Mac desktop folder icons တွေကို emoji အဖြစ်သို့ ဘယ်လို ပြောင်းလဲရမလဲ ?

CNET က ပထမဦးစွာ ထောက်ပြခဲ့တဲ့ အတိုင်း ၊ Mac desktop folders တွေကို နှစ်သက်ရာ emoji ဖြင့် လျင်မြန်စွာ စိတ်ကြိုက် ပြင်ဆင် နိုင်တယ် ဆိုတာကို တွေ့ရှိ ရပါတယ် ။

Laptop ( သို့မဟုတ် ) PC ပေါ်ရှိ folders တွေကို စုစည်းဖို့ visual way တစ်ခုကို ရှာဖွေ နေပါက ၎င်းဟာ ရယ်မောဖွယ် ကောင်းသော လှည့်ကွက် တစ်ခုပဲ ဖြစ်ပါတယ်။

ဥပမာ အားဖြင့်၊ အလုပ် ဖိုင်တွေကို ပိုမို လွယ်ကူစွာ ခွဲခြား သိရှိ နိုင်စေဖို့ ( သို့မဟုတ် ) plane emoji ဖြင့် ခရီးသွား စာရွက်စာတမ်း တွေကို စုစည်း နိုင်စေဖို့ briefcase emoji ကို ရွေးချယ် နိုင်ပါတယ်။

ဒီမှာ Halloween pumpkins ၊ hearts တွေ ( သို့မဟုတ် ) poop ဖြစ်စေ စိတ်ဆန္ဒ အတိုင်း ဖြစ်စေ blue folder icons တွေကို စတင် ပြောင်းလဲ နိုင်စေမယ့် quick process ကို တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန် ပေးမှာပဲ ဖြစ်ပါတယ်။

Desktop folder icons တွေကို emoji အဖြစ်သို့ ပြောင်းလဲနည်း

  • ပထမဦးစွာ ရှိပြီးသား ဖိုင်ကို အသုံး မပြုပါက folder အသစ် တစ်ခု ဖန်တီးဖို့ လိုအပ် ပါတယ် ။ အဲဒါကို လုပ်ဖို့၊ homepage ကို right-click နှိပ်ပြီး New folder ကို နှိပ်ပါ။
  • ထို့နောက် အသုံးပြု လိုသော emoji ကို ရှာပါ။ ဥပမာ အားဖြင့်၊ Google သို့ သွား၍ “cat emoji” ကဲ့သို့ အလိုရှိသော emoji ကို ရှာဖွေ နိုင်ပါတယ်။
  • ပုံတစ်ပုံကို ရှာပါ၊ အကောင်းဆုံး ကတော့ heckered background ပါရှိတဲ့ ပုံတစ်ပုံ ကို ရှာပါ ။ သို့မှသာ ပုံရဲ့ နောက်ကွယ်မှာ blue background ကို မြင်နေရဆဲ ဖြစ်ပါတယ်။
  • ပုံကို ရှာပြီးနောက် ၊ right-click နှိပ်ပြီး Copy Image ကို ရွေးချယ်ပါ။
  • တနည်းအားဖြင့် ပုံကို အကြောင်း တစ်ခုခုကြောင့် သိမ်းဆည်း လိုပါက ၎င်းကို သိမ်းဆည်းဖို့ Desktop ( သို့မဟုတ် ) Documents folder သို့ ဆွဲယူပါ။ ထို့နောက် ၎င်းကို နှစ်ချက် နှိပ်ခြင်းဖြင့် အကြို ကြည့်ရှုမှု Preview မှာ emoji image ကို ဖွင့်နိုင် ပါတယ် ။ Edit ကို နှိပ်ပြီး Copy ကူးပါ။
  • ဖန်တီးထားတဲ့ folder သို့ ပြန်သွားပါ။ ၎င်းပေါ်မှာ right-click နှိပ်ပြီး Get Info ကို နှိပ်ပါ။
  • ဘယ်ဘက် ထိပ်ရှိ blue folder icon ကို နှိပ်ပြီး Command + V ကို ရိုက်ထည့်ပါ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။