Snapdragon 765G SoC သုံး Blade X1 5G စမတ်ဖုန်း

တရုတ်နိုင်ငံမှ ZTE စမတ်ဖုန်းအမှတ်တံဆိပ်သည် Blade X1 ကနေ တိုးမြင့်ထုတ်လုပ် လိုက်တဲ့ Snapdragon 765G chipset သုံး Blade X1 5G အလယ်အလတ်တန်းစား 5G စမတ်ဖုန်းကို၂၀၂၀ အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။mid-range 5G SoC သုံး တန်ဖိုးသင့် ZTE ဖုန်းဖြစ်တဲ့ ZTE Blade X1 5G ကို အမေရိကန်ဈေးကွက်မှာ ဖြန့်ချီ လိုက်ပါတယ်။ZTE ဟာ အမေရိကန်အစိုးရရဲ့ ဖိအားတွေကို Huawei လောက် မခံစားရဘူးလို့ ပြောနိုင်ပါတယ်။

မကြာသေးခင်ကပဲ ZTE ဟာ ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက် ကင်မရာပါ ZTE Axon 20 5G ကို အမေရိကန်ဈေးကွက်မှာ ဖြ့န်ချိနိုင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း နောက်ထပ် 5G ဖုန်းတစ်လုံးဖြစ်တဲ့ ZTE Blade X1 5G ကို ဈေးကွက်မှာ ထပ်ပြီး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ZTE Blade X1 5G ဟာ တန်ဖိုးသင့် 5G စမတ်ဖုန်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ထားတဲ့ Snapdragon 765G processor နဲ့ပဲ လာပါတယ်။ RAM 6GB/128GB storage အထိ ပါရှိပြီး microSD card ကနေ 2TB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ZTE စမတ်ဖုန်းအမှတ်တံဆိပ်သည် Blade X1 ကနေ တိုးမြင့်ထုတ်လုပ်လိုက်တဲ့ Snapdragon 765G chipset သုံး Blade X1 5G အလယ်အလတ်တန်းစား 5G စမတ်ဖုန်းကို၂၀၂၀ အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

screen ဟာ punch-hole selfie နဲ့ လာပြီး ကျောဘက်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။ ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲမှာလည်း လေးလုံးတွဲ ကင်မရာစနစ် ပါရှိပါတယ်။ဖုန်းမျက်နှာပြင်အရွယ်အစား ၆.၅ လက်မရှိပြီး FHD+ ရုပ်ထွက်ပါ ISS LCD display အမျိုးအစား သုံးထားပါတယ်။ punch-hole ထဲမှာ 16MP selfie ကင်မရာ ပါရှိပါတယ်။

ကျောဘက်ကင်မရာအိမ်ထဲမှာ 48MP main sensor ၊ 8MP ultrawide lens ၊ 2MP macro lens နဲ့ 2MP depth sensor တို့ တပ်ဆင်ထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကိုပဲ သုံးထားပါတယ်။ ဒီဖုန်းမှာ ဘက်ထရီပါဝါ 4000 mAh ပါရှိပြီး Midnight Blue တစ်ရောင်တည်းနဲ့ ထွက်ထားပါတယ်။ အမေရိကန်ဈေးကွက်မှာ Verizon ရဲ့ လက်အောက်ခံ Visible ကနေ သီးသန့်ဖြန့်ချိတာ ဖြစ်ပြီး ဈေးနှုန်း ၃၈၄ ဒေါ်လာ (မြန်မာငွေ ၅ သိန်း) ခန့် ဈေးနဲ့ ရောင်းချသွားမှာပါ။

Photo : Gizchina.com

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။