Vivo iQOO Neo5 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

                              

Vivo iQOO Neo5 စမတ်ဖုန်းကို နောက်လမှာ ကြေညာနိုင်ပြီး Snapdragon 870 Chipset ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး စကရင်မှာ Android 11 အခြေပြု Origin OS , 8GB RAM နဲ့ 128GB Storage တွေ ပါတယ်လို့ ဖော်ပြထားပါတယ်။

ဓါတ်ပုံအရ အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်က အပြားဖြစ်ပါတယ်။ဓါတ်ပုံမှာ iQOO Neo5 တွင် 8+3GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ Fusion နည်းပညာလို့ သတင်းထွက်နေပြီး နောက်ကွယ်မှာ Run နေတဲ့ App တွေကို မထိခိုက်စေဘဲ RAM Memory တချို့ကို Storage Chip အတွက် ထောက်ပံ့ ပေးတာလို့ သိရပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

iQOO Neo5 ရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်နေပြီး 4,400mAh ဘက်ထရီ , 88W Wired Charging , 66W Wireless Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ်နဲ့ တရုတ်မှာ ရောင်းနိုင်ပြီး ၆ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။