Vivo X60 Pro + မှ အဆင့်မြင့် ကင်မရာကိုမိတ်ဆက်

ယနေ့မှာတော့ Vivo သည် Vivo X60 နှင့် X60 Pro ၏အဆင့်မြင့်ပုံစံဖြစ်သော X60 စီးရီးရဲ့အထင်ကရစမတ်ဖုန်းဖြစ်တဲ့ Vivo X60 Pro + အတွက်မိတ်ဆက်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။Dual Main ကင်မရာနဲ့ Snapdragon 888 SoC သစ်သုံးလာတဲ့ Vivo ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။

Vivo X60 Pro+ ဟာ High-grade လယ်သာ ကာဗာနဲ့ လာပြီး Phantom Blue နဲ့ Classic Orange နှစ်ရောင် ထွက်ထားပါတယ်။ Wireless charging စနစ်တော့ ပါလာခြင်း မရှိသေးပါဘူး။ ဘက်ထရီပါဝါ 4200mAh ပါဝါဖြစ်ပြီး USB-C port ကနေ 55W charging ပံ့ပိုးထားပါတယ်။

ဒီဇိုင်းပိုင်းကတော့ တရားဝင် မိတ်ဆက်မှုမလုပ်ခင် ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းအတိုင်းပဲ ထွက်လာတာ ဖြစ်ပါတယ်။Screen ဟာ မျက်နှာပြင် ၆.၅၆ လက်မ ဖြစ်ပြီး 1080x2376p ရုပ်ထွက်နဲ့ လာပါတယ်။ HDR10 နဲ့ HDR 10+ support ပေးထားပြီး touch sampling rate 240Hz နဲ့ 120Hz refresh rate တို့ ပါရှိပါတယ်။

ယနေ့မှာတော့ Vivo သည် Vivo X60 နှင့် X60 Pro ၏အဆင့်မြင့်ပုံစံဖြစ်သော X60 စီးရီးရဲ့အထင်ကရစမတ်ဖုန်းဖြစ်တဲ့ Vivo X60 Pro + အတွက်မိတ်ဆက်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

dual SIM support ပေးထားတဲ့ ဖုန်းဖြစ်ပြီး in-display လက်ဗွေစနစ်နဲ့ Face Unlock နည်းပညာတွေ ပါရှိပါတယ်။ Processor အနေနဲ့Qualcomm ရဲ့ နောက်ဆုံးထွက် အမြင့်စား Snapdragon 888 SoC ၊ LPDDR5 RAM 8GB/12GB တို့ ပါရှိပါတယ်။

RAM 12GB ဗားရှင်းမှာ storage 3GB ကို ထပ်လောင်းအပို RAM အနေနဲ့ သုံးနိုင်မယ့် Memory Fusion နည်းပညာ ပါရှိပါတယ်။Storage ကိုတော့ 128GB နဲ့ 256GB storage ဗားရှင်းတွေနဲ့ လာပါတယ်။ ရှေ့ မှန်ပြင်အပေါ်ဘက် အလယ်မှာ ရှိတဲ့ Punch-hole ကင်မရာထဲမှာ 32MP f/2.45 sensor သုံးထားပါတယ်။

ကျောဘက်မှာ ကင်မရာ lens တွေကနေ အလင်းထွင်း ZEISS T* coating နာနို ခရစ္စတယ်လိုင်း တည်ဆောက်မှုစနစ် သုံးထားပြီး ကင်မရာအိမ်ထဲမှာ main sensor ကင်မရာနှစ်လုံး အပါအဝင် ကင်မရာ ၄ လုံး ပါရှိမှာ ဖြစ်ပါတယ်။ ကင်မရာလေးလုံး စလုံးဟာ AF Autofocus နဲ့ Video ရုပ်ငြိမ်စနစ်တွေ ပံ့ပိုးထားပါတယ်။ video recording အနေနဲ့ 8K record ရိုက်နိုင်သလို 1080p အထိ slow-mo video တွေ ရိုက်နိုင်မှာပါ။

ပထမ main ကင်မရာဟာ 4-axis OIS ပါ ၁၁၄ ဒီဂရီ ultrawide angle Sony IMX598 48MP ကင်မရာ ဖြစ်ပြီး ဒုတိယ main ကင်မရာဟာ 1/1.3 sensor size အကြီးနဲ့ လာတဲ့ 50MP Samsung GN1 sensor ဖြစ်ပါတယ်။ ဒီကင်မရာနဲ့အတူ 50mm focal length ပါ 32MP portrait ကင်မရာ နဲ့ OIS ပါ 5x optical zoom ၊ 60x super zoom ပါ 8MP periscope ကင်မရာတို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 11 ကို အခြေခံထားတဲ့ OriginOS 1.0 နဲ့ လာပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။