ အချိန်ကို စီမံခန့်ခွဲတက်ဖို့လဲ လိုပါတယ်။ ကျွန်ုပ်တို့သည် ​အရေးမကြီးသော ကိစ္စများ၊ မလိုအပ်သောအရာများတွင် အချိန်ဆွဲပီးလုပ်တတ်တဲ့ အကျင့်ဆိုးရှိပါတယ်။ ထို့အကျင့်ဆိုးကြောင့်​ တန်ဖိုးရှိ​သော အချိန်များ မကုန်သင့်ပဲ အလကား ကုန်ကုန်သွားတတ်ပါတယ်။ တကယ်တမ်း မလုပ်မဖြစ်လုပ်ရမည့် ​အရေးကြီးသည့် ကိစ္စများ၌ အချိန်များစွာ ကုန်ဆုံးပြီးသားဖြစ်ပီး အချိန်အလုံအလောက်မရှိသည့် ပြသနာနှင့် အမြဲလိုလို ကြုံရပါတယ်။ ထိုအခါမလုပ်မဖြစ်လုပ်ရမည့်အလုပ်နှင့် အချိန်မရှိသည့် ​ပြသနာကြား စိတ်ဖိစီးမူကိုခံစားရတတ်ပါတယ်။ စိတ်ဖိစီးလာသောအခါ စိတ်မရှည်ခြင်း ၊ သည်းမခံနိုင်ခြင်းများ ဖြစ်ပြီး  ပြီးပြီးရော လုပ်လိုက်မိသွားနိုင်ပါတယ်။ ထိုအခါ သင်သည် အလုပ်ကိုအလွယ်လုပ်တတ်သော သူတစ်​ယောက်ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့်အချိန်ကိုစီမံခန့်ခွဲတက်ဖို့လဲလိုပါတယ်။မိမိ ရည်ရွယ်ချက်များကို အကောင်းဆုံး လုပ်ရာတွင်မိမိကိုယ်ကို အကောင်းဆုံးပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ မိမိရဲ့ တစ်နေ့တာလုပ်ဆောင်ရမည့်အလုပ်များ ကို အကောင်းဆုံးလုပ်နိုင်စေရန် လုပ်ဆောင်ရမည့် အရာများကို မစတင်မီ ကြိုတင်၍ စိတ်အားခွန်အား ဉာဏ်အား များကို အရင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရပါမယ် ။ အိပ်ရာ၂နာရီခန့် စောထ၍ငြိမ့်ညောင်းချိုသာသော သီချင်းနားထောင်ရင်း အားကစား လုပ်ခြင်း၊ တရားထိုင် ခြင်း၊ အာဟာရပြည့်၀သော မနက်စာစားခြင်း၊ သတင်းစာဖတ်ခြင်း စသည်တို့နှင့် စတင်၍ တစ်နေ့တာ လုပ်ငန်းစဉ် အချို့ကိုကြိုတင်၍ အစီစဉ်ချထားရပါမယ်။ လုပ်ဆောင်စရာအလုပ်များကို ပြုလုပ်ရာတွင်လည်း အချိန်ကိုအကျိုးရှိရှိ ထိထိရောက်ရောက် မိမိကိုယ်နှင့်စိတ်ကိုလည်း အနားပေးချိန်တန်‌​ပေး၍ အကောင်းဆုံး လုပ်ဆောင်ရပါမယ်။

မိမိရဲ့ တစ်နေ့ တာ လုပ်ငန်းစဉ် များတွင် ပါ၀င်ပတ်သက် နေသောသူများနှင့် ကောင်းမွန်သောဆက်ဆံရေး တစ်ခုလည်း ရှိထားရပါမယ်။ အကယ်၍မိမိသည် အဖွဲ့ခေါင်းဆောင်ဖြစ်လျှင် အလုပ်တာ၀န်များကိုညီမျှစွာခွဲဝေပေးပြီး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် စုပေါင်းလုပ်ဆောင် ရပါမယ်။ တာ၀န်ယူမှု တာ၀န်သိမှုများ ဖြင့် အလုပ်တာ၀န်များကို ခွဲဝေ လုပ်ကိုင်ကာ လူအင်အား ငွေအင်အား များကို ထိထိရောက်ရောက် အသုံးပြုသင့်ပါတယ်။ တစ်နေ့တာ လုပ်ငန်းတာ၀န်များ ပြီးဆုံးသွားသည့်အခါ မိမိတို့ ရည်ရွယ်ချက် မည်မျှ အောင်မြင်ခဲ့လဲဆိုတာကို သုံးသပ်ရပါမယ်။

ပန်းတိုင်ရောက်အောင်ဘယ်လိုသွားမလဲ?

ရည်ရွယ်ချက် အကောင်အထည် ဖော်ရာတွေ ကြုံတွေ့ခဲ့ရသော ဆိုးကျိုးများ ကောင်းကျိူးများ ကို သုံးသပ်ပြီး နောက်တစ်နေ့ အတွက် အသုံးချနိုင်လောက်သော အတွေးအခေါ်သစ်များ နည်းဗျူဟာများ ဖြစ်လာရန် အဖြေထုတ်ရှာဖွေရပါမယ်။  အကယ်၍ မိမိက အဖွဲ့၀င် တစ်ဦးဖြစ်လျှင် အဖွဲ့ မှ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာကာ အသင်းအဖွဲ့တစ်ခု၏ ညီညွတ်သော စိတ်ဓာတ်ဖြင့် ပူပေါင်းဆောင်ရွက် ရပါမယ်။

ကျွန်ုပ်တို့သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရင်း ဘ၀ရည်မှန်းချက် ပန်းတိုင်သို့ရောက်အောင် လျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။

နေ့စဉ်လုပ်ငန်းစဉ်များသည် ဘ၀ရည်မှန်းချက်ပန်းတိုင်၏ လှေကားထစ်များ ဖြစ်ကာ မိမိတို့သည် ကိုယ်အား ဉာဏ်အား ရှိသမျှ  အချိန်ကို အကျိုးရှိရှိအသုံးချကာ တက်လှမ်းနိုင်မှသာ အချိန်တိုတိုနှင့် အမြန်ဆုံး ရောက်ရှိနိုင်မည်ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။