ဘဝကို ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ?

ဘဝတွင် ကျွန်ုပ်တို့ မထင်မှတ် ထားသော အရာများစွာကို အချိန်နှင့် အမျှ ကြုံတွေ့ နေကြ ရသည်။ ထိုအရာ များစွာထဲတွင် ပျော်ရွှင်စရာ အဖြစ်အပျက် များရှိသလို ဝမ်းနည်း စိတ်မကောင်းစရာ များလည်း ပါဝင် နေတတ်သည်။ ဘဝကို ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ?  ကျွန်ုပ်တို့ လူ့လောကကြီးတွင် မတူညီသော ဘဝ များစွာကို ဖြတ်သန်း နေရသော လူသန်းပေါင်းများစွာ ရှိသည်။ အောင်မြင်နေသူများ ရှိသလို ကျရှုံးနေသူများ ရှိသည်။ ဆင်းရဲနေသူများ ရှိသလို ချမ်းသာနေသူများလည်း ရှိသည်။ အောင်မြင်နေရာမှ ကျရှုံးသွားသူများ ရှိသလို ကျရှုံးနေရာမှ အောင်မြင်လာသူများလည်း ရှိသည်။ဆင်းရဲနေရာမှ ချမ်းသာသွားသူများ ရှိသလို ချမ်းသာနေရာမှာ ဆင်းရဲသွားသူများလည်း ရှိသည်။ ထို ဘဝအနိမ့်အမြင့် အတက်ကျ များစွာကို ကြုံလာသည့် အခါတိုင်း ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပြီး ကျော်ဖြတ် နိုင်မှသာ ပျော်ရွှင်သော ဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထိုသို့ ကျော်ဖြတ်ရာတွင် အထောက်အကူ ဖြစ်စေနိုင်မည့် အချက် တစ်ချို့ကို ဖော်ပြ ပေးချင်ပါသည်။ ထို အချက်များကို လက်တွေ့ ကျင့်သုံး ကြည့်ပါက ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းလာစေမှာ အမှန်ပဲ ဖြစ်ပါသည်။

၁။ကျန်းမာအောင်နေပါ။

ပိုက်ဆံမည်မျှ ချမ်းသာသည် ဖြစ်စေ ကျန်းမာရေး မကောင်းလျှင် ပျော်ရွှင်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် မိမိ ကျန်းမာရေး ကိုလည်း ဂရုစိုက် ရပါမည်။ ကျန်းမာရေး ကောင်းစေရန် နေ့စဉ်အားကစား တစ်မျိုးမျိုး လုပ်ပါ။ နာရီဝက် လောက်တော့ ပုံမှန် လုပ်ပေးသင့်ပါသည်။ ဘယ်လို လုပ်ရမလဲ နည်းလမ်း မသိပါက youtube မှာ ရှာလို့ရပါသည်။ လိုက်မလုပ်တက်သည် ဖြစ်စေ မလုပ်နိင်သည် ဖြစ်စေ အနည်းဆုံး တစ်နေ့လျှင် ၁၀မိနစ်မှ မိနစ်၃၀ အထိ လမ်းလျှောက်ပေးပါ။ လမ်းလျောက်နေတဲ့ အချိန်တွင်လည်း အမြဲ ပြုံးနေပါ စိတ်ပူပန်စရာတွေ မစဉ်းစား ပါနှင့်။

၂။ တရားထိုင်ပါ။

တစ်ရက်ကို အနည်းဆုံး ၁၀မိနစ်ခန့် တရားထိုင်​ကြည့်ပါ။ တရားထိုင်ခြင်းဟာ စိတ်ကို အရမ်းအေးချမ်းစေပါသည်။ တရား ထိုင်နေချိန်တွင် မိမိတွင်ရှိနေသော အပူအပင်များ လောဘ ဒေါသ မောဟ အတ္တ နှင့်မာနများအား တတ်နိုင်သလောက် လျှော့ချနိုင်ပြီး စိတ်ချမ်းသာနိုင်မှာပါ။ တရားထိုင်နေချိန်မာ ဘယ်အရာမှမတွေးပဲ မေ့ထားဖို့တော့ လိုပါတယ်နော်။

ဘဝတွင် ကျွန်ုပ်တို့ မထင်မှတ် ထားသော အရာများစွာကို အချိန်နှင့် အမျှ ကြုံတွေ့ နေကြ ရသည်။ ထိုအရာ များစွာထဲတွင် ပျော်ရွှင်စရာ အဖြစ်အပျက် များရှိသလို ဝမ်းနည်း စိတ်မကောင်းစရာ များလည်း ပါဝင် နေတတ်သည်။ ကျွန်ုပ်တို့ လူ့လောကကြီးတွင် မတူညီသော ဘဝ များစွာကို ဖြတ်သန်း နေရသော လူသန်းပေါင်းများစွာ ရှိသည်။

၃။ မနက်ခင်းကို မှန်ကန်စွာ စတင်ပါ။

တစ်နေ့တာ ပျော်ရွှင်ဖို့အတွက် မနက်ခင်းရဲ့ စိတ်ခံစားချက် ကလဲ အရေးကြီးပါသည်။ မနက် နိုးနိုးချင်းမှာ စိတ်ရှုပ်နေလျှင်တစ်နေကုန်နီးပါး စိတ်ရှုပ်ရှုပ်နဲ့ ဖြတ်သန်းသွားရမှာပါ။ ဒါကြောင့်မနက်ခင်း တစ်ခုကို စတင်တော့မည် ဆိုပါက စိတ်ချမ်းသာစရာ တစ်ခုခုကို တွေးပီး ပြုံးတဲ့အကျင့် လုပ်ပါ။ ပြီးလျှင် ဒီနေ့အတွက် လုပ်စရာရှိသည်များ အားလုံးကို ထိထိ ရောက်ရောက်နှင့်ပြီးမြောက်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်နှင့် စတင်ပါ။

