Snapdragon 888 သုံးပထမဆုံးဖုန်းအဖြစ် Xiaomi Mi 11 ထွက်ရှိ

၂၀၂၁ မတိုင်ခင် SDG 888 chipset သုံးထားတဲ့ ဖုန်းတစ်လုံးအဖြစ် Xiaomi Mi 11 ကို မိတ်ဆက်လိုက်ပါတယ်။အားလုံးမျှော်လင့်ထားတဲ့ အချက်အလက်တွေ သုံးလာပြီး Xiaomi ရဲ့ ဒီဇိုင်းဆန်းသစ်မှုကို ဒီဖုန်းမှာ တွေ့ရပါတယ်။

flagship ဖုန်းတစ်လုံး ဖြစ်ပြီး နောက်ဆုံးထွက် Snapdragon 888 processor နဲ့ လာတဲ့ ပထမဆုံးဖုန်းဖြစ်ခြင်းကလည်း Mi 11 ရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ နောက်တစ်ခုက Xiaomi ရဲ့ အကောင်းဆုံး Display နဲ့ ထွက်လာတာ ဖြစ်ပြီး သက်သာသောစျေးနှုန်းဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။

 Mi 11 သည်ကမ္ဘာ့ပထမဆုံး Snapdragon 888 ချစ်ပ်ကို အသုံးထားပြီး ၆.၈၁ လက်မအရွယ် AMOLED မျက်နှာပြင်ပါရှိတယ်။ Xiaomi Mi 11 ဟာ QHD+(3200 x 1440p) ရုပ်ထွက်ပါ AMOLED display နဲ့ ထွက်ရှိလာသလို 120Hz refresh rate ပါ ပံ့ပိုးထားလာပါ။ touch sampling rate အနေနဲ့ 480Hz ပါပြီး တောက်ပမှုနှုန်းအနေနဲ့ 1500nits အထိ support ပေးထားပါတယ်။ display အပေါ်မှာ နောက်ဆုံးပေါ် Gorilla Glass Victus မှန်အုပ်ပေးထားပါတယ်။

၂၀၂၁ မတိုင်ခင် SDG 888 chipset သုံးထားတဲ့ ဖုန်းတစ်လုံးအဖြစ် Xiaomi Mi 11 ကို မိတ်ဆက်လိုက်ပါတယ်။အားလုံးမျှော်လင့်ထားတဲ့ အချက်အလက်တွေ သုံးလာပြီး Xiaomi ရဲ့ ဒီဇိုင်းဆန်းသစ်မှုကို ဒီဖုန်းမှာ တွေ့ရပါတယ်။

နောက်ထပ် အပြောင်းအလဲတစ်ခုက ကျောဘက်ကင်မရာအိမ်ဒီဇိုင်း ဖြစ်ပါတယ်။ ကင်မရာ၏ဘေးဘက်တွင် ထောင့်လုံးထားတဲ့ လေးထောင့်ကင်မရာအိမ်ထဲမှာ သုံးလုံးတွဲကင်မရာစနစ်အဖြစ် 108-megapixel နောက်ကင်မရာပါ ၀င်ပြီး OIS တည်ငြိမ်မှုစနစ်နှင့်အတူအခြားမှန်ဘီလူးနှစ်ခု၊ 13-megapixel ultra-wide lens နှင့် 5-megapixel telephoto မှန်ဘီလူးတို့ပါဝင်ပါတယ်။

ဘက်ထရီပါဝါ 4600mAh ဟာ 50W wireless charging ၊ 55W wired fast-charging နဲ့ 10W reverse charging အားသွင်းစနစ်တို့ ပံ့ပိုးထားပါတယ်။ ဘေးနှစ်ဖက် ကွေးညွှတ်ထားတဲ့ Screen ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ 20MP selfie အတွက် Punch hole ကင်မရာပေါက် ပါရှိပါတယ်။ မှန်အောက်မှာ Goodix ရဲ့ နောက်ဆုံးပေါ် Optical Fingerprint Scanner တစ်ခု ထည့်ထားပါတယ်။ ရှေ့ Screen ဟာ ဘေးဘောင်တွေ မရှိသလောက်ပါးထားခြင်းကလည်း ဒီဇိုင်းပိုင်း အဆင့်မြှင့်ထားမှုကို သိသာစေပါတယ်။ 

Mi 11 သည်နာမည်ကြီးအမှတ်တံဆိပ် Harman Kardon မှစတီရီယိုစပီကာကိုအသုံးပြုထားပြီး တစ်ချိန်တည်းမှာ IR Blaster၊  ကြိမ်နှုန်း(၂) GPS, NFC, 5G ကွန်ယက်အသုံးပြုမှုနှင့် WiFi 6 တို့နှင့်အတူ Bluetooth နားကြပ် ၂ ခုအထိအသံမျှဝေမှုကိုထောက်ပံ့ပေးထားပါတယ်။

Bluetooth 5.2  နဲ့ အမိုက်စားလမ်းညွှန်ဝန်ဆောင်မှုတွေ ပါရှိပါတယ်။ Xiaomi Mi 11 ကို RAM 8GB ၊ 128/256GB storage နဲ့ RAM 12GB/256GB storage ဆိုပြီး ထွက်ထားပါတယ်။ Xiaomi Mi 11ဟာ Quick Charge 4+ ၊ Quick Charge 3+ နဲ့ Power Deliver 3.0 Adapter တွေနဲ့ အားသွင်းနိုင်ပါတယ်။ Xiaomi ဟာ Apple ခြေရာနောက် ပထမဆုံး လိုက်တဲ့ အန်းဒရိုက်ဖုန်းဖြစ်လာပါတယ်။ Xiaomi Mi 11 ရဲ့ လက်လီ Retail Box ထဲမှာ Charger မပါတော့ပါဘူး။ အရောင်အနေနဲ့ အနက် ၊ အဖြူ ၊ အပြာ ၊ ကာကီလယ်သာ ၊ ခရမ်းရောင် လယ်သာနဲ့ လေဂျန်ရဲ့ လက်မှတ်ပါ Special Edition ဆိုပြီးကာလာ ၆ မျိုး ထွက်ထားပါတယ်။

နောက်ထပ်ထင်ရှားသည့်အချက်တစ်ခုမှာ Mi 11 သည်ဘက်ထရီ ၄,၆၀၀ mAh ရှိပြီး ၄၅ မိနစ်အတွင်း ၀% မှ၁၀၀% အထိ Mi TurboCharge နည်းပညာ 55W နဲ့အားသွင်းနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းခြင်းသည်ယခုအချိန်တွင်အမြန်ဆုံးဟုဆိုနိုင်ပြီး ၅၃ မိနစ်အတွင်း 50W နဲ့အပြည့်အ၀ အားသွင်းနိုင်ပြီး အခြားထုတ်ကုန်များအတွက်ကြိုးမဲ့ (Wireless Reverse Charging) 10W အားသွင်းနိုင်ပါတယ်။အနိမ့်ဆုံးမော်ဒယ်ကို 3999 ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ကနေ 4999 ယွမ် (မြန်မာငွေ ၉ သိန်း ၆ သောင်းကျော်) ဈေးနဲ့ ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင် ရောင်းချသွားမှာဖြစ်ပါတယ်။

Photo:NotebookCheck

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။