Realme GT Smartphone

Realme အနေနဲ့ ဒီနေ့မှာ Redmi K40 Pro ရဲ့ အကောင်းဆုံး ပြိုင်ဖက်အဖြစ် Realme GT Smartphone ကိုပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ် ။ K40 Pro လိုပဲ ဈေးသက်သာပြီး တချို့နေရာမှာတွေဆိုရင် အတော်လေးသာလွန်နေတဲ့အချက်တွေရှိနေတာက အတော်မိုက်ပါတယ် ။Design ပိုင်းကတော့ ထူးခြားလှခြင်းမရှိပေမယ့် Vegan Leather Edition လေးကတော့ လှပါတယ် ။ Transformers ထဲက Bumblebee လိုလိုပါပဲ ။

8.4 mm thick , 186g weight ဆိုတော့ ပါးလွှာပေါ့ပါးတဲ့ဖုန်းတစ်လုံးလို့ ဆိုရမှာပါ ။ အရောင်အနေနဲ့ Vegan Leather , Blue , Silver ဆိုပြီး 3 ရောင် ရရှိနိုင်မှာဖြစ်ပါတယ် ။ Z Axis Linear Motor , Stereo Speaker , Headphone Jack တို့အပြင် Security အတွက်လည်း In-Display Fingerprint Scanner ပါ၀င်‌တာကြောင့် K40 pro ထက် အားသာတဲ့အချက်ပါပဲ ။

Performance ပိုင်းမှာ Snapdragon 888 ကိုသုံးပေးထားပြီး UFS 3.1 Storage , LPDDR5 Ram တို့အပြင် WiFi 6 တို့ကြောင့် Raw Performance ရော Network Speed ရောပါ မြန်ဆန်ကောင်းမွန်စေမှာပါ။

Realme အနေနဲ့ ဒီနေ့မှာ Redmi K40 Pro ရဲ့ အကောင်းဆုံး ပြိုင်ဖက်အဖြစ် Realme GT Smartphone ကိုပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ် ။

Hyper Boost 4.0 ကြောင့် Gaming Performance ပိုင်းကိုပါအကောင်းမွန်ဆုံး ထောက်ပံ့ပေး နိုင်ဦးမှာပါ ။ Android 11 အခြေပြု Realme UI ကိုသုံးပေးထားပြီး UI ပိုင်းလည်း အဆင်ပြေချောမွေ့စေပါလိမ့်မယ် ။

Display ပိုင်းမှာဆိုရင်လည်း 6.43လက်အရွယ် 120Hz AMOLED Display ကိုမှ 360Hz Touch Sampling Rate ကြောင့် အတော်လေးကောင်းမွန်တဲ့ Display ကိုသုံးပေး ထားမှန်းသိသာစေပါတယ် ။

Camera အနေနဲ့ 64MP IMX 682 + 8MP Ultra Wide +macro Lens တို့ပေါင်းစပ်ပေးထားတဲ့ Triple Camera သုံးပေးထားပြီး ရှေ့ဖက်မှာတော့ 16MP selfie camera သုံးပေးထားပါတယ် ။ Video ကို 4K 60fps အထိ ရိုက်ကူးပေးနိုင်မှာပါ ။Battery အနေနဲ့ 4500 Mah ပါ၀င်ပြီး 65W Fast Charging စနစ်ကြောင့် မိနစ် 40 အတွင်းအားအပြည့်သွင်းပေးနိုင်မှာဖြစ်ပါတယ် ။

ဈေးနှုန်းအနေနဲ့Ram 8GB+128GB storage အတွက် 6သိန်းခန့်နဲ့Ram 12GB +256GB Storage အတွက် 720000ခန့်ကျသင့်မှာပါ ။ Vegan Leather Edition ကိုလည်း ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ။ အခွန်မပါ သယ်ယူစရိတ်မပါဈေးဖြစ်တာကြောင့် မှာယူရင်တော့ ဒီထက်ဈေးပိုပေးရမှာဖြစ်ပါတယ် ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။