Tom and Jerry ကာတွန်းကားထဲမှ သင်မသိသေးတဲ့အကြောင်းများ

ကျွန်တော်တို့အာလုံး နီးပါး တွမ်နှင့်ဂျယ်ရီဇာတ်ကားနဲ့အတူကြီးပြင်းလာကြပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်နေပါစေ ကာတွန်းကြောင်နှင့်ကြွက် ကိုမသိတဲ့သူမရှိသလောက်ပါပဲ။ လွန်ခဲ့သည့်အနှစ် ၈၀ က MGM သည် ၁၉၄၀၊ ဖေဖော်ဝါရီ ၁၀ ရက်တွင်ရုပ်ရှင်ရုံတွင် Puss Gets the Boot ကိုပြဇာတ်ရုံများတွင်ဖြန့်ချီခဲ့ပါတယ်။ Joseph Barbera and William Hanna တို့ရဲ့ဖန်တီးမှုများဖြစ်ပါတယ်။အခုပြောပြပေးသွားမှာကတော့ သင်မသိသေးတဲ့ ကြောင်နှင့်ကြွက် ကာတွန်းကားရဲ့စိတ်ဝင်စားစရာအချက်တွေပဲဖြစ်ပါတယ်။ ဒီလို ဂန္ထဝင်ကာတွန်းစီးရီးတစ်ခုရဲ့ နောက်ကွယ်မှာ သင်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်အလက်တွေလည်း ရှိပါသေးတယ်။

ကြောင်နှင့်ကြွက် ကာတွန်းကားအားမူလဖန်းတီးသူ

တစ်ကမ္ဘာလုံးရဲ့ အသည်းစွဲကာတွန်းစီးရီးတစ်ခုဖြစ်လာမယ့် တွမ်အန်ဂျယ်ရီ (Tom and Jerry) စီးရီးကို William Hanna နဲ့ Joseph Barbera ဆိုတဲ့ အန်နီမိတ်တာ လူနှစ်ယောက်က ၁၉၄၀ ခုနှစ်မှာ ပထမဆုံးပူးတွဲဖန်တီးခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးက ထိုအချိန်က နာမည်ကျော်ရုပ်ရှင်စတူဒီယိုတစ်ခုဖြစ်တဲ့ MGM ကာတွန်းစတူဒီယိုမှာ အလုပ်အတူတူ လုပ်ခဲ့ကြပါတယ်။

MGM ကုမ္ပဏီက ထိုစဉ်အချိန်က နာမည်ကြီးခဲ့တဲ့ Captain and the Kids ဆိုတဲ့ စီးရီးအပေါ်မှာ အာရုံစိုက်နေစဉ်အချိန်မှာပဲ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ ကြွက်တို့ရဲ့ ဇာတ်လမ်းတွေကို ဖန်တီးရေးဆွဲထားခဲ့ကြတာပါ။

ဂျိုးဆက်ဘာဘရာက ကြောင်နဲ့ ကြွက်တို့ရဲ့ ဇာတ်လမ်းတွေကို ရေးသားရာမှာ အဓိကပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ထိုစဉ်အချိန်က သူတို့နှစ်ယောက်ရဲ့ လက်ရာကို အခုလောက်အောင်မြင်ကျော်ကြားလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

အမှန်တကယ်တော့ ကြောင်နဲ့ ကြွက်ဇာတ်လမ်းတွေကို ဖန်တီးရေးဆွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ တစ်ခြားနာမည်ကြီး အန်နီမေးရှင်းဇာတ်ကောင်တွေဖြစ်တဲ့ Yogi Bear၊ Top Cat ၊ စတူဘီဒူး ၊ The Smurfs ၊ The Flintstones အစရှိတဲ့ နာမည်ကျော်အန်နီမေးရှင်းဇာတ်ကောင်တွေကို ရေးဆွဲခဲ့ရာမှာ ပါဝင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့အာလုံး နီးပါး တွမ်နှင့်ဂျယ်ရီဇာတ်ကားနဲ့အတူကြီးပြင်းလာကြပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်နေပါစေ ကာတွန်းကြောင်နှင့်ကြွက် ကိုမသိတဲ့သူမရှိသလောက်ပါပဲ။ အခုပြောပြပေးသွားမှာကတော့ သင်မသိသေးတဲ့ ကြောင်နှင့်ကြွက် ကာတွန်းကားရဲ့စိတ်ဝင်စားစရာအချက်တွေပဲဖြစ်ပါတယ်။

