ကိုးရီးယား အရံဟင်းချက်နည်းများ
ကိုးရီးယား အရံဟင်း
မိမိတို့ မီးဖိုထဲမှာရှိတဲ့ ပစ္စည်းအချို့နှင့် လွယ်ကူရိုးရှင်းတဲ့ ကိုးရီးယား အရံဟင်းချက်နည်းများ အချို့ကို ဝေမျှချင်ပါတယ်ရှင့်။ အရံဟင်းများဟာကိုးရီးယားအစားအစာများ၏အထင်ကရအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ကတော့ မိသားစုထမင်းဝိုင်းတိုင်းမှာ မပါမဖြစ် တဲ့ အကြိုက်ဆုံးအရံဟင်း ၃ မျိုးကိုရွေးချယ်ထားပါတယ်။
သခွားသီး အစပ်သုပ်
ပါဝင်းပစ္စည်းများမှာ –
သခွားသီး
ကြက်သွန်မိတ်
ကြက်သွန်ဖြူ
သကြား
နှမ်းလှော်
ကိုရီးယားပဲငံပြာရည်
ကိုးရီးယားငရုတ်ကောင်းမုန့်
နှမ်းလှော်ဆီ
ရှူးရှူးရှဲရှဲ စားချင်တဲ့ ချစ်တို့အတွက် သခွားသီးသုတ်နည်းလေးပါ။ပထမဆုံး သခွားသီး, ကြက်သွန်မိတ်
ကြက်သွန်ဖြူများကိုပါးပါးလှီးပီးအရသာများကိုမျှအောင်ထည့်ပြီးပန်းကန်ထဲထည့်ထားပါမယ်။ အစပ်ကြိုက်သူများငရုတ်သီးမုန့်ကိုပိုသုံးလို့ရပါတယ်။အရသာများဖြည်းစမ်း၍ထမင်းနဲ့ဖြစ်ဖြစ် ခေါက်ဆွဲနဲ့ဖြစ်ဖြစ် သုံးဆောင်နိုင်ပါပြီ။
မိမိတို့ မီးဖိုထဲမှာရှိတဲ့ ပစ္စည်းအချို့နှင့် လွယ်ကူရိုးရှင်းတဲ့ ကိုးရီးယားအရံဟင်းအချို့ကို ဝေမျှချင်ပါတယ်ရှင့်။ အရံဟင်းများဟာကိုးရီးယားအစားအစာများ၏အထင်ကရအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ကတော့ မိသားစုထမင်းဝိုင်းတိုင်းမှာ မပါမဖြစ် တဲ့ အကြိုက်ဆုံးအရံဟင်း ၃ မျိုးကိုရွေးချယ်ထားပါတယ်။
ဟင်းနုနွယ်ရွက်သုပ်
နောက်တမျိုးအနေနဲ့ ဟင်းနုနွယ် ကို ပြုတ်ပီး စိမ့်စိမ့်လေးနဲ့ အနံ့အရသာပြည့်စုံစွာ သုပ်မှာဖြစ်ပါတယ်။
ပါဝင်းပစ္စည်းများ –
ကြက်သွန်မိတ်
ကြက်သွန်ဖြူ
နှမ်းလှော်
ကိုရီးယားပဲငံပြာရည်
နှမ်းလှော်ဆီ
အရင်ဆုံး ဟင်းနုနွယ်ကိုရေနွေးပွတ်ပွတ်ဆူတဲ့ထဲမှာ ၁ မိနစ်ခန့်အရင်ပြုတ်ပါမယ်။ ပြီးရင်ရေဆေးပီး ရေညစ်ထားရပါမယ်။အသင့်ဖြစ်ပြီဆိုရင် စသုပ်လို့ရပါပီ။ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ဆားအနည်းငယ်၊ ပဲငံပြာရည်၊ နှမ်းလှော် နှင့် နှမ်းလှော်ဆီများကို အရွက်ပေါ်မူတည်ပြီး အရသာများကိုလိုသလို ထည့်သုပ်လို့ရပါတယ်။ အစပ်ကြိုက်လျှင် ငရုတ်သီးမုန့် သုံးလို့ရပါတယ်။
ကင်မ်ချီ
မုန်ညှင်းဖြူ
ဆား
ရေ
မုန်လာဥဖြူ/ နီ
ကြက်သွန်မိတ်
ဆန်မှုန့်
ကိုးရီးယားငရုတ်ကောင်းမှုန့်
နှမ်း
နှုတ်နှုတ်စင်းထားသော ကြက်သွန်မိတ်
ဂျင်းအနည်းငယ်
သစ်တော်သီး
အရင်ဦးဆုံး မုန်ညှင်းကို ထက်ခြမ်းခွဲပြီး ဆားရည် စိမ်ပါမယ်။ ပြီးရင် မုန်ညှင်းတဖက်ချင်းကို ဆားထပ်ထည့် ပြီး အနည်းဆုံး ၂ နာရီ ကြာ စိမ်ရပါမယ်။ အရိုး တွေနွမ်းလာပြီးဆိုရင် ရေဆေးချလို့ရပါပြီ။ ဆန်မှုန့်ကိုမီးအေးအေးလေးနဲ့ကျိုပါမယ်။ ဆန်မှုန့်ကြက်ရင်အအေးခံထားပြီး ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ် နှင့် သစ်တော်သီး ကိုအခွံနွှာပြီး ကြိတ်ထားပါမယ်။ ပြီးရင် မုန်လာဥ ကိုပါးပါးလှီး၊ ကြက်သွန်မိတ်ကို တစ်လက်မခန့်လှီး ထားပြီး အအေးခံထားတဲ့ ဆန်မှုန့်အနှစ်၊ ငရုတ်ကောင်းမှုန့်၊ ကြိတ်ထားတဲ့ အသီးနှံနဲ့ရောပြီးရင် အနှစ်ရပါပြီ။ ရေစစ်ထားတဲ့ မုန်ညှင်းဖြူတဖတ်စီကို အနှစ် ကပ်ပေးရပါမယ်။ ရေခဲသေတ္တာထဲထည့်ထားပြီး ၃ ရက် ကနေ တပါတ်အတွင်း ရိုးရှင်းပြီးစားကောင်းတဲ့ ကင်မ်ချီ ဟင်းတခွက်ကိုရပါပြီ။ခေါက်ဆွဲနဲ့ပဲစားစား ထမင်းနဲ့ပဲစားစား အရသာရှိတဲ့ ကင်မ်ချီကို အခြား မုန်လာဥ ကင်မ်ချီ၊ ကြက်သွန်မိတ်ကင်မ်ချီ၊ သခွားသီး ကင်မ်ချီ များကိုလည်း စမ်းသပ်လို့ရပါပြီ။
အစားသောက်ကြိုက်နှစ်သက်သူတို့လဲဒီဟင်းချက်နည်းလေးကိုမျှဝေပေးရင်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်အသစ်အသစ်သော ကမ္ဘာအနှံ့ကအစားအသောက်များနှင့် ဒေသအစားအစာ ဟင်းချက်နည်းများကို ထပ်လေ့လာချင်ရင်တော့ ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။