Redmi Note 10 တွင် super AMOLED မျက်နှာပြင်အသုံးပြုမည်ကို အတည်ပြု

Xiaomi ၏ကမ္ဘာလုံးဆိုင်ရာထုတ်ကုန်ဒု ဥက္ကဋ္ဌ Manu Kumar Jain ကနောက်ဆုံးပေါ် Redmi Note 10 စီးရီးစမတ်ဖုန်းများတွင် Super AMOLED မျက်နှာပြင်ပါ ဝင်လာမည် ဖြစ်ပြီး ၎င်းသည် super AMOLED အဆင့်မြင့်မျက်နှာပြင်ကို Redmi Note series တွင်တပ်ဆင်ခြင်းမှာပထမဉီးဆုံးအကြိမ်ဖြစ်ပါတယ်။

Redmi Note  series သည် Xiaomi ၏အဆင့်မြင့်သတ်မှတ်ချက်များနှင့် ဒီဇိုင်းများကို အာရုံစိုက်ထားသောစမတ်ဖုန်းစီးရီးဖြစ်ပြီး လက်လှမ်းမှီတဲ့အတော်အသင့် စျေးနှုန်းဖြင့် ဖြန့်ချီမှာဖြစ်ပါတယ်။ သို့သော်လည်း Redmi Note 10 မော်ဒယ်လ် ၃ ခုဖြစ်တဲ့ Standard, Pro နှင့် Pro Max တို့ကိုဖော်ပြပါဖန်သားပြင်များတပ်ဆင်လာမလား ဆိုတာကိုတော့ အသေးစိတ်တိကျသေချာတဲ့အချက်အလက်တွေမထွက်လာသေးပါ။

အစောပိုင်းတွင် standard Redmi Note 10 စမတ်ဖုန်းဟာ ၆.၄၃ လက်မ FullHD + မျက်နှာပြင်တပ်ဆင်ထားပြီး ၄၈ megapixel ကင်မရာနှင့် Qualcomm Snapdragon 678 chipset တို့ပါလာမယ်လို့ သတင်းတွေထွက်နေတာပါ။

Xiaomi ၏ကမ္ဘာလုံးဆိုင်ရာထုတ်ကုန်ဒု ဥက္ကဋ္ဌ Manu Kumar Jain ကနောက်ဆုံးပေါ် Redmi Note 10 စီးရီးစမတ်ဖုန်းများတွင် Super AMOLED မျက်နှာပြင်ပါ ဝင်လာမည်ဖြစ်ပြီး၎င်းသည် super AMOLED အဆင့်မြင့်မျက်နှာပြင်ကို Redmi Note series တွင်တပ်ဆင်ခြင်းမှာပထမဉီးဆုံးအကြိမ်ဖြစ်ပါတယ်။

Redmi Note 10 Pro တွင် 6 – 8 GB RAM နှင့် 128 GB ပမာဏ ၊ ၆.၆၇ လက်မ မျက်နှာပြင်ပါ ၀င်သော Qualcomm Snapdragon 750G chipset အထောက်အပံ့ နဲ့ထွက်လာဖို့များပါတယ်။ သို့သော် Redmi Note 10 Pro Max နှင့်ပတ်သက်သော သတင်းအချက်အလက်များထွက်ပေါ်လာခြင်းမရှိသေးပါ။Redmi Note 10 စီးရီး စမတ်ဖုန်းများကို ၂၀၂၁ ခုနှစ်မတ်လ ၄ ရက်တွင်ဖြန့်ချီမိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo : Android Authority

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။