Snapdragon 870 Chipset ၊ 108 megapixel ကင်မရာပါ Xiaomi Mi 10S

Xiaomi အနေနဲ့ ဒီနေ့မှာ Mi 10 series ရဲ့နောက်ဆုံး တစ်လုံးအဖြစ် Mi 10S ကိုမိတ်ဆက်ပြသခဲ့ပါတယ် ။ ထူးခြားချက်ကတော့ သူ့မှာ Snapdragon 870 ကိုသုံးပေးထားတာဖြစ်ပြီး ပြောရရင် Mi 11 လောက်လည်းဈေးမသုံးချင်ဘူး 2021 Flagship Device လည်း ကိုင်ချင်တယ်ဆိုတဲ့ သူတွေအတွက် ရည်ရွယ် ထားတာဖြစ်နိုင်ပါတယ်။

Design ပိုင်းကတော့ အရင် Mi 10 Ultra နဲ့ အတော်လေးဆင်တူတာကိုတွေ့ရပြီး အရောင်အနေနဲ့ သုံးရောင်ရှိမှာဖြစ်ပါတယ် ။ 8.9mm အထူ နဲ့ 208g လေးတာကြောင့်အရမ်းပေါ့ပါး လှတဲ့ဖုန်း တစ်လုံးတော့ မဟုတ်ပါဘူး ။

အသံပိုင်းကတော့ Mi 10 Ultra ထက်ပိုကောင်းပြီး 1.2cc sound cavity အပြင် 0.5mm amplitude sound wave ကြောင့် Distortion မရှိသလို Harmon Kardon အသံစနစ်ကြောင့် အသံထွက်ကတော့ အကောင်းဆုံးအနေအထားမှာရှိနေပါတယ် ။ ဒါ့အပြင် DXO Audio Score မှာ 80မှတ်နဲ့ ထိပ်ဆုံးရထားသေးတယ်ဆိုတော့ ကျေနပ်စရာပါ။

Xiaomi အနေနဲ့ ဒီနေ့မှာ Mi 10 series ရဲ့နောက်ဆုံး တစ်လုံးအဖြစ် Mi 10S ကိုမိတ်ဆက်ပြသခဲ့ပါတယ် ။

Camera အတွက် 108MP Main + 13MP Ultra Wide ,+2MP depth ,+ 2MP macro Lens တို့ပေါင်းစပ်ထားတဲ့ Quad Camera Setup ကိုသုံးပေးထားပြီး ရှေ့ဖက်မှာတော့ 20MP selfie camera ကိုသုံးပေးထားပါတယ် ။

X -axis linear motor ကြောင့် Vibration Feedback ပိုကောင်းလာမှာဖြစ်သလိုsecurityအတွက် Indisplay Fingerprint scanner ပါ၀င်ပါတယ် ။ Batteryအတွက်

4780 Mah နဲ့ 30W + 30W Wireless +10W reverse charging စနစ်တို့ပါဝင်‌တာကြောင့် ပိုပြီးမြန်ဆန်စေပါတယ်။ဈေးနှုန်းအနေနဲ့ Ram Rom ပေါ်လိုက်ပြီး 720000 လောက်ကနေ 820000လောက်ထိ အသီးသီးကျသင့်မှာဖြစ်ပါတယ်။

Mi 10S ၏သတ်မှတ်ချက်များ

  • ၆.၆၇ လက်မ AMOLED မျက်နှာပြင်၊ Full HD + resolution၊ ၉၀ Hz ပြန်လည်နှုန်း၊ HDR10 + အထောက်အပံ့၊ Gorilla Glass 5
  • ဖန်သားပြင်ပေါ်တွင်လက်ဗွေစကင်ဖတ်စစ်ဆေးသည့်အာရုံခံကိရိယာ
  • Qualcomm Snapdragon 870 chipset၊ အမြင့်ဆုံးအမြန်နှုန်း 3.2 GHz
  • 8/12 GB LPDDR5 RAM
  • 0 သိုလှောင်မှု 128/256 GB
  • 20 megapixel ရှေ့ကင်မရာ
  • နောက်ကင်မရာ 108M pixels (အဓိက) + 8M pixels (Ultrawide) + 2M pixels (Macro) +2M pixels (အကွာအဝေးအာရုံခံစနစ်)
  • 33W ဖြင့်အားသွင်းနိုင်သည့်ဘက်ထရီ 4,780 mAh

Photo : Android Authority

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။