တွမ်အန်ဂျယ်ရီရဲ့ မူလနာမည်အရင်း

အခုအချိန်မှာဆိုရင် တွမ်အန်ဂျယ်ရီ ဆိုတဲ့ နာမည်တစ်လုံးဟာ ကလေးတိုင်း သိရှိကြတဲ့ ကာတွန်းစီးရီးရဲ့ နာမည်တစ်လုံးဖြစ်လာခဲ့ပေမယ့် မူလအစကတော့ ဒီ နာမည်ကို ပေးထားခဲ့ခြင်းမဟုတ်ပါဘူး။ မူလအစကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း သတ်ပုပ်ပြီး ရန်ဖြစ်နေကြတဲ့ ကြောင်နဲ့ ကြွက်တို့ရဲ့ ဇာတ်လမ်းနာမည်ကို Jasper and Jinx လို့ ပဲ နာမည်ပေးထားခဲ့ကြပါတယ်။

Jasper and Jinx ဆိုတဲ့ နာမည်နဲ့ပဲ ပွဲဦးထွက်ကာတွန်းတိုတွေကို ဖန်တီးရေးဆွဲခဲ့ပြီး ထိုစဉ်အချိန်က ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့ပါတယ်။အဲဒီနာမည်နဲ့ ကြောင်နဲ့ကြွက်စီးရီးက အောင်မြင်လာခဲ့ချိန်မှာတော့ အရုပ်တွေကို ဖန်တီးရေးဆွဲသူနှစ်ယောက်ဟာ သူတို့ရဲ့ ဇာတ်လမ်းနာမည်ကို ပြောင်းလဲချင်လာခဲ့ကြပါတယ်။

အဲဒီအတွက်ကြောင့်မို့ ဒီဇာတ်လမ်းရဲ့ နာမည်ပေးဖို့အတွက်သူတို့ရဲ့ စတူဒီယိုမှာ ပြိုင်ပွဲအငယ်စားတစ်ခုလုပ်ပြီး ဒီကာတွန်းစီးရီးတွေကို နာမည်ပေးစေခဲ့ပါတယ်။ အဆိုပါ ရုံအတွင်းအပျော် ပြိုင်ပွဲတစ်ခုကနေပြီး ယနေ့အချိန်မှာ နာမည်တစ်လုံးနဲ့ ရှိနေတဲ့ တွမ် အန် ဂျယ်ရီ ဆိုတဲ့ နာမည်တစ်လုံး ထွက်ရှိလာခဲ့ပါတော့တယ်။

အော်စကာခုနှစ်ဆုကိုရရှိခဲ့

ရုပ်ရှင်ပညာအနုပညာရှင်နှင့်သိပ္ပံအကယ်ဒမီပညာရှင်များဟာတွမ်နှင့်ဂျယ်ရီတို့ကိုပရိသတ်အတွင်းရှိ ကလေးများကဲ့သို့ပင်ချစ်မြတ်နိုးကြပါတယ်။ Tom နှင့် Jerry ကာတွန်းကားဟာကာတွန်းအမျိုးအစား အတိုအော်စကာဆုအနေနဲ့ စုစုပေါင်း အော်စကာဆု(၇)ဆုကိုရရှိထားပါတယ်။

ကာတွန်းကားရဲ့ အပိုင်းပေါင်းအရှည်

တွမ်အန်ဂျယ်ရီကာတွန်းတွေက တစ်ပိုင်းချင်းစီ ကြည့်လို့ရတဲ့ စီးရီးတစ်ခုအဖြစ် ရိုက်ကူးတင်ဆက်ထားတာကြောင့် ဒီစီးရီးရဲ့ မူလအရှည်ကို သိရှိကြသူတွေ နည်းပါးလှပါတယ်။ အမှန်တကယ်တော့ တွမ်အန် ဂျယ်ရီ ကာတွန်းစီးရီးက ဗားရှင်းသုံးမျိုးရှိပြီး မူလပထမဗားရှင်းကတော့ အော်ဂရဂျင်နယ်ဗားရှင်းလို့ သတ်တမှတ်ရမှာပါ။ ဒီ မူလစီးရီးဟာ စုစုပေါင်း အပိုင်း ၁၁၄ ပိုင်းရှိပြီး မူလဖန်တီးခဲ့သူတွေရဲ့ စိတ်ကြိုက်အပြင်အဆင်နဲ့ ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။

