ကျန်းမာသောလူမှုနေ့စဉ်ဘ၀

လူမှုဘ၀ပုံစံ

ကျွန်ုပ်တို့ရဲ့ဘ၀ တန်ဖိုး ကို ဆုံးဖြတ်တဲ့ အခန်းကဏ္ဍ မှာ လူမှုဘ၀ပုံစံ ဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါ၀င်လာပါတယ်။ လူ‌နေမှုဘ၀ပုံစံသည် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး ၊ ပင်ကိုယ်စရိုက် နှင့် ကိုယ့်ကိုယ်ကို မည်မျှ ယုံကြည်မှုရှိခြင်း စသည့် ရှုထောင့်မျိုးစုံမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ထင်ဟပ်စေပါတယ်။ ဤကမ္ဘာပေါ်တွင်ရှိသော လူသားများစွာရှိသည်။ တစ်ယောက်ချင်းဟာ မိမိတို့ရဲ့ လူနေမှုပုံစံကို နှစ်လိုဖွယ်ကောင်းပြီး ကျန်းမာသော လူမှုပုံစံးသာ မျှော်လင့်ကြစမြဲပင်။
ထို့ကြောင့် ကျန်းမာခြင်းကို အလေးပေးကာ မိမိ တို့ရဲ့ လူနေမှုဘ၀ပုံစံကို ကောင်းသထက် ကောင်းစေရန် ပြုမူနေထိုင်သင့်ပါသည်။
ကျန်းမာသော လူမှုဘ၀ပုံစံဟုဆိုရာတွင် ကိုယ်ကျန်းမာဖို့သာ မက စိတ်ကျန်းမာ ဖို့ လည်းအရေးကြီးပါတယ်။
ခန္ဓာကိုယ် ကျန်းမာစေရန် အစား အသောက် သာမက အားကစားကိုလည်း အလေးပေး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သက်ရှည်ကျန်းမာစေရန် မိမိတို့ နေ့စဉ်စားသောက်နေသော စားသောက်မှုပုံစံများက်ု လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ နိုင်ငံနှင့်အ၀န်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစားအသောက် ထုတ်လုပ်မှုပုံစံ များ၊ ပြင်ဆင်မှုပုံစံများလည်း အရင်ကနှင့်မတူ ပြောင်းလဲလာပါတယ်။
ကောင်းသောပြောင်းလဲလာခြင်းကို လက်ခံရမည် ဖြစ်တယ်။အချို့မှာ ငွေကြေးအရ အမြတ်စွန်းရရှိမှုကိုသာ အလေးထားလာကြကာ အစားသောက်များကို ကြာရှည်ခံရန် အရသာအားဖြင့် စားသုံးသူများအား ဆွဲဆောင်နိုင်ရန် သဘာ၀မဟုတ်သော ဓာတ်သတ္တုပါ၀င်မှုပမာဏ များပြားစွာ ပါ၀င်လာပါတယ်။ ထို့ကြောင့် မိမိတို့အနေနှင့် သဘာ၀ မြေဩဇာ ဖြင့်စိုက်ပျိုးထားသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ ၊ သန့်ရှင်း လတ်ဆတ်သောအသားနှင့်ငါးများ ကိုစား‌သုံးသင့်ပါတယ်။အသင့်စားကြာရှည်ခံပစ္စည်းများဖြင့် ထုတ်ပိုးထားသော အစားအသောက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။
နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုး၊ဆီးချိုနှင့် နောက်ဆက်တွဲရောဂါများကို ကာကွယ်နိုင်ရန် ချိုလွန်းငံလွန်းသောအစားစာများ၊ ပြည့်၀ဆီများစွာပါ၀င်သောအစားစာများ၊ အသင့်သောက်အချိုရည်များ၊ ပြန်ကြော်ဆီများဖြင့် ပြုလုပ်သောအစားစာများ၊ အသင့်စားဆီသွပ်ဘူးများ ကိုရှောင်ရှားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်များ ၊ သန့်ရှင်းလတ်ဆတ်သော အသားငါးများ၊ ပဲအမျိုးမျိူး၊ Omega 3 ပါ၀င်သောအစားစာများ စသည်တို့ ကို အချိုးကျကျ မျှမျှတတ စားသုံးသင့်ပါတယ်။

ကျွန်ုပ်တို့ရဲ့ဘ၀ တန်ဖိုး ကို ဆုံးဖြတ်တဲ့ အခန်းကဏ္ဍ မှာ လူမှုဘ၀ပုံစံ ဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါ၀င်လာပါတယ်။ လူ‌နေမှုဘ၀ပုံစံသည် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး ၊ ပင်ကိုယ်စရိုက် နှင့် ကိုယ့်ကိုယ်ကို မည်မျှ ယုံကြည်မှုရှိခြင်း စသည့် ရှုထောင့်မျိုးစုံမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ထင်ဟပ်စေပါတယ်။ ဤကမ္ဘာပေါ်တွင်ရှိသော လူတစ်ဦးချင်း တစ်ယောက်ချင်းဟာ မိမိတို့ရဲ့ လူနေမှုပုံစံကို နှစ်လိုဖွယ်ကောင်း ပြီး ကျန်းမာသော လူမှုဘ၀ပုံစံ များသာ မျှော်လင့်ကြစမြဲပင်။

