Xiaomi Mi 11 မှာစျေးနှုန်းချိုသာသော်လည်း Huawei Mate 40  ကပိုမိုမြန်ဆန်ပြီးအားကောင်း

Xiaomi သည် Mi 11 ကို Snapdragon 888 ကဲ့သို့သောထူးခြားသောစွမ်းဆောင်ချက်များပါရှိတဲ့  ချစ်ပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ခုလက်ရှိအချိန်မှာ Android ဘက်၏အင်အားအကောင်းဆုံးပရိုဆက်ဆာချစ်ပ် သုံးထားသော စမတ်ဖုန်းကို ၃၁၉၉ ယွမ်သို့မဟုတ် မြန်မာကျပ် ၈ သိန်းခန့်သာဈေးဖြင့်ရောင်းချနိုင်သော်လည်း တကယ့် စွမ်းဆောင်ရည်မြင့်မားတဲ့သတ်မှတ်ချက်များ အားလုံးရရှိမယ်လို့ မဆိုလိုပါ။

Weibo အသုံးပြုသူ 宅数码Kael သည် Androbench မှ Xiaomi Mi 11 နှင့် Huawei Mate 40 Pro တို့၏ momery စွမ်းဆောင်ရည်စံနှုန်းများ၏ရလဒ်များကိုဖော်ပြခဲ့ပါတယ်။

၎င်းသည်စမတ်ဖုန်းနှစ်မျိုးစလုံး၏ memory စွမ်းဆောင်ရည်ကိုစမ်းသပ်ရန် program တစ်ခုဖြစ်ပါတယ်။ ရမှတ်များအရ Huawei Mate 40 Pro သည် Xiaomi Mi 11 ထက်စာလျှင် Read နှင့် Write စွမ်းဆောင်ရည်ပိုမြင့်သည်ကို တွေ့နိုင်ပါတယ်။

Weibo အသုံးပြုသူ 宅数码Kael သည် Androbench မှ Xiaomi Mi 11 နှင့် Huawei Mate 40 Pro တို့၏ momery စွမ်းဆောင်ရည်စံနှုန်းများ၏ရလဒ်များကိုဖော်ပြခဲ့ပါတယ်။

Huawei Mate40 Pro:

  • Sequential read speed 2012MB / s
  • Sequential write speed 1190MB / s
  • Random read speed 330MB / s
  • Random write speed 504MB / s

Xiaomi Mi 11:

  • Sequential read speed 1505MB / s
  • Sequential write speed 751MB / s
  • Random read speed 270MB / s
  • Random write speed 297MB / s

သို့သော် Xiaomi Mi 11 နှင့် Huawei Mate 40 တို့၏စျေးနှုန်းများမှာအလွန်ကွာခြားနေပါတယ်။

Xiaomi Mi 11 စျေးနှုန်း

RAM 8 GB / 128 GB ယွမ် ၃၉၉၉ (သို့) မြန်မာကျပ် ၈ သိန်းကျော်ခန့်

RAM 8 GB / 256 GB ဈေးနှုန်းရှိပြီးယွမ် ၄,၂၉၉ (သို့)  မြန်မာကျပ် ၈ သိန်း ၈ သောင်းခန့်

RAM 12 GB / 256 GB စျေးနှုန်း (၄၆၉၉ ယွမ်) (သို့)  မြန်မာကျပ် ၉ သိန်း ၇ သောင်းခန့်

Photo:Android Authority

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။