နောက် ဒုတိယဗားရှင်းကတော့ လူသိများတဲ့ ဒါရိုက်တာ Gene Deitch ရဲ့ ဗားရှင်းပဲဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ကြောင်နဲ့ ကြွက်ဇာတ်လမ်းတို ၁၃ ခုကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီကာတွန်းတိုတွေက ဝင်ငွေအတော်အသင့်ရရှိခဲ့ပေမယ့် သူ ရေးဆွဲခဲ့တဲ့ ကြောင်နဲ့ ကြွက်အရုပ်တွေက အင်မတန်ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ်လို့ ကောက်ချက်ချခဲ့ကြပြီး အဆိုးဆုံး တွမ်အန်ဂျယ်ရီ စီးရီးတွေလို့ဝေဖန်ခဲ့ကြပါတယ်။ တတိယနဲ့ နောက်ဆုံး ကြောင်နဲ့ကြွက် ဗားရှင်းကတော့ Chuck Jones ရဲ့ ဗားရှင်းပဲဖြစ်ပြီး သူ့လက်ထက်မှာ အပိုင်း ၃၄ ပိုင်းအထိ ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် တွမ်အန်ဂျယ်ရီ ကာတွန်းစီးရီးကို စုစုပေါင်း ၁၆၁ ပိုင်းအရှည်ရှိတဲ့ စီးရီးတစ်ခုလို့ သတ်မှတ်ရမှာပါ။

တွမ်အန်ဂျယ်ရီ ဇာတ်လမ်းကို ဖျက်သိမ်းပစ်ဖို့စီစဉ်

တွမ်အန်ဂျယ်ရီဇာတ်လမ်းတွေကို အဓိကဖန်တီးရေးသားသူတစ်ယောက်ဖြစ်တဲ့ ဘာဘီရာဟာ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို MGM ရုပ်ရှင်ကုမ္ပဏီတွေဆီကို ပြောပြခဲ့ပေမယ့် ထိုစဉ်အချိန်က ကုမ္ပဏီဘက်က ဘာမှ စိတ်ဝင်စားဟန်မပြသခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြောင်သတ္တဝါနဲ့ ကြွက် သတ္တဝါတို့ရဲ့ ဇာတ်လမ်းက အင်မတန်ရိုးရှင်းလွန်းပြီး ယေဘုယျဆန်လွန်းနေတာကြောင့် ဘယ်သူမှ စိတ်မဝင်စားလောက်ဘူးအထင်နဲ့ သူ့ရဲ့ ဇာတ်လမ်းတွေကို အစက ငြင်းပယ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဘာဘီရာဟာ ကံကောင်းစွာနဲ့ပဲ ကြောင်နဲ့ကြွက်ဇာတ်လမ်းကို ပထမဆုံးဖန်တီးရေးဆွဲခွင့် ရရှိခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရလာခဲ့ချိန်မှာတော့ ကုမ္ပဏီဘက်က ငွေကြေးစိုက်ထုတ်ပြီး ရိုက်ကူးနိုင်စေခဲ့တာပါ။ တကယ်လို့သာ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်ဇာတ်လမ်းအပေါ်မှာ လွယ်လွယ်နဲ့ လက်လျော့ခဲ့ရင် အခုလောက် ထင်ရှားကျော်ကြားတဲ့ ကာတွန်းစီးရီးတစ်ခုအဖြစ်ရောက်ရှိလာခဲ့မှာ မဟုတ်ဘဲ ထိုစဉ်အချိန်က MGM ကုမ္ပဏီရဲ့ အမှိုက်ပုံးထဲမှာ ထာဝရ ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။