လူတိုင်းရဲ့ ချီးကျုးမူကို ရဖို့ လိုပါသလား?

သင်ဟာ လူတိုင်းရဲ့ ချီးကျူးမှုကို လိုချင်နေပါသလား။ လူတိူင်းရဲ့ ချီးကျူးမူကို ရဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်နေပါသလား။ လူတိုင်းရဲ့ ချီးကျူမှုကို မရရင် မပျော်ရွှင် ဖြစ်ပီး ကိုယ့်ကိုကို အသုံးမကျသူတစ်ယောက်လို့ ခံယူထားပါသလား။ ဒါဆိုရင်တော့ သင် ဒီစာကို အဆုံးထိ ဖတ်သွားလိုက်ပါ။

ကမ္ဘာ​မှာ လူဦးရေ 7 billionကျော် ရှိပါတယ်။ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်း၊ လူတစ်ဦး တစ်ယောက်စီတိုင်း မှာ မတူညီတဲ့ အိမ်မက်၊ ဝါသနာ၊ အရည်အချင်းတွေ ရှိကြပါတယ်။ လူတိုင်းက မတူညီကြဘူးလို့တော့ မဟုတ်ပါဘူး တူညီတဲ့ သူတွေလဲ ရှိကြပါတယ်။ တူညီတဲ့သူ ပမာဏ က 5% လောက်ပဲရှိတယ်လို့ ကျွနုပ် တပ်အပ်ပြောနိုင်ပါတယ်။

ကမ္ဘာ့လူဦးရေ 7billion ကျော်မှာ 5%လောက်ပဲ တူတယ်ပြောလို့ ကျွန်ုပ် ချဲ့ကား ပြောနေတယ် မဖစ်နိုင်ပါဘူးလို့ သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ သင်ယခုပင် သင့်အိမ်မှာ ချက်ထားတဲ့ ဟင်းကို လူတိုင်း စားသလား မေးကြည့်လိုက်ပါ။ ကျွနုပ် ရဲရဲပြောနိုင်ပါတယ် လူတိုင်းမစားကြပါဘူး။

သင့်အိမ်က လူအနဲစုပင် အကြိုက်ချင်း မတူညီကြသည်ကို သင်ကိုယ်တွေ့ မြင်ပြီးနောက် ကျွနုပ်ပြောသည့်5% ကို သင်လက်ခံပြီဟု ကျွနုပ်မျော်လင့်ပါတယ်။

ဒါကြောင့် သင့်စိတ်ထဲမာ သင်နဲအကြိုက်တူနဲ့သူ 100 မှာ 5ရာခိူင်နူန်းပဲ ရှိတယ်လို့သင်မှတ်ထားလိုက်ပါ။

လူတစ်ယောက်ဟာ လူတိုင်းရဲ့ ချီးကျူး၊ ထောက်ခံ၊ သဘောကျ မူကို ရဖို့ဆိုတာ အလွန်ပင်ခက်ခဲ၍ မလွယ်ကူလှပါဘူး။ ဘယ်အရာမှ မလွယ်ကူဘူး ကြိုးစားရင် ဖြစ်ပါတယ် ဆိုပြီး သင်ကြိုးစားဖို့ လုပ်နေတယ်ဆိုရင်လဲ ရပ်တန်းကရပ်လိုက်ပါ။

ဘယ်တော့မှ မဖစ်လာနိုင်ပါဘူး။သင်ဟာ မည်မျှပင် ကောင်းအောင် ကြိုးစားနေသောလည်း သင့်ကို သဘောမကျတဲ့သူကတော့ ရှိနေမာပါ။ သင် လူတိုင်းရဲ့ အကြိုက်အတိုင်း နေဖို့မဖြစ်နိုင်သလို လူတိုင်း စိတ်ကျေနပ်အောင် လုပ်ပေးလို့လဲ မရပါဘူး။