ကျန်းမာသောလူနေမှုဘ၀

မိမိခန္ဓာကိုယ် အရွယ်အစားအလိုက် လိုအပ်သော ကယ်လိုပမာဏကို တွက်ချက်ကာ စားသောက်နိုင်ပါကလည်း အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို တားဆီးနိုင်မည် ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်သုံး ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် အလို့ငှာ ဆေးလိပ်နှင့်အရက်ကို မသုံးစွဲမိအောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။စိတ်ကျန်းမာရေးကောင်းအောင်နေထိုင်ခြင်းသည်လည်း မိမိတို့ရဲ့နေ့စဉ်ဘ၀ကို အဆင်ဆင်ပြေပြေ ဖြတ်ကျော်နိုင်ရန်အထောက်အကူပေးပါတယ်။ ကျန်းမာသောလူနေမှုဘ၀ကို ပိုင်ဆိုင်နိုင်ရန် စိတ်ကျန်းမာအောင်နေထိုင်ခြင်းသည်လည်း အဓိက ကျပါတယ်။ နေ့စ‌ဉ်ဘ၀ တွင် မိမိ သူငယ်ချင်း များနှင့် အမှတ်ရဖွယ် အခြေအနေများ ဖန်တီးခြင်း၊ မိသားစုအား အချိန်ပေးပြီး ထမင်းလက်ဆုံစားခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း စသဖြင့် ကိုယ်ချင်ခင်သောသူများအား အချိန်ပေး၍ ပျော်ရွှင်စရာ အခြေနေလေးများ ဖန်တီးပါက စိတ်ကျန်းမာစေမည် ဖြစ်ပါတယ်။ အားလပ်သော အချိန်များတွင်လည်း မိမိကျွမ်းကျင်ရာဖြင့် စေတနာ့၀န်ထမ်း အဖြစ် အခြားသူများအား တဖက်တလမ်းမှ ကူညီပေးခြင်းသည်လည်း မိမိ အတွက်သာမက အခြားသူများရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မိမိတို့ချမှတ်ထား သော ဘ၀ပန်းတိုင် ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားခြင်း၊ မိမိတို့ဘ၀အတွက် အကျိုးရှိသော လှုပ်ရှားမှုတမျိုးမျိုး ဥပမာ စက်ဘီးစီးသင်ခြင်း ရေကူးသင်ခြင်းများကိုလည်း စတင်၍ ကြိုးစားသင့်ပါတယ်။ မိမိတို့ရဲ့ဘ၀တန်ဖိုး ကိုမြှင့်တင်ကာ ကျန်းမာသော လူနေမှုဘ၀ပုံစံကိုရရှိရန် အမြဲကြိုးစားသင့်ပါတယ်။
ကျန်းမာသောလူနေမှုဘ၀ပုံစံ ကိုရရှိနိုင်ရန် အားကစားကိုလည်း ပုံမှန်ပြုလုပ်ရန်လိုအပ်ပါတယ်။
အားကစားလုပ်ခြင်းသည်မိမိတို့ ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း၊ အ၀လွန်ရောဂါ သွေးတိုးရောဂါ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါ ဘယများမဖြစ်စေရန် ကာကွယ်ပေးခြင်း အစရှိသည့် အကျိူးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါတယ်။ အေရိုးဗစ် အားကစား ကို တစ်နေ့လျှင် မိနစ်၃၀ ခန့် တစ်ပတ်လျှင် ၅ ရက် ခန့်အနည်းဆုံး ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်ကို တိုးမြှင့်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုပါ အထောက်အကူ ပြုစေနိုင်ပါတယ်။ နေ့စဉ် အချိန်ရရင်ရသလို အလေးမခြင်း ၊ အကြောလျှော့ အားကစား ပြုလုပ်ခြင်း စသည်တို့ကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့်လည်း မိမိတို့ရဲ့ ကျန်းမာသော နေ့စဉ်လူနေမှု ဘ၀ကို ရရှိနိုင်မည်ဖြစ်ပါတယ်။

ကျန်းမာသောလူမှုနေ့စဉ်ဘ၀ ကိုရရှိနိုင်ရန် အလေ့အကျင့်ကောင်းများကို မွေးမြူရပါမယ်။ အာဟာရပြည့်၀သော အစားအစာများစားသုံးခြင်း၊ ဆေးလိပ်‌ သောက်ခြင်းကို ရှောင်ရှားခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ အားကစားပုံမှန်လိုက်စားခြင်း၊ မိသားစု သူငယ်ချင်းမိတ်ဆွေ များနှင့် ကောင်းသောဆက်ဆံရေးများ ဖန်တီးခြင်း အစရှိသည့် အလေ့အကျင့်ကောင်းများဖြင့် ကျန်းမာသော လူမှုနေ့စဉ်ဘ၀ ကို ဖော်ဆောင်နိုင်ရန် ကြိုးစားကြရပါမှဖြစ်ပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါတယ်။