အသက်ရှည်ကျန်းမာလှပအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ?

လူသားအားလုံးဟာ ချမ်းသာချင်တဲ့အပြင် အသက်လည်းရှည်ချင် အသက်ရှည်ကျန်းမာလှပအောင် လဲနေချင်ပါတယ်လှလည်းလှချင်ပါသေးတယ်။ ဒါပေမယ့် ဒီလို သက်ရှည်ကျန်းမာလှပဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ထိန်းသိမ်းမှုတွေကို လုပ်ယူလို့ရတယ်ဆိုတာကို တော့  သတိမထားမိတတ်ကြပါဘူး။ အဲဒီအတွက်နေ့စဉ် အစားအသောက်ကနေ ဘယ်လိုအကျိုးရှိစေမယ် ဆိုတဲ့အကြောင်း မျှဝေချင်ပါတယ်။ ဒါဆိုရင် အာဟာရအတွက် ဂရုတစိုက်စားပေးရသလို ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ အလှအပအတွက်လည်း စနစ်တကျ စားပေးဖို့ အရေးကြီးတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။

(၁) သက်ရှည်ကျန်းမာဖို့

Non-communicable Diseases လို့ခေါ်တဲ့ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါတွေထဲမှာသွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာစတဲ့ရောဂါတွေပါဝင်ပါတယ်။ ဒီရောဂါတွေဟာ ကိုယ်နေထိုင်စားသောက်တဲ့ ပုံစံကြောင့် ဖြစ်ရတဲ့ ရောဂါမျိုးတွေပါ။

တစ်မျိုးဖြစ်ပြီဆိုရင်လည်း ကျန်တဲ့နှစ်မျိုးက အလိုလိုဝင်လာတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ မဖြစ်လာအောင် ကာကွယ်မယ်ဆိုရင်ဖြစ်ဖြစ်၊ ဖြစ်နေရင်လည်းထိန်းချုပ်ချင်ရင်ဖြစ်ဖြစ် Life Style Modification ဆိုတဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြုပြင်ခြင်းနည်း နဲ့ လုပ်လို့ရပါတယ်။ ဘယ်လိုတွေ စားရမလဲဆိုတော့ Starchy Carb နဲ့ Sugary Carb ဆိုပြီး ကာဗိုဟိုက်ဒရိတ်နှစ်မျိုးထဲက starchy Carb  ကာဗိုဟိုက် ဒရိတ်တွေ  ကို ပိုစားပေးသင့်ပါတယ်။ အချိုဓာတ်ကဲတဲ့ sugary carbohydrate တွေကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အဆီတွေအဖြစ်လည်း ပြောင်းလဲသိုလှောင်ထားပါတယ်။

အသီးအရွက်တွေစားတဲ့အခါမှာလည်းအစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ အဖြူရောင်၊ အပြာရောင် စုံလင်အောင်စားပေးဖို့လိုပါတယ်။ အသားဓာတ်ကိုတော့ white meat နဲ့ red meat နှစ်မျိုးရှိတဲ့အနက် red meat တွေကကျန်းမာရေးအတွက် သိပ်မသင့်လျော်ပါဘူး။ red meat တွေကရတဲ့ အဆီက white meat တွေကရတဲ့အဆီလိုမကောင်းပါဘူး။ ဒါကြောင့် white meat တွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ကြက်သား၊ ဘဲသားတွေကိုစားပေးသင့်ပါတယ်။

လူသားအားလုံးဟာ ချမ်းသာချင်တဲ့အပြင် အသက်လည်းရှည်ချင်ပါတယ်လှလည်းလှချင်ပါသေးတယ်။ ဒါပေမယ့် ဒီလို သက်ရှည်ကျန်းမာလှပဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ထိန်းသိမ်းမှုတွေကို လုပ်ယူလို့ရတယ်ဆိုတာကို တော့  သတိမထားမိတတ်ကြပါဘူး။ အဲဒီအတွက်နေ့စဉ် အစားအသောက်ကနေ ဘယ်လိုအကျိုးရှိစေမယ် ဆိုတဲ့အကြောင်း မျှဝေချင်ပါတယ်။ ဒါဆိုရင် အာဟာရအတွက် ဂရုတစိုက်စားပေးရသလို ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ အလှအပအတွက်လည်း စနစ်တကျ စားပေးဖို့ အရေးကြီးတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။

အသက်ကြီးပိုင်းတွေမှာဆိုရင်တော့ ဇီဝဖြစ်စဉ်တွေဟာပိုနှေးသွားပြီးလူငယ်တွေလောက်လည်းစွမ်းအင်သုံးဖို့ မလိုတော့ပါဘူး။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်တွေကိုလျော့စားပြီးအသား၊ ငါးနဲ့ အသီးအရွက်ကိုပိုစားစေချင်ပါတယ်။ အသီးအရွက်တွေမှာ ရောဂါကို ကာကွယ်ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတာကြောင့် များများစားပေးရင် ရောဂါကင်းဝေးပြီး ကျန်းမာမှာဖြစ်ပါတယ်။

(၂) စိတ်ပျော်ရွှင်ကျန်းမာဖို့

စိတ်ဓာတ်နဲ့ အတွေးတွေကို အထောက်ပံ့ဖြစ်စေမယ့် အစားသောက်ကောင်းတွေကိုလည်း သိရှိပြီး ဂရုတစိုက်စားစေချင်ပါတယ်။ စိတ်ညစ်လို့ မစားမသောက် ဘဲနေတာက ကြုံနေရတဲ့သောကကို ပိုကြီးထွားစေပြီး စိတ်တိုတာတွေ၊ စိတ်ရှုပ်တာတွေ ပိုဖြစ်စေပါတယ်။ ကိုယ်ဟာ ဒီစိတ်ညစ်မှုတွေကနေ တကယ်လွတ်မြောက်ချင်တယ်ဆိုရင်တာ့ အစားသောက်ကိုလည်း ဂရုစိုက်စားရပါမယ်။ စားခြင်း၊ မစားခြင်းကတော့ ကိုယ့်ရဲ့ရွေးခြယ်မှုပါပဲ။

ဗီတာမင် ဘီ ကြွယ်ဝတဲ့အစားစာတွေ များများစားပါ။ vitamin B-12 ၊ folic acid ၊ စစ်ထရစ်အက်စစ်အတွက် အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်သားနဲ့ ဥတွေ ကိုစားတာဖြစ်ဖြစ်၊ ဗီတာမင် ဘီအားဆေးတွေ သောက်တာ ဖြစ်ဖြစ် လုပ်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းနေတာတွေကို လျော့ပါးသက်သာလာစေပါတယ်။ Omega-3 fatty acids ကလည်း စိတ်ကို တည်ငြိမ်ကောင်းမွန်စေပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ်ပါတဲ့ အားဆေးတွေသောက်ရင်သောက်၊ မသောက်ရင်လည်း ငါးကြီးဆီစားတာ၊ သောက်တာ၊ ဆယ်လ်မွန်ငါး၊ တူနာငါးတွေစားသုံးပေးရင်လည်း ဒီဓာတ်ကိုရရှိနိုင်တာမို့ ဆူရှီ ကြိုက်တဲ့သူတွေအတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါပဲ။

အချိုဓာတ်လွန်ကဲလွန်းတဲ့အစားစာတွေ ကဖင်းဓာတ် ပါတာတွေ၊ အယ်လ်ကိုဟောပါတာတွေ၊ တာရှည်ခံဆေးတွေပါတဲ့ အစားစာတွေဟာ ဦးနှောက်ကို ထိခိုက်စေတာမို့ စိတ်ဓာတ်တွေ ကျဆင်းနေချိန်မှာတော့ ရှောင်စေချင်ပါတယ်။ အချိုရည်တွေထက် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ ကို သောက်မယ်ဆိုရင် Depressive Mood ကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၃) ခန္ဓာကိုယ်ကြံ့ခံလှပဖို့

ခန္ဓာကိုယ်လှပဖို့ စားကြတဲ့အခါမှာ တော်တော်များများကအဆီတွေကို ရှောင်ကြတာ တွေ့ရပါတယ်။ အမှန်ကတော့ အဆီကို Limit နဲ့စားရင် အန္တရာယ်မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဆီတွေက‌တော့  ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ငါးကြီးဆီနဲ့ ထောပတ်သီးမှာပါတဲ့ အဆီတွေဖြစ်ပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။ ထောပတ်သီးကို ညစာအနေနဲ့စားပေးမယ်ဆိုရင် ဝမ်းဗိုက်က အဆီတွေကျပြီး ချပ်ရပ်လှပစေပါသေးတယ်။

(၄) အသားအရေလှပကျန်းမာဖို့

ကြည်လင်တင်းရင်းတဲ့ အသားအရေအလှအတွက်ကတော့ ရေဓာတ်ကအရေးကြီးဆုံးပါပဲ။ ပူစီဖောင်းလေးတွေထဲကို ရေတွေအပြည့်ဖြည့်ထားရင် ဖောင်းကားပြီး တင်းနေသလို ကျွန်မတို့ခန္ဓာကိုယ်က ဆဲလ်လေးတွေ တစ်လုံးချင်းစီမှာလည်း ရေနဲ့ပြည့်ဝနေမယ်ဆိုရင် တင်းရင်းကြည်လင်တဲ့ အသားရေမျိုးကို ဖြစ်စေပါလိမ့်မယ်။ ဒါကို Turgor Pressure လို့ခေါ်ပါတယ်။

ဒီeffectကိုရဖို့အတွက် တစ်နေ့တာလုံးရေများများသောက်ပေးတဲ့အပြင် အရည်ရွှန်းတဲ့အသီးအရွက်တွေ စားပေးတာကလည်း လိုအပ်တဲ့ရေနဲ့ ဓာတ်ဆားပမာဏကိုရရှိစေပါတယ်။ဥပမာ – အုန်းရည်၊ ဖရဲသီး၊ သခွားသီး၊ ကီဝီသီး၊မုန်လာဥနီ၊ နာနတ်သီးစတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေကိုစားသုံးပေးရင်လည်း လိုအပ်တဲ့ရေဓာတ်ကိုရရှိနိုင်ပါတယ်။
တစ်နေ့ကိုရေ အနည်းဆုံး၂ လီတာကနေ ၅ လီတာလောက်အထိသောက်ပေးသင့်ပါတယ်။

(၅) ဆံကေသာလှပကျန်းမာဖို့

အသားအရေပြီးရင် အမျိုးသမီးတော်တော်များများစိတ်ပူရတဲ့ အလှအပပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဆံပင်ကျွတ်တာပဲဖြစ်ပါတယ်။ ဒီလိုဆံပင်တွေကျွတ်ပြီး ပါးလာတာဟာ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါလက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက သွေးနီဥလေးတွေဟာ အောက်ဆီဂျင်ကို သယ်ပြီး လိုအပ်တဲ့နေရာတွေကိုပို့ပေးပါတယ်။ ဒီသွေးနီဥလေးတွေကို  ထုတ်လုပ်ဖို့ အတွက်ဆိုရင် သံဓာတ်လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ တဲ့အခါမှာ သွေးနီဥလေးတွေကို လုံလုံလောက်မထုတ်နိုင်တော့ဘဲ အောက်စီဂျင်ကိုလည်းလောက်ငှအောင် မပို့နိုင်တော့ပါဘူး။ ဒီအခါမှာဆံပင်တွေကိုလည်းအောက်စီဂျင်အရောက်နည်းသွားတဲ့အတွက် ဆံပင်ကျွတ်တာတွေ ဖြစ်လာပါတော့တယ်။

ခန္ဓာကိုယ်ကနဂိုကပဲ သံဓာတ်စုပ်ယူရာမှာ အားနည်းပါတယ်။ သံဓာတ်စုပ်ယူမှုအားကောင်းစေချင်ရင်တော့ ဗီတာမင် စီ လိုအပ်ပါတယ်။ အဲဒီအတွက် သံပရာသီး၊ လိမ္မော်သီး၊ ရှောက်သီးစတဲ့ ချဉ်တဲ့သစ်သီးတွေအပြင် ဗီတာမင်စီ ဆေးပြားလေးတွေကိုလည်း သောက်ပေးလို့ရပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်သက်သာအောင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုဂရုတစိုက်စားရပါမယ်။ အမဲသား၊ ဝက်အသည်း၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် (ချက်ပြုတ်ကြော်လှော်လိုက်ရင် အမဲရောင်ပြောင်းသွားတဲ့အရွက်အားလုံး)၊ မြေပဲ၊ ထောပတ်မြေပဲ၊ ဗီတာမင် စီကြွယ်ဝတဲ့အစားစာ (အူနံရံကနေသံဓာတ်တွေကိုစုပ်ယူတဲ့အခါမှာဗီတာမင်စီဟာ စုပ်ယူမှုအားကောင်းစေပါတယ်) တွေကိုစားပါ။ ဒါမှမဟုတ် သံဓာတ်အားဆေးတွေ သောက်လို့လည်းရပါတယ်။

(၆) ခြေသည်းလက်သည်းကျန်းမာလှပဖို့

နောက်ထပ်အလှတရားဖြစ်တဲ့ ခြေသည်း၊ လက်သည်းကျန်းမာလှပဖို့ အတွက် အကောင်းဆုံးအာဟာရကတော့ ငါးကြီးဆီကရတဲ့ အိုမီဂါသရီးဖက်တီးအက်စစ် (Omega 3 Fatty Acid) ပါ။ ငါးမစားဖြစ်ရင် အိုမီဂါသရီးဖက်တီးအက်စစ် (Omega 3 Fatty Acid) ပါတဲ့ ဖြည့်စွက်ဆေးတွေ၊ ငါးကြီးဆီဆေးလုံးတွေ သောက်ပေးလို့ရပါတယ်။ အားလုံးပဲ အသက်ရှည်ကျန်းမာလှပအောင် နေနိုင်ကြပါစေ။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။