သင်ဟာ လူတိုင်းရဲ့ ချီးကျုးမူကို ရဖို့ လိုပါသလား? လူတိုင်းရဲ့ ချီးကျူးမူကို ရဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်နေပါသလား။ လူတိုင်းရဲ့ ချီးကျူမှုကို မရရင် မပျော်ရွှင် ဖြစ်ပီး ကိုယ့်ကိုကို အသုံးမကျသူတစ်ယောက်လို့ ခံယူထားပါသလား။ ဒါဆိုရင်တော့ သင် ဒီစာကို အဆုံးထိ ဖတ်သွားလိုက်ပါ။

လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးလို့ မရဘူးဆိုပြီး ဘာမှမလုပ်ရတော့ဘူးလို့တော့ ဆိုလိုချင်တာမဟုတ်ပါဘူး။

သင်လုပ်နေတဲ့အလုပ်ဟာ သင့်အတွက်ဖြစ်စေ၊ အများအတွက် ဖြစ်စေ ကောင်းမည့်အရာဟု သေချာပါက တခြားသူရဲ့ ဝေဖန်ခြင်းကို ဂရုမစိုက်ပါနဲ့၊ ကြောက်မနေပါနဲ့၊ လျစ်လျူရူလိုက်ပါ။

သင့်ဘက်က အကောင်းဆုံး ကြိုးစား၍ လုပ်ထားသော်လဲ သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တွေအားလုံးက ချီးကျူး ထောက်ခံမှာမဟုတ်ပါဘူး။သဘောကျတဲ့သူ ရှိသလို မကျတဲ့သူလဲ ရှိနေမာပါ။

မထောက်ခံတဲ့သူတေကိုလဲ သင်အပြစ်မြင်လို့ မရပါဘူး။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေး အမြင် အယူအဆတွေ ရှိကြပါတယ်။ ဒါကြောင့် သင်ရဲ့ အတွေးအခေါ် အယူအဆနဲ့ ကိုက်ညီတဲ့သူတေက သင့်ကိုချီးကျူးကြပါလိမ့်မယ်။

မတူညီတဲ့သူတေကတော့ ချီးကျူးထောက်ခံခြင်းကို ပြူလုပ်ကြမှာမဟုတ်ပါဘူး။ ထို့အပြင် ကဲ့ရဲ့ အပြစ်တင် စကားဆိုတဲ့သူတေတောင် ရှိကြပါလိမ့်မယ်။

ကဲ့ရဲ့ပြစ်တင်သံတေ ကြားရတိုင်း ငါကကောင်းတာလုပ်နေတာပဲ အဆင်ပြေပါတယ် ဂရုမစိုက်ဘူးလို့ တွေးပီး ကိုယ့်လမ်းကိုယ်သာ ရဲရဲဝင့်ဝင့် ဆက်လျောက်ပါ။

လူတိုင်းကတော့ ကဲ့ရဲ့တာထက် ချီးကျူးမူကို ခံချင်ကြတဲ့ သူတေကြီးပါပဲ။ ကျွနု်ပ် ကိုယ်တိုင်လဲ ချီးကျူးခံရတာ ကိုပဲ သဘောကျ ပျော်ရွှင်ပါတယ်။ သို့​သော်လဲ တခြားသူက ကိုယ့်ကို မချီးကျူးတိုင်းလဲ ကိုယ်ညံ့နေလို့ မဟုတ်ကြောင်း အကြိုက်ချင်း မတူလို့သာ ချီးကျူး မခံရကြောင်း စိတ်ထဲ နှလုံးသွင်းထားဖို့ပဲ လိုပါတယ်။ သင်နဲ့ ၉၅ရာခိုင်နူန်း အကြိုက်မတူသူ ရှိတဲ့နေတဲ့ ဤကမ္ဘာကြီးမှာ သင်ဟာ လူတိုင်းရဲ့ အကြိုက်အတိုင်း၊ လူတိုင်း စိတ်ကျေနပ်အောင် လူတိုင်းရဲ့ ချီးကျူးချင်း ခံရအောင် လုပ်ဖို့ဆိုတာ မည်သည့် နည်းလမ်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင်ဟာ လူတိုင်းရဲ့ ချီးကျူးမူကိုရဖို့ မလိုအပ်ပါဘူး။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။