Xiaomi Mi 11 နှင့် Mi 11 Pro စမတ်ဖုန်းများ၏ ဒီဇိုင်းများပေါက်ကြား

Xiaomi သည်နောက်ဆုံးပေါ်စမတ်ဖုန်းများဖြစ်သော Mi 11 နှင့် Mi 11 Pro စမတ်ဖုန်းများထုတ်လုပ်ဖြန့်ချီရန်ပြင်ဆင်နေပြီး ၎င်းစမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များအဆက်မပျက် ထွက်ပေါ်လာပါတယ်။

Xiaomi အနေနဲ့ လာမယ့် ၂၀၂၁ ၊ ဇန်နဝါရီလလောက်မှာ Mi 10 Series ရဲ့ Successor ဖြစ်လာမယ့် Mi 11 Series ကိုမိတ်ဆက်လာဖို့ရှိနေပါတယ်။ ဒီ Mi 11 Series ထဲမှာဆိုရင် Mi 11 and Mi 11 Pro စတဲ့ဖုန်းနှစ်လုံးပါဝင်လာမှာပါ။ အခုမှာတော့ ဒီဖုန်းနှစ်လုံးရဲ့ ပုံတွေနဲ့ Specs တစ်ချို့  Weibo မှာထွက်ပေါ်လို့လာခဲ့ပါတယ်။ 

Weibo မှာထွက်ပေါ်လာတဲ့ Specs တွေအရ  Mi 11 နဲ့ Mi 11 Pro တို့မှာ Quad HD+ resolution နဲ့ 120 Hz refresh rate ကိုထောက်ပံ့ပေးလာမယ့် Super AMOLED Curved Display ကိုသုံးပေးလာမယ်လို့သိရပါတယ်။  ဒီ Display ဟာ အရင် Mi 10 Pro မှာပါခဲ့တဲ့  1080p resolution ၊ 90 Hz refresh rate တို့ထက်သိသိသာသာပိုကောင်းလာမှာပဲဖြစ်ပါတယ်။ နောက်ထပ်ဖုန်းတွေရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခုပါလာဖို့ရှိနေပါတယ်။

Xiaomi သည်နောက်ဆုံးပေါ်စမတ်ဖုန်းများဖြစ်သော Mi 11 နှင့် Mi 11 Pro စမတ်ဖုန်းများထုတ်လုပ်ဖြန့်ချီရန်ပြင်ဆင်နေပြီး ၎င်းစမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များအဆက်မပျက် ထွက်ပေါ်လာပါတယ်။

ဒီ Punch Hole ထဲမှာတော့ 20-megapixel Selfie Camera ကိုတပ်ဆင်ပေးလာမှာပါ။ ကျောဘက် Camera တွေရဲ့ Specs တွေအနေနဲ့ Mi 11 မှာ 108-megapixel + 13-megapixel (ultrawide) + 5-megapixel (macro) triple camera setup ကိုတပ်ဆင်ပေးလာနိုင်ပြီး  Mi 11 Pro မှာတော့ 48-megapixel (OmniVision OV48C) + 20-megapixel (ultrawide) + 12-megapixel (telephoto with 2x optical zoom) triple camera setup ကိုသုံးပေးလာနိုင်ပါတယ်။

Performance အတွက်တော့ ဖုန်းလုံးစလုံးမှာ မနေ့ကပဲမိတ်ဆက်သွားတဲ့ Snapdragon 888 Chipset အသစ်နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ ဒီ Chipset ဟာဆိုရင် 5nm Chipset ဖြစ်တာနဲ့အညီ SD 865 Chipet ထက် သိသိသာသာပိုကောင်းလာမှာပါ။  Battery ပိုင်းမှာတော့ 50W wired charging နဲ့ 30W wireless charging ထောက်ပံ့ပေးထားတဲ့ 4,780mAh capacity ၊ Mi 11 Pro မှာတော့ 120W wired charging ၊ 80W wireless charging ထောက်ပံ့ပေးထားတဲ့ 4,500mAh capacity ပါဝင်လာဖို့ရှိနေပါတယ်။ တယ်။

တစ်ခြား Features တွေအနေနဲ့ Mi 11 Series မှာ dual speakers, x-axis linear motor, IR blaster, NFC စတဲ့ Features တွေပါဝင်လာနိုင်ပါတယ်။

ဈေးနှုန်းအနေနဲ့ Weibo မှာထွက်ပေါ်လာတဲ့ Leaks အရ 

Mi 11( 8 GB RAM + 128 GB storage) ဟာ  3,999 Yuan (~$610)(မြန်မာငွေ ၈ သိန်းဝန်းကျင်) ကနေ 4,499 Yuan (~$686) (မြန်မာငွေ ၉ သိန်းဝန်းကျင်) ကြားမှာကျသင့်လာနိုင်ပြီး Pro model ကတော့ 5,299 Yuan (~$808)(မြန်မာငွေ  ၁၁ သိန်းဝန်းကျင်)  ကနေ 5,499 Yuan (~$838) မြန်မာငွေ ၁၂ သိန်းဝန်းကျင်)  ကြားမှာကျသင့်လာနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲ့နော်…။