၄။ ဝါသနာပါသည့် အရာ တစ်ခုခု လုပ်ဆောင်ပါ။

ရရှိလာသော အားလပ်ချိန်များတွင်လဲ မိမိ နှစ်သက်သည့် အရာလေးများအား လုပ်ဆောင်ပါ။ (ဥပမာ-စာဖတ်ခြင်း၊သစ်ပင်ပန်းမန်လေးများ စိုက်ပျိုးခြင်း) စာဖတ်ခြင်းဖြင့် မိမိအတွက် ဗဟုသုတများ၊ ဟာသ၊ ရသ ပေါင်းစုံကို ရရှိနိုင်သလို သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်းဖြင့် သဘာဝတရား နှင့် အဆက်သွယ် မပြတ်နေနိုင်မည်ဖြစ်သည်။

ထို့အတူ သီချင်းနားထောင်ခြင်း ၊ဝါသနာပါလျှင် ဂီတနှင့် ပတ်သတ်သော အရာများကို သင်ယူခြင်း၊ ရုပ်ရှင်ကြည့်၍ အပန်းဖြေခြင်းများလည်း လုပ်ဆောင်သင့်ပါသည်။ အားလပ်ချိန်မှာ ဖုန်းကြည့်ခြင်း ၊ facebook သုံး​ခြင်းကို လျော့ပါ။ ဖုန်းထဲက မကောင်းသည့် သတင်းတစ်ခုခုကို ဖတ်မိလျှင်လဲ စိတ်ညစ်စေနိုင်ပါသည်။ မိမိရဲ့ မျက်လုံးကိုလဲ အနည်း နဲ့ အများ ထိခိုက်စေနိုင်ပါသည်။

၅။ လျစ်လျူရှုပါ။

မိမိအား စိတ်ဒုက္ခ ပေးနေသော အရာများအား တတ်နိုင်သလောက် လျစ်လျူရှု တတ်ရန်လည်း အရေးကြီးပါသည်။ဖြစ်လာသော အရာများ အပေါ်တွင် ခွင့်လွှတ် သည်းခံ ရောင့်ရဲ တင်းတိမ်ကာ အကောင်းမြင်စိတ် ထားပါ။ ပူပန်သောက များကိုလျှော့ချပါ။ ကိုယ်ချင်းစာတရားတွေကို လက်ကိုင်ထားပါ။

၆။ အသက်အရွယ်မခြား​ ပေါင်းသင်းဆက်ဆံကြည့်ပါ။

မိမိရဲ့ တစ်ချို့အချိန်လေးတွေကို အသက်၇၀ဆယ်ကျော် လူကြီးတွေ၊ အသက် ၆နှစ်အောက် ကလေးတွေနဲ့ အတူတူ ကုန်ဆုံးစေပါ။ လူကြီးတွေနဲ့ပေါင်းသင်းခြင်းဖြင့် ဘဝအကြောင်း နားလည်စေမည့်အပြင် ဗဟုသုတများစွာလဲ ရနိုင်ပါတယ်။ ကလေး​တွေနှင့် အချိန်ကုန်ဆုံး ခြင်းဖြင့် သူတို့လေးတေရဲ့ အပူပင်ကင်းမဲ့တဲ့ လုပ်ရပ်လေးတွေ ကနေလည်း သင်ယူစရာလေးတွေ တွေ့လာပါလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ်ရဲ့စိတ်ကို တစ်ခဏတာ ပျော်ရွှင်စေမှာပါ။

၇။ သူတပါးကိုအားမကျပါနဲ့။

တစ်ခြားသူတွေရဲ့ လက်ရှိ အောင်မြင်မှုများကို ကြည့်ပြီး အားမကျပါနှင့်။ ကိုယ်ကိုယ်တိုင် ကြိုးစားပါ။ အားကျ​နေလို့လဲ ကိုယ်လဲ သူတို့ဖြစ်မလာနိုင်ပါဘူး။ အားကျနေမည့်အစား ကြိုးစားလိုက်ပါ။ သူတို့ထက် သာသွားပါလိမ့်မည်။

၈။ အတိတ်ကို အတိတ်မှာ ထားခဲ့ပါ။

အတိတ်က အကြောင်းတွေကို တွေးပြီး လက်ရှိ အချိန်ကို မဖြုန်းတီးပါနဲ့။  ပြီးခဲ့တာတွေကို တွေးပြီး နောင်တရနေ စိတ်ညစ်နေလို့လဲ ဘာမှ မထူးပါဘူး။ ပြန်ပြင်လို့လဲ မရပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးသွားတာပဲ အဖတ်တင်မာပါ။ လက်ရှိမှာပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ဤသို့ဖြင့် ပိုမိုပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် လုပ်ဆောင်နိုင်မည့် ဘဝကို ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ? အချက်များအား ဖော်ပြလိုက်ရပါသည်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။