Xiaomi Mi 11 Lite ကို မကြာခင် ကြေညာတော့မည်              

Xiaomi က Mi 11 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပြီး Pro Version ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပါနတယ်။ ဒါတင် မကသေးဘဲ တန်ဖိုးနည်း Mi 11 Lite လည်း ထွက်လာဦးမှာပါ။

အခုတော့ သူ့ကို Bluetooth SIG နဲ့ SIRIM – the Standard and Industrial Research Institute of Malaysia. မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ Bluetooth SIG မှာ MIUI 12 နဲ့ Bluetooth 5.2 ပါမယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းက NBTC မှာလည်း မကြာခင်က မှတ်ပုံတင်လိုက်ပြီး 4G မော်ဒယ် ဖြစ်ပါတယ်။ ဒါပေမယ့် 5G မော်ဒယ်လည်း ထွက်လာမယ်လို့ထင်ပါတယ်။ FCC က စာရင်းအရ သူ့မှာ MIUI 12 နဲ့ 4,250mAh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပါတယ်။ 6 GB RAM, 128 GB / 256 GB Storage, Bluetooth 5.1, dual-band Wi-Fi နဲ့ 33W Rapid Charging Support တွေ ပါလာမှာပါ။

Xiaomi က Mi 11 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပြီး Pro Version ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

မကြာခင်က Mi 11 Lite ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပြီး Snapdragon 732G Chipset မောင်းနှင်ထားမှာပါ။ 6GB RAM , 128GB  ထည့်သွင်း ထားပြီး IPS LCD FHD+ မျက်နှာပြင် ပါလာမှာပါ။ 120Hz Refresh Rate ထောက်ပံ့ ထားမှာ ဖြစ်ပြီး မတ်လမှာ ၃၂၅ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပါတယ်။ ၄ သိန်း ၃ သောင်း လောက် ပဲရှိမှာဖြစ်ပါတယ်။

မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားမှာပါ။ မျက်နှာပြင်အောက်က Chin ကတော့ နည်းနည်း ထူပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Mi 11 ရဲ့ ဒီဇိုင်းနဲ့ နည်းနည်း ကွာပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပြီး တခြား ၂ လုံးက 8MP နဲ့ 5MP တို့ ဖြစ်မှာပါ။ Ultrawide နဲ့ Macro or Depth တွေ အသီးသီး ဖြစ်နိုင